Tuesday, February 28, 2017

ခွင့််မသာ (မင်းသုဝဏ်)မြန်မာ-အင်္ဂလိပ်

ခွင့််မသာ (မင်းသုဝဏ်)မြန်မာ-အင်္ဂလိပ်
▄▄▄▄▄▄
မကြင်သာသည် ၊ ခင်ပါလျက်လည်း
ပင်ထက်လျှံဝင်း ၊ ဇင်ငွေမင်းသို့
ကြူသင်း ဝေသီ မြင့်သောကြောင့် ...။

မတမ်းသာသည် ၊ လွမ်းပါလျက်လည်း
မိုးထက်ရောင်ဖုံး ၊ လ တနှုန်းသို့
ချိုပြုံး ဝေသီ မြင့်သောကြောင့် ...။

မခေါ်သာသည် ၊ မြော်ပါလျက်လည်း
တောင်ထက်ငွေသွေး ၊ နှင်းဖြူဖွေးသို့
ကြည်အေး ဝေသီ မြင့်သောကြောင့် ...။ ။
.

မင်းသုဝဏ်

(DISABILITY)

I fain would love
but that thou art
like orchids proud
earth-disdaining.

I fain would hope
but that thou art
like summit-snow
removed.

i fain would cry
but that thou like
the distant moon
with not hear.

ငါ့အဘိုးသည်

သံသယ - ကိုလေး (အင်းဝဂုဏ်ရည်)(အင်္ဂလိပ်-မြန်မာ)
▄▄▄▄▄▄▄▄▄▄
ငါ့အဘိုးသည်
ထိုးကွင်းမင်ကြောင်၊ ရုပ်တစ်ထောင်နှင့်။

အဘိုးသားသည်၊ ကျားက နှစ်ကောင်
ကြောင်ကနှစ်ကွင်း၊ တက်အဆင်းနှင့်။

ငါ့တွင်တစ်မူ၊ ပေါင်ဖြူဖြူကြောင့်
သူအိုဆံကျား၊ တစ်ချောင်းသွားနှင့်
ဘွားဘွား ချစ်မှ ချစ်ပါစ။

၁၉၆၄

DOUBT
---------
Ko Lay (Inva Gon-Yi)

My grandfather had a thousand pictures tattooed on his body.
His son had two tigers and two cats paired up and down.
Because I have only unmarked thighs
Will white-haired, toothless grandma not love me?

1964

ခေတ်ပေါ်မြန်မာကဗျာ / မြဇင် အင်္ဂလိပ်ဘာသာပြန်။
-ရန်ကုန်၊ ၁၉၉၇၊ဒုတိယအကြိမ်၊မြဝတီစာပေတိုက်။

Sunday, February 19, 2017

English speaking အမြန်တိုးတက်ဖို့

English speaking အမြန်တိုးတက်ဖို့ patternတွေကိုလိုက်ပြီးလေ့လာဖြစ်အောင်ment
သွားကြပါ

I can't resist +Ving(မလုပ်ဘဲ  မနေနိုင်)

I can't resist thinking about her every day
ငါနေ့တိုင်းသူ့အကြောင်းမတွေးဘဲကို မနေနိုင်ဘူး

Ican't resist drinking alcohol every day
ငါနေ့တိုင်းအရက်မသောက်ဘဲကို မနေနိုင်ဘူး

I can't resist having a meal three times per day
ငါတစ်နေ့ ထမင်းသုံးကြိမ်မစားဘဲ မနေနိုင်ဘူး

I can't resist playing the guitar before go to bed
ငါအိပ်ယာမဝင်ခင် ဂီတာမတီးရရင်မနေနိုင်ဘူး

Mya Mya can't resist gossiping about other
မြမြဟာ သူများအကြောင်းကို အတင်းအဖျင်းမပြောဘဲ
မနေနိုင်ဘူး

I can't resist loving you in my heart
ငါ့နှလုံးသားထဲမှာတော့ မင်းကို မချစ်ဘဲကိုမနေနိုင်ဘူး

ထိုနည်းတူစွာ အစားထိုးဆင့်ပွားနိုင်ပါတယ်
Crd#UAG

Verb To Be အကျဉ်းချုပ်

Verb To Be တခန်းလုံးကိုမှတ်မိလွယ်အောင်Are you ဖြင့် သုံးသပ်ပြထားပါသည်။

ကျွန်တော် အင်္ဂလိပ်စာစလေ့လာချိန်က မှတ်မိလွယ်အောင် ကြံဖန်ထွင်လေ့ရှိခဲ့ပါတယ် ဖတ်ကြည့်ကြပေါ့ဗျာ အကျိုးတကယ်ရှိလိမ့်မယ်မျှော်လင့်ပါတယ်။

Verb To Be အကျဉ်းချုပ်
~~~~~~~~~~~~~
I>amပစ္စုပ္ပန်>wasအတိတ်>will beအနာဂတ်
She,He,It,အနည်း>is>was>will be
You,They,We,အများ>are>were>will be

ဒီနေ့Are you ကိုအဓိက ထား၍သုံးပြသွားပါမည်ကျန်တာကိုယ့်ဘာသာလေ့ကျင့်ပါ
Are youကို၆မျိုးနဲ့တွဲသုံးပြပါမယ်အဲ့တိ၆မျိုးကတော့
1.Are you+ Noun
2.Are you+Adj
3Are you+Phrase
4.Are you+Adv
5.Are you+V3
6.Are you+Vingတို့ဖြစ်ပြီး
အဖြေကတော့ ဟုတ်တယ်ဆိုYes,I am+၆မျိုး
                          မဟုတ်ဘူး ဆို No,I am not+၆မျိုး
1.Are you +Noun
*******************
1.Are you a student?
2.Are you American?ခင်ဗျား အမေရိကန်လား
3.Are you Chinese? ခင်ဗျား တရုတ် လူမျိုး လား
4.Are you Tun Tun?ခင်ဗျား ထွန်းထွန်းလား
5.Are you Korean? ခင်ဗျား ကိုးရီးယားလူမျိုးလား
6.Are you Japanese? ခင်ဗျား ဂျပန်လူမျိုးလား

7.Are you a lawyer? ခင်ဗျား ရှေ့နေလား
Yes,I am a lawyer.
No,I am not a lawyer.
အတိုကောက်Yes,I am.\No,I am not.

2.Are you+Adj
****************
1.Are you free?မင်းအားလား
2.Are you happy?ပျော်လား
3.Are you bored? ပျင်းလား
4.Are you excited? စိတ်လှုပ်ရှား လား
5.Are you sure?သေချာလား
6.Are you tired?မောလား
7.Are you OK?OKလား(နေရာတိုင်းမသုံးပါနဲ့ တကယ်အဆင်မပြေတဲ့သူကိုမှ မေးပါ/ရိုးရိုးအဆင်ပြေလားမေးချင်ရင် Are you alright? သုံးပါ)

8.Are you ready? အဆင်သင့် ဖြစ်ပြီလား
Yes,I am ready.
No,I am not ready.

3.Are you+Phrase
********************
1.Are you at the mall?မင်းကုန်တိုက်မှာလား
2.Are you on the beach?မင်းကမ်းခြေမှာလား
3.Are you on the bus?မင်းဘတ်စ်ကားပေါ်မှာလား
4.Are you on the train?ရထားပေါ်မှာလား
5.Are you in the park?ပန်းခြံထဲမှာလား
7.Are you in the class?ကလပ်စ်မှာလား
8.Are you in Singapore now?အခုမင်းစင်္ကပူမှာလား
9.Are you at home?အခန်းမှာလား

10.Are you at work?အလုပ်မှာလား
Yes,I am at work.
No,I am not at work.

4.Are you +Adv
*****************
1.Are you over there?မင်းဟိုးမှာလား
2.Are you here?မင်းဒီမှာလား
3.Are you near here?ဒီနားမှာလား
4.Are you around here?ဒီနားတဝိုက်မှာလား
5.Are you outside? အပြင်မှာလား

6.Are you inside? မင်းအထဲမှာလား
Yes,I am inside.
No,I am not inside.

5.Are you+V3
***************
1.Are you shocked? လန့်သွားလား
2.Are you surprised? အံ့ဩသွားလား
ဒီနေရာမှာ passive voice ဖြစ်တဲ့အတွက်အတိတ်နဲ့သုံးရင်ပိုသင့်တော်မယ်ထင်ပါတယ်

6.Are you+Ving
*****************
1.Are you working now?အခုအလုပ်လုပ်နေတာလား
2.Are you watching TV?TVကြည့်နေတာလား
3.Are you using Internet? အင်တာနက်သုံးနေတာလား
4.Are you playing football? ဘောလုံးကစားနေတာလား
5.Are you having dinner?dinner စားနေတာလား
6.Are you taking a rest?မင်းအနားယူနေတာလား
7.Are you going for a walk? လမ်းလျှောက်ထွက်နေတာလား
8.Are you taking a bath?ရေချိုးနေတာလား
9.Are you going shopping?shoppingထွက်နေတာလား
10.Are you cooking?ချက်ပြုတ်နေတာလား

11.Are you playing the guitar?မင်းဂစ်တာတီးနေတာလား
Yes,I am playing the guitar.
No,I am not playing the guitar.

နောက်WH မေးခွန်းများဖြင့်လေ့ကျင့်ပေးပါ
How are you?နေကောင်းလား
How much is this?ဒါဘယ်လောက်လဲ
How much is that?အဲ့တာဘယ်လောက်လဲ
How beautiful you are!တယ်လှပါလား female
How handsome you are!တယ်ခန့်ပါလား male
How far is it?ဘယ်လောက်ဝေးလဲ
How long will you be staying here?ဒီမှာဘယ်လောက်ကြာကြာတည်းမှာလဲ
What a fool you are!တယ်မိုက်ပါလား
What are you doing? ဘာလုပ်နေလဲ
What type of computer are you using? ဘာကွန်ပျူတာအသုံးပြုနေတာလဲ
Why are you not happy?
Why are you unhappy?ဘာကြောင့်မပျော်တာလဲ
What time is it?ဘယ်အချိန်ရှိပြီ လဲ
What nationality are you?ဘာလူမျိုးလဲ
Where are you from?ဘယ်ကလဲ (အရမ်းအသုံးများသောစကား)
Where are you going? ဘယ်သွားမလို့လဲ
Where are you now?အခုဘယ်မှာလဲ
Are you better? သက်သာလား
Are you satisfied? စိတ်တိုင်းကျရဲ့လား
Which movie are you up for?ဘယ်ကားကြည့်ချင်တာလဲ
မှတ်ချက်     Are you up for+N ချင်သည်

မေတ္တာဖြင့်<>

YDS အခြေခံအင်္ဂလိပ်စကားပြောသင်တန်း
ဖိကစင် ၅၂ ဘန်းခဲ ဘန်ကောက်။

Friday, February 17, 2017

put on airs ပဲများသည်

put on airs
ပဲများသည်

trying on food
စားကြည့်မြီးကြည့်ပါလား

trying on clothes
စမ်းဝတ်ကြည့်ပါ့လား

wear=put on

gave up the ghost
သုံးစားမရအောင်ပျက်ဆီးသည်

my head is killing me=I've got a headache

surprised check
ရုတ်တရက်စစ်ဆေးသည်(ငယ်ဘဝကစက်ပလိုင်းဂျပ်ထင်နေတာ😃😃)

stand in a queue
တန်းစီသည်

stop talking like my father
ငါ့ကိုအဖေလာမလုပ်နဲ့

visit a patient
လူမမာမေးသည်

I'm in a big trouble!

Friend 1: I'm in a big trouble!
Friend 1:ငါ​တော့ဒုက္ခကြီးကြီး​ရောက်​ပါပီကွာ

Friend 2: Why is that?
Friend 2: ဘာ​လို့လဲကွ

Friend 1: I saw a mouse in my house!
သယ်​ချင်း၁း ငါ ငါ့အိမ်​ထဲမာကြွက်​တစ်​​ကောင်​မြင်​ခဲ့တယ်​ကွ

Friend 2: Oh, well, all you need to do is use a trap.
သယ်​ချင်း၂:oh ​ကေါင်းပီ  မင်းလုပ်​ရမာက​​တော့ ​ထောင်​​ချောက်​ တစ်​ခုကိုသုံးရမယ်

Friend 1: I don't have one.
သယ်​ချင်း၁:ငါ့မာ မရှိဘူး

Friend 2: Well then, buy one.
သယ်​ချင်း၂:​ကောင်းပီ ဒါဆို​ ​ထောင်​​ချောက်​ တစ်​ခုဝယ်​လိုက်

Friend 1: Can't afford one.

သယ်​ချင်း၁:​ထောင်​​ချောက်​ တစ်​ခုဝယ်​ဖို့မတတ်​နိုင်​ဘူးပါဘူးကွာ
Friend 2: I can give you mine if you want.
သယ်​ချင်း၂:မင်းလိုချင်​ရင်​ငါ့ဟာကို​ပေးမယ်​​လေ

Friend 1: That sounds good.
သယ်​ချင်း၁:အဲ့ဒါ​ကောင်းတယ်

Friend 2: All you need to do is just use some cheese in order to make the mouse come to the trap.
သယ်​ချင်း၂:မင်းလုပ်​ရမာက​​တော့ ကြွက်​​တွေ​ထောင်​​ချောက်​စီကိုလာဖိုအတွက့် ချိစ့်​အချို့ကိုသုံးရုံပဲ

Friend 1: I don't have any cheese.
သယ်​ချင်း၁:ငါ့မာ ချိစ့်​ နည်းနည်းပါးပါး ​တောင်​မရှိဘူး

Friend 2: Okay then, take a piece of bread and put a bit of oil in it and put it in the trap.
သယ်​ချင်း၂: အို​ကေဒါဆို ​ပေါင်​မုန့်​ တစ်​စ​လောက်​ယူ ဆီနည်းနည်းကို​ထည့်​ ပီးရင်​ အဲ့ဒါကို​ထောင်​​ချောက်​ထဲမာထားလိုက်

Friend 1: I don't have oil.
သယ်​ချင်း၁:ငါ့မာဆီမရှိဘူး

Friend 2: Well, then put only a small piece of bread.
သယ်​ချင်း၂:​ကောင်းပီ ဒါဆို ​ပေါင်​မုန့်​အပိုင်းအစ​သေး​သေး​လေးတခုကိုပဲထားလိုက်

Friend 1: I don't have bread.
သယ်​ချင်း၁: ငါ့မာ​ပေါင်​မုန့်​မရှိဘူး

Friend 2: Then what the hell is that mouse doing at your house???
သယ်​ချင်း၂: ဒါဆို အဲ့ဒီ​ကြွက်​​တေက မင်းအိမ်​မာ ဘာ​သောက်​လုပ်​​တေလာလုပ်​​နေကြတာလဲကွ???

Tuesday, February 14, 2017

2)Pronoun=နာမ်စား

2)Pronoun=နာမ်စား
      နာမ်ပုဒ်တစ်ပုဒ်ကို ထပ်ကာထပ်ကာမသုံးလို၍  ပထမသုံးပြီးသော နာမ်ပုဒ်၏ အစား အသုံးပြုသောပုဒ်ကို Pronoun=နာမ်စား ဟုခေါ်သည်။

1)Personal Pronoun=ပုဂ္ဂိုလ်ပြနာမ်စား
  Sub                                  obj
I=ငါသည်။                          me=ငါ့ကို။
we=ကျွန်တော်/မတို့သည်။ us=ကျွန်တော်/မတို့ကို။
you=သင်/တို့သည်။          you=သင်/တို့ကို။
he=သူသည်။                      him=သူ့ကို။
she=သူမသည်။                 her=သူမကို။
They=သူတို့/မတို့သည်။    Them=သူတို့/မတို့ကို။
it=၄င်းသည် ထိုအရာသည်။ it=၄င်းကို ထိုအရာကို။

2)Demonstrative Pronoun=ညွှန်းပြနာမ်စား
This =ဤဟာ ဤအရာ ဤသူ။
That=ထိုဟာ  ထိုအရာ ထိုသူ။
These=ဤဟာများ ဤအရာများ ဤသူများ။
Those=ထိုဟာများ ထိုအရာများ ထိုသူများ။

3)Indefinite Pronoun=သာမညနာမ်စား
some=အချို့။
few = အနည်းငယ်။
none=ဘာမှမဟုတ်။
such=ထိုကဲ့သို့သောဟာ။
many=များစွာသောအရာ။
any=အချို့။
other=အခြားတစ်ခု။
others=အခြားဟာများ။

4)Distributive Pronoun=ခွဲဝေနာမ်စား
Either =တစ်ခုခု။
Neither =တစ်ခုမှမဟုတ်။

5)Possessive Pronoun=ပိုင်ရှင်နာမ်စား
mine =ကျွန်ုပ်၏ဟာ/များ
Ours=ကျွန်ုပ်တို၏ဟာ/များ
yours =သင်၏ဟာ/များ
his =သူ၏ဟာ/များ
hers=သူမ၏ဟာ/များ
theirs=၄င်းတို့၏ဟာ/များ
its =၄င်း၏ဟာ /များ

6)Reflective and Emphatic Pronoun
   ကိုယ်တိုင်ခံ နှင့် လေးနက်နာမ်စား
Myself=ကျွန်ုပ်ကိုကျွန်ုပ်/ကျွန်ုပ်ကိုယ်တိုင်
Ourselves =ငါတို့ကိုငါတို့/ငါတို့ကိုယ်တိုင်
Yourselves =သင်တို့ကိုသင်တို့/သင်တို့ကိုယ်တိုင်
Yourself =သင်တို့ကိုသင်တို့/သင်တို့ကိုယ်တိုင်
Himself=သူ့ကိုယ်သူ/သူကိုယ်တိုင်
Herself=သူမကိုသူမ/သူမကိုယ်တိုင်
Themselves= သူ/သူမတို့ကိုသူတို့/သူ/သူမတို့ကိုယ်တိုင်
Itself= ၄င်းကို၎င်း/၄င်းကိုယ်တိုင်
<<မှတ်ချက်>>
    အထက်ပါ (2/3/4)တွင်ပြထားသော နာမ်စားပုဒ်များကို ၄င်းတို့ချည်းသက်သက်သုံးလျှင် နာမ်စားဖြစ်၍ ၄င်းတို့နောက်ကနာမ်ပုဒ်ပါသောအခါ Adjective=နာမဝိသေသနဖြစ်သွားကြ၏။
exam:This is my book.(နာမ်စား)
            This book is mine. (နာမဝိသေသန)
Relative Pronoun=ပုဒ်ဆက်နာမ်စားနှင့် Interrogative Pronoun=ပုစ္ဆာနာမ်စားများအကြောင်းကို အသုံးပြုပုံနှင့်တကွ သက်ဆိုင်ရာ အခန်းရောက်မှပြပါမယ်။
ူ  
Online Learn English Grammar.

Wednesday, February 8, 2017

Kind of Noun(နာမ်အမျိုးအစား)

Kind of Noun(နာမ်အမျိုးအစား)
1.Proper Noun(ကိုယ်ပိုင်နာမ်)
2.Common Noun(အများဆိုင်နာမ်)
3.Collective Noun(သမူဟနာမ်=အစုပြနာမ်)
4.Abstract Noun(စိတ္တဇနာမ်)

1.Proper Noun(ကိုယ်ပိုင်နာမ်)
လူ။တိရစ္ဆာန်။နေရာအရပ်ဒေသတွေရဲ့ကိုယ်ပိုင်အမည်ကို
Proper Noun(ကိုယ်ပိုင်နာမ်)ဟုခေါ်သည်။
eg.Zaw Zaw      =ဇော်ဇော်
     Mandalay     =မန္တလေး
     Myanmar      =မြန်မာ
     Ayeyarwady  =ဧရာဝတီ
2.Common Noun(အများဆိုင်နာမ်)
တစ်စုံတစ်ယောပ်နှင့်သာမကဘဲအများနှင့်ဆိုင်တဲ့အမည်ကိုCommon Noun (အများဆိုင်နာမ်)ဟုခေါ်သည်။
eg.town      =မြို့
     farmer    =လယ်သမား
     school    =ကျောင်း
     river        =မြစ်
     flower     =ပန်း
3.Collective Noun(သမူဟနာမ်=အစုပြနာမ်)
လူ။တိရစ္ဆာန်။အရာဝတ္ထုတု့ကိုမျိုးတူအလိုက်တစ်စုတစ်ဝေးအစုအပေါင်းကိုဖော်ပြတဲ့အမည်ကိုCollectiveNoun (အစုပြနာမ်)ဟုခေါ်သည်။
eg.team      =အသင်း
     army      =စစ်တပ်
     family     =မိသားစု
     crowd    =လူအုပ်
     nation    =နိုင်ငံ
4.Abstract Noun(စိတ္တဇနာမ်)
အကောင်အထည်မရှိတဲ့။မမြင်ရတဲ့နာမ်ကိုAbstract Noun(စိတ္တစနာမ်)ဟုခေါ်သည်
eg.beautiful    =အလှအပ
     happiness =ဝမ်းမြောက်ခြင်း
     music        =ဂီတ
     chilhood    =ငယ်စဉ်ကလေးဘဝ
     honesty     =ရိုးသားမှု
(အခြေခံမှလေ့လာလိုသူများအတွက်လွယ်ကူတဲ့စာသားများဖြစ်ပါတယ်။ဆရာ။ဆရာမများအနေဖြင့်လည်းကလေးများကိုအခြေခံကျသင်ပြပေးနိုင်ရန်နှင့်အသုံးဝင်ရန်မျှော်လင့်မိပါတယ်။)

Exercise(1)-Pick out(ရွေးထုပ်ပါ)the Proper Noun in the following sentences.
1.Daw Phyu Phyu is a teacher.
2.He live in Mandalay.
3.Su Su is my sister.
4.Mu Mu is doing her homework.
5.The No(1)State Middle School,Bahan
is our school.
6.Aung Net is my pet dog.
7.Aye Aye is their daughter
8.We live in Pagoda Street.
9.I have never been to Japan.
10.Kyaw Kyaw is doing problem.

Exercise(2)-Pick out the Common Noun in the following Sentense.
1.Daw Hla is our teacher.
2.Aung Aung is solving a problem.
3.She is in the classroom.
4.Cows eat grass.
5.Do you like ice-cream?
6.They are flowers.
7.Daw Khin Khin is my aunt.
8.She has a pencil.
9. Their father is reading a journal.
10.Girl Like to play football.

Exercise(3)Pick out the Collection Noun in the following sentences.
1.Mother bought a pair of slippers from the market.
2.Father earns money for the family.
3.Our team won the match.
4.I saw a head of cattle in the forest.
5.The committee will decide the case.

Exercise(4)Pick out the Abstract Noun in the following sentences.
1.Women love beauty.
2.We learn English.
3.You should not tell a lie.
4.Mu Mu is doing her homework.
5.Honesty is the best policy.
6.The advice that he gave me is valuable.
(နောက်တစ်ကြိမ်တွင်Countable Noun နှင့်UncountableNounကိုအသေးစိတ်ရှင်းပြပြီးလေ့ကျင့်ခန်းနှင့်တကွတင်ပြပေးပါမည်။)
    Credit to ဆရာမဒေါ်ခင်ပပ(ရန်ကုန်တက္ကသိုလ်)
                           ကျေးဇူးတင်ပါသည်။

Common noun & Proper noun


#Common noun & Proper noun

***လူ၊ အရာဝတ္ထု၊ တိရစ္ဆာန်၊ နေရာ အမျိုးမျိုးတို့ရဲ့ အမည်တွေကို " Common noun { အများဆိုင်နာမ် }လို့ ခေါ်တယ်။***

ဥပမာ*** Politician- နိုင်ငံရေးသမား
           Dentist   - သွားဆရာဝန်
           Coach    - နည်းပြ ဆရာ
           Nurse     - သူနာပြု
           University- တက္ကသိုလ်
           Theatre   - ဇာတ်ရုံ
          

***လူ, နေ့, လ, နေရာ, နိုင်ငံ, မြို့တော် စသည်တွေကို
သီးခြားပေးထားတဲ့ နာမည်တွေကိုတော့ Proper noun
{ ကိုယ်ပိုင်နာမ် } လို့ ခေါ်ပါတယ်။

ဥပမာ*** Shakira   - ရှာကီရာ
           Sunday  - တနင်္ဂနွေနေ့
          December- ဒီဇင်ဘာလ
          France     - ပြင်သစ်နိုင်ငံ
       
* ဒီနေရာမှာ {Proper noun} ကို အနည်းငယ်
ခွဲပြားအောင် ရှင်းပြလိုပါတယ်
မြန်မာပြည်မှာ စေတီတွေ အများကြီး ရှိပါတယ် ဒါပေမဲ့
ရွှေတိဂုံ စေတီကတော့ တစ်ဆူတည်းပါပဲ။
ကမ္ဘာပေါ်မှာ နိုင်ငံတွေ အများကြီး ရှိပေမဲ့ မြန်မာနိုင်ငံ ဆိုတာလည်း တစ်နိုင်ငံတည်းပါ
အဲဒါကြောင့် ရွှေတိဂုံ ဘုရားလို့ ပြောလိုက်ရင်
*proper noun* { ကိုယ်ပိုင်နာမ် }ပါ ရွှေတိဂုံ တစ်ဆူတည်းနဲ့
သာ ဆိုင်တာမို့လို့ပါ
ဒါပေမဲ့ ရွှေတိဂုံ လို့ မထည့်ပဲ * ဘုရား* pagoda လို့ သာမည ပြောလိုက်ရင် * Common noun { အများဆိုင်နာမ် } ဖြစ်သွားပါမယ်။

pagoda, country, car, beach, friend

အမျိုးတူ နာမ်တွေ အများကြီး ရှိပြီး အများနဲ့ သက်ဆိုင်တာမို့
လို့ Common noun ဖြစ်ပါတယ်။
* Common noun ကို အမြဲတမ်း { Small Letter }
စာလုံး အသေးနဲ့ ရေးရတယ်လို့ တချက်မှတ်ထားခဲ့ပါ။

Exercise***
ကျွန်တော် ပေးထားတဲ့ ဝါကျများကို လေ့ကျင့်ကြည့်ပါ
ပေးထားသော ဝါကျများထဲမှ Proper noun မျာကို
အစ စာလုံး အကြီးဖြင့် ရေးပြီး Common noun များကို
စာလုံးဖြင့် ပြန်ပြောင်းကြည့်ပါ။
e.g…
Our teacher, daw myint myint, lives in insein road.
Our teacher, Daw Myint Myint, lives in Insein Road.

(1)He went to japan in august.

(2)They sailed to hong kong on the sittway.

(3)His uncle, u aung ko came back from the who.

(4)He visited Naypyitaw, inlay and mandalay.

(5)Singarpore is the most developed country in south east asia.

(6)They haven't been to the mahamuni pagoda in mandalay.

(7)My firend, san htay, works in south korea.

(8)Mg mg and i are good friends still
my childhood.

(9)Hla hla is the most beauitful all of my friend.

(10) We went to see a film at thamada cinema.

Go and see

https://m.facebook.com/groups/1453774208271497?view=permalink&id=1713606568954925

      မေတ္တာ စေတနာဖြင့်  M W Z

Nouns (Kinds of Noun) (1)Proper Noun (ကိုယ်ပိုင်နာမ်)

Nouns (Kinds of Noun)
(1)Proper Noun (ကိုယ်ပိုင်နာမ်)
တစ်ခု တစ်ယောက်စသူ၏အမည်နာမပညတ်ချက်ကိုဖော်ပြသည့်နာမ်ဖြစ်သည်။
Eg. Mg Mg, Mya Mya, Yangon , Mandalay

(2) Common Noun ( အများဆိုင်နာမ်)
ယေဘုယျဘုံသတ်မှတ်သောနာမ်များဖြစ်သည်။ အများနှင့်ဆိုင်သည်ဟုဆိုနိုင်သောနာမ်အားလုံးအကျုံးဝင်သည်။
Eg. Man, Women, dog, cow, citizen, people ,

(3) Collective Noun ( သမူဟနာမ်)
အပေါင်းအစုသဘောကိုဆောင်သည့်နာမ်ပင်ဖြစ်သည်။ အသင်းအပင်း ကော်မတီ စသည့်အစုတစ်ခုကိုဖော်ပြသည်။
Eg. Army, pair, team, committee, party

(4)Abstract Noun (စိတ္တဇနာမ်)
ကိုင်တွယ်ကြည့်ရှု့တိုင်းတာမရသော ဖော်ပြနိုင်သည့်နာမ်အမျိုးအစားပင်ဖြစ်သည်။
Eg. Happiness, sadness, love, laziness, leisure, friendship, childhood, manhood, softness, height, length,

(5)Compound Noun (ပေါင်းစပ်နာမ်)
ပေါင်းစပ်ဖွဲ့စည်းခြင်းဖြင့်ဖြစ်ပေါ်လာသည့်နာမ်အမျိုးအစားဖြစ်သည်။
Eg. Policeman ( police + man), bus driver

(6) Material Noun (ဒဗ္ဗနာမ်)
Eg. Water, air, earth, mud, sand, wood, chalk,cotton, cloth, plastic, metal, gold, silver ,tea , etc

Formation of Adverb from Adjective နာမဝိသေသနမှ ကြိယာဝိသေသနသို့ပြောင်းလဲနည်း

Formation of Adverb from Adjective
နာမဝိသေသနမှ ကြိယာဝိသေသနသို့ပြောင်းလဲနည်း
===========================
Adjective (နာမဝိသေသန)များကို Adverb (ကြိယာဝိသေသန) အဖြစ်ပြောင်းရန်အတွက် အောက်ဖော်ပြပါ နည်းလမ်း အတိုင်း ပြောင်းလဲနိုင်သည်။
http://kyaukroevillage.blogspot.com/2014/10/formation-of-adverb-from-adjective.html

၂။ since as conjunction

၂။ since as conjunction
==============
ပြီးခဲ့တဲ့ ပထမပိုင်းမှာ since ကို preposition, conjunction နဲ့ adverb အနေနဲ့ ဝါကျတွေမှာ သုံးတဲ့အကြောင်းပြောပြီး preposition အနေနဲ့ အသုံးပြုပုံတွေကို ရေးခဲ့ပါတယ်။ ခုဆက်ပြီး conjunction (သမ္ဗန္ဓ) အနေနဲ့ သုံးတဲ့ အကြောင်း တင်ပြသွားပါမယ်။

Conjunction အနေနဲ့ since ကို သုံးတဲ့ အခါမှာ Main clause နဲ့ subordinate clause နှစ်ခုကို ဆက်သွယ်ပေးတဲ့ သမ္ဗန္ဓအနေနဲ့ အသုံးပြုပါတယ်။ အဲဒီလို သုံးတဲ့အခါမှာ "အချိန်ပြ since" နဲ့ "အကြောင်းပြ since" ဆိုပြီး နှစ်မျိုး တွေ့နိုင်ပါတယ်။

၂ (က)။ အချိန်ပြ since
=============

Subordinate clause (since နဲ့စတဲ့ clause) ရဲ့ကြိယာဟာ အတိတ်ကာလရဲ့ အဖြစ်အပျက့်ကို ဖေါ်ပြမယ်။ အဲဒါကို since နဲ့ဆက်လိုက်တော့ "ဖြစ်ပျက်ခဲ့တဲ့အချိန် ကတည်းက" လို့ အချိန်ပြ အနေနဲ့ အသုံးပြုတဲ့အတွက် ကျွန်တော်က "အချိန်ပြ since" လို့ ခေါ်တာပါ။

ဒီလို since ကို အချိန်ပြ အနေနဲ့သုံးတဲ့အခါ ပထမပိုင်း (since as preposition) မှာ ဖေါ်ပြခဲ့တဲ့ အသုံးနဲ့ တူပါတယ်။ Main clause ကို perfect tense (simple or continuous) နဲ့ဖေါ်ပြပြီး subordinate clause ကိုတော့ present perfect ဒါမှမဟုတ် simple past tense တွေနဲ့ တွေ့နိုင်ပါတယ်။

ဥပမာ -
-I have been studying since you left.
  သင်ထွက်သွားပြီးကတည်းက ကျွန်တော်စာကြည့်နေခဲ့သည်။

- I have been studying - ကျွန်တော် စာကြည့်နေခဲ့သည် - (main clause)

- you left - သင်ထွက်သွားခဲ့သည်။ - (subordinate clause)


-She had been doing her homework since she came back from school.
သူမ ကျောင်းမှ ပြန်ရောက်လာကတည်းက အိမ်စာလုပ်နေခဲ့သည်။

- I have loved you since I first met you.
  မင်းနဲ့ ပထမ တွေ့ဆုံခဲ့ရကတည်းက ချစ်ခဲ့ပါသည်။

- Google has banned 200 publishers since it passed a new policy against fake news.
မမှန်မကန်သတင်းနှင့်ပါတ်သက်ပြီး မူဝါဒအသစ် ချမှတ်ပြီးကတည်းက Google သည် သတင်းထုတ်ဝေသူ ၂၀၀ ကို ပိတ်ပင်ပြီးဖြစ်သည်၊
Ref.:-
[Townsend, T. (2017, January 25). "Google has banned 200 publishers since it passed a new policy against fake news". http://www.recode.net/2017/1/25/14375750/google-adsense-advertisers-publishers-fake-news]

၂ (ခ)။ အကြောင်းပြ since
==============

Clause နှစ်ခုထဲက since clause ဟာ main clause ကြိယာရဲ့အကြောင်းခံ (cause or reason) ဖြစ်ကြောင်း ပြောဆိုတဲ့အခါမှာ since ဟာ because နဲ့ အဓိပ္ပါယ် ဆင်တူပါတယ်။ ဒီလို ကျိုးကြောင်းပြသမ္ဗန္ဓ အနေနဲ့ သုံးတဲ့ အခါမှာ since clause ကို ရှေ့မှာထားလေ့ရှိပါတယ်။


ဥပမာ -

-Since you all are here, I am announcing my good news.
မင်းတို့အားလုံး ဒီမှာရှိနေပြီဆိုတော့ ငါ့သတင်းကောင်းကို ကြေညာလိုက်တော့မယ်။

အထက်က ဝါကျဟာ - I am announcing my good news because you all are here ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒီလို သုံးတဲ့ အကြောင်းပြ since မှာ perfect tense တွေနဲ့ သုံးစရာမလိုပါ။

- Since he cheated, his girlfriend left him.
  သူဖေါက်ပြန်လို့ သူ့ချစ်သူက သူ့ကို ထားခဲ့တယ်။

- But, since you have always treated me with a peculiar and undeserved tenderness; since I know how much you are interested in whatever concerns me, far above the common feelings of a parent; since you have kindly desired me to look upon you rather in the light of a friend than a father; I think it is my duty, without reserve, to disclose to you the whole state of my mind;...

သူမတူသော၊ ကျွနုပ်နှင့် မထိုက်တန်သော ယုယမှုများနှင့် သင် ကျွနုပ်ကို အမြဲပြုစုခဲ့ပေသည်။ ကျွနုပ်နှင့်ပတ်သက်သော အရာ မှန်သမျှကို အသင်သည် မိဘတစ်ဦး၏ ထားရှိနေကျစိတ်ဆန္ဒ၏ တဖက်ကမ်းတိုင် စိတ်ဝင်စားပေးခဲ့သည်ကို ကျွနုပ်သိပါ၏။ အဖေတစ်ဦး ဆိုသည်ထက် သူငယ်ချင်းတဦးအမြင်ဖြင့် သင်၏အပေါ် ကြည့်မြင်ဘို့ ကြင်နာစွာဖြင့်ဆန္ဒရှိခဲ့သည်။ ဤအရာများအားလုံးကို စဉ်းစားသော် ကျွနုပ်၏ စိတ်စေတသိက် အလုံးစုံအား သင့်ထံသို့  ဖွင့်ဟဝန်ချရန်မှာ ကျွန်ုပ်၏ အကြွင်းမဲ့ တာဝန်တရပ်ဟု မှတ်ယူပါသည်။
Ref.:-
[ Venn, H..(1854). "The Life and a Selection from the Letters of the Late Rev. Henry Venn, M.A." New York. NY: Stanford and Swords, Church Publishing House. p. 252 ]


၃။ ကြိယာဝိသေသန since
===============

နောက်ဆုံးတစ်ခုကတော့ adverb (ကြိယာဝိသေသန)  အနေနဲ့ သုံးတဲ့ ပုံစံတွေဘဲဖြစ်ပါတယ်။

Since/since then/ever since ဆိုပြီး ကြိယာဝိသေသန အနေနဲ့ သုံးတဲ့အခါ အဲဒီကတည်းက ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးပါတယ်။

ဥပမာ -

- She ran away with her boyfriend three months ago and we haven't heard from her since.
လွန်ခဲ့တဲ့သုံးလတုန်းက သူ့ရည်းစားနဲ့ ထွက်ပြေးသွားတယ်။ အဲဒီကတည်းက သူ့ဆီက ဘာမှမကြားရတော့တာပါဘဲ။

- They met in a dancing party and they have been together since then.
သူတို့ အကပါတီတစ်ခုမှာ ဆုံခဲ့ကြတယ်။ အဲဒီကတည်းက အတူတွဲနေခဲ့ကြတာဘဲ။

ဒီလောက်ဆိုရင် Since အကြောင်းကို တော်တော်လေး ခြုံငုံမိလောက်ပြီလို့ ထင်ပါတယ်။

ဦးကချင်

2017/1/30

Adjective ကို ဘယ်နေရာမှာ ထားကြမလဲ?

Adjective ကို ဘယ်နေရာမှာ ထားကြမလဲ?
=======================

Noun ကို အထူးပြုတဲ့စကားလုံးကို Adjective လို့ခေါ်မှန်း သိပြီးရောပေါ့နော်။ အဲဒီ Adjective ကို ဘယ်နေရာမှာ ထားကြမလဲ။

♥ Adjective အများစုကို  ဝါကျတစ်ကြောင်းထဲက နေရာနှစ်မျိုးမှာ ထားလေ့ရှိတယ်။ ဒီပုံစံပေါ့။
◊ Adjective + Noun
◊ Subject + Linking verb (be, seem, look, etc.) + Adjective

အသေးစိတ် ကြည့်ကြမယ်နော်။

✒ 1. Noun (နာမ်) ရဲ့ရှေ့မှာ

1.1 The NEW secretary doesn’t like me.
အတွင်းရေးမှူးအသစ်က ငါ့ကို သဘောမကျဘူး။
1.2 She married a RICH businessman.
သူက ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။

✒ 2. Linking verb (ချိတ်ဆက်ပေးတဲ့ကြိယာတွေ- be, seem, look, appear, feel နဲ့ တခြားကြိယာတွေ) နောက်မှာ

2.1 That dress is NEW, isn’t it?
ဒီဝတ်စုံက အသစ်။ ဟုတ်တယ်မဟုတ်လား။
2.2 He looks RICH.
သူက ချမ်းသာတဲ့ပုံပဲ။

ဟုတ်ပြီ။ ဒါဆို adjective တိုင်းကို noun ရှေ့၊ verb အနောက် ထားလို့ရလား။ မရပါဘူး။

♥ တချို့ adjective တွေက noun ရှေ့မှာ သုံးနိုင်တယ်။ ဒါပေမဲ့ verb အနောက်မှာ သုံးလေ့မရှိဘူး။

ဥပမာ-
elder, eldest, little
Verb နောက်မှာ သုံးချင်ရင် older, oldest, small ဒါတွေ သုံးရတယ်။
အခု older, oldest နဲ့ elder, eldest ဘာကွာလဲ ဆိုတာပါ ဂရုပြုကြည့်ပေါ့။

1. My ELDER brother lives in Yangon.
ငါ့အစ်ကို ရန်ကုန်မှာနေတယ်။ (အောက်က စာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ)
2. He’s three years OLDER than me.
သူက ငါ့ထက် သုံးနှစ် အသက်ပိုကြီးတယ်။

♥ တချို့ adjective တွေကျပြန်တော့ verb အနောက်မှာပဲ ထားလို့ရတယ်။ noun ရှေ့မှာ သုံးလို့ မရပြန်ဘူး။
အတွေ့ရများတဲ့ စကားလုံးတွေကတော့
ill (နေမကောင်းသော),
well (နေကောင်းသော),
afraid (ကြောက်ရွံ့သော),
alive (အသက်ရှင်သော),
alone (တစ်ဦးတည်းဖြစ်သော),
asleep (အိပ်ပျော်သော)

Noun ရှေ့မှာ သုံးချင်ရင် sick, healthy, frightened, living, alone, sleeping ဒီစကားလုံးတွေ သုံးရတယ်။
ဝါကျတွေကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါ။

1.1 He looks ILL.
သူ နေမကောင်းတဲ့ပုံပဲ။
1.2 He’s a SICK man.
သူက နေမကောင်းတဲ့သူပါ။
2.1 Your mother is very WELL.
မင်းရဲ့အမေ သိပ်ကျန်းမာရေးကောင်းတယ်။
2.2 She’s a HEALTHY woman.
သူက ကျန်းမာတဲ့ အမျိုးသမီးပါ။
3.1  She’s ASLEEP.
သူအိပ်ပျော်နေတယ်။
3.2  A SLEEPING baby
အိပ်နေတဲ့ ကလေး

♥ အတိုင်းအတာတွေကို ဖော်ပြရင်တော့ အတိုင်းအတာပြတဲ့နာမ် (measurement-noun) နောက်မှာ ရေးရတယ်
two metres HIGH (NOT high two metres)
ten years OLD
two miles LONG

ဆရာစည်သူထက်
Ref: Basic English Usage

Adjective နဲ့ဆိုင်တဲ့ သင်ခန်းစာတွေ ဆက်ရေးပါဦးမယ်။

ပြီးခဲ့တဲ့ သင်ခန်းစာတွေနဲ့ နောက်ထပ်တခြားသင်ခန်းစာတွေကိုလေ့လာချင်ရင် Essential English-မရှိမဖြစ်အင်္ဂလိပ်စာ page www.facebook.com/EssentialEnglishService ကို ဝင်ပြီး လေ့လာနိုင်ပါတယ်။ သင်ခန်းစာအသစ်အသစ်တွေကို မျက်ခြေမပြတ်ချင်ရင် page ကို Like လုပ်ခဲ့ပါဦးနော်။

Preposition (ဝိဘတ်​)

Preposition (ဝိဘတ်​)
ဝိဘတ်​​တွေ ဆိုတာ Pre(​ရှေ့\မတိုင်​မီ)နဲ့Position(​နေရာ)​ပေါင်းထားတာပါတဲ့​ယေဘုယျ မှတ်​ထားနိုင်​ပါတယ်​ preposition​တွေကို noun​တွေရဲ့​ရှေ့မှာ သုံးပါတယ်noun​တွေဆိုတာမှာ အမည်​​တွေ နာမ်​စား​တွေ noun group​တွေ gerunds(v ing)​တွေပါပါတယ်
preposition ​တွေရဲ့ အသုံး​တွေက များလွန်းလို့ အသုံးများတာ​တဲ့ preposition ​တွေကိုပဲ ​ပြောပြလိုက်​ပါတယ်​ အသုံး​တွေကို​တော့ ကိုယ်​တိုင်​ပဲ​လေ့လာကြပါ​တော့​နော်
1. aboard 2. about 3. above 4. across
5. after 6. against 7. along 8. amid
9. among 10. anti 11. around 12. as
13. at 14. before 15. behind 16. below
17. beneath 18. beside 19. besides 20. between
21. beyond 22. but 23. by 24. concerning
25. considering 26. despite 27. down 28. during
29. except 30. excepting 31. excluding 32. following
33. for 34. from 35. in 36. inside
37. into 38. like 39. minus 40. near
41. of 42. off 43. on 44. onto
45. opposite 46. outside 47. over 48. past
49. per 50. plus 51. regarding 52. round
53. save 54. since 55. than 56. through
57. to 58. toward 59. towards 60. under
61. underneath 62. unlike 63. until 64. up
65. upon 66. versus 67. via 68. with
69. within 70. without ... ..
အ​ပေါ်မှာထိ​နေရင်​=on
အ​ပေါ်မထိရင်​       =above
အထက်​...​ကျော်​​ကျော်=over
နှစ်​ခု နှစ်​​ယောက်​ကြား=between
အများကြား                =among
အထဲသို့\အဖြစ်​ သို့.    =into
လို\ကဲ့သို့.                  =like
၌\မှာ\တွင်​                 =at
ကန့်​လန့်​ဖြတ်​ရင်​        =across
ထိုး​ဖောက်​ဖြတ်​ရင်​     =through
အ​ပေါ်သို့.                  =up
အောက်​သို့.                =down
မှ\က.                        =from
သို့\အထိ                   =to
အနီးအနား                 =near
သိပ်​နီးလွန်းရင်​           =by
ဘေးမှာ                      =beside
ဆီသို့.                         =toward
အောက်​                       =under
အောက်​ဘက်​တွင်​        =below
အ​တောအတွင်း           =during
အားဖြင့်​                       =by
မတိုင်​မီ                       =before
ရှေ့မှာ                        =in front of
ပြီး​နောက်​                   =after
နောက်​မှာ                   =behind
အ​ကြောင်း၊ခန့်​၊​တော့မည့်​ဆဲဆဲ=about
ပတ်​ပတ်​လည်​၊လှည့်​ပတ်​၍၊အနီးတစ်​ဝိုက်​=around
၏၊ရဲ့၊အားဖြင့်​၊အနက်​      =of
အလွန်​၊လွန်​၍                 =beyond
တစ်​​လျှောက်​၊အတိုင်း     =along
Preposition of place,Preposition of time အသုံးများတဲ့ (in,on,at)​တွေကို ဇယား​တွေနဲ့ပဲတင်​​ပေးလိုက်​ပြီ
**I would like to go now.
အဲ့ဒီဝါကျမှာ toက preposition မဟုတ်​ပါဘူး
"to go" "to do" ဆိုတာ​တွေဟာ infinitive ပုံစံ​တွေပါ
Preposition ​တွေ​နောက်​မှာ verb​တွေ မလိုက်​ပါဘူး​နော်
နောက်​ပြီး​တော့ last,next, every,this,​တွေနဲ့ ​ပြောတဲ့အခါမှာ (in,on,at)​တွေကိုမသုံးပါဘူး
E.g1.I want to London last June.
          (not in last June)
      2.He will coming back next Tuesday.
       (not on next Tuesday)
      3.He go home every Christmas .
        (not at every. Christmas)
      4.We'll call you this evening.
        (not in this evening)