Tuesday, February 7, 2017

Nouns - နာမ်(၁)

Nouns - နာမ်

1) Countable noun = ရေတွက်၍ ရသောနာမ်

2) Uncountable noun = ရေတွက်၍ မရသောနာမ်

1)Countable noun

ရေတွက်၍ ရသောနာမ်များတွင် တစ်ခုကိန်းနှင့် အများကိန်း ဟူ၍ နှစ်မျိုးရှိသည်။

E.g

Singular noun              plural noun

a bag                             bags

Singular noun တို့ကို သူတို့ချည်း သုံး၍ျမရပါ။ the, that, a, my (determiner) နှင့်လည်းကောင်း၊ some, a few, lots of (quantifier ) နှင့်လည်းကောင်း ၊ one, two, three (numeral) နှင့်သော်လည်းကောင်း တွဲဖက်သုံးရသည်။

အသုံးပြုပုံ ဥပမာ

Determiner + noun the bag

Quantifier + noun some good thought

Numeral + noun two new bags

Plural forms အများကိန်း ပုံစံများ

တစ်ခုကိန်းကို အများကိန်း ပြောင်းလိုပါက မူလ noun ကို -s ထည့်ပေါင်းသည်။

E.g –     book - books

–ss; -ch; -s; -sh; -x နှင့်ဆုံးသည့်စကားလုံးများတွင် -es ထည့်ပေါင်းသည်။

E.g – watch - watches

noun တစ်ခုသည် y နှင့်ဆုံးလျှင် y ကိုဖြုတ်၍ -ies ပေါင်းပါ။

E.g - party - parties

noun တစ်ခုသည် f,fe နှင့်ဆုံးလျှင် f,fe ကိုဖြုတ်၍ -ves ပေါင်းပါ။

E.g - leaf - leaves

noun တစ်ခုသည် y ၏ ရှေ့တွင် vowel (သရ+ y) နှင့်ဆုံးလျှင် y ဖြုတ်စရာမလိုဘဲ -s သာ ရိုးရိုးပေါင်းပါ။

E.g - boy > boys

ခြွင်းချက်အနေဖြင့် irregular plurals (ပုံစံမမှန် အများကိန်း) တစ်ချို့ ရှိပါသည်။

တစ်ခုကိန်း       အများကိန်း

man                  men

woman             women

child                children

foot                  feet

person             people

mouse             mice

        Posted by - Rose Catherine 

No comments:

Post a Comment