Wednesday, February 8, 2017

English Speaking

English Speaking skills ကောင်း
အောင်ဘယ်လိုလုပ်ရမလဲ?

Basic မှစ advanced ထိ level မျိုးစုံ
အတွက်အသုံးဝင်မယ့်နည်းလမ်းလေး
ပါ။

English Speaking ကောင်းချင်တယ်
ဆိုရင်တော်တော်များများထင်တတ်ကျ

တာက speaking စာအုပ်သွားဝယ်
ပြီးရင်တွဲရက်ပါတဲ့ VCD ဖွင့်အသံလာ
နေတဲ့အချိန်မှာဘာပြောလဲနားထောင်

နေရင်းစာဖတ် ပြီးတော့စာအုပ်ကြီးကိုင်
ပြီးဘယ်သူနဲ့စကားပြောရင်ကောင်းမ
လဲဆိုကြီးလိုက်ရှာ

ဒါမှမဟုတ်လဲအသေ format တွေ
လိုက်မှတ်

ဘယ်သွားချင်တယ်ဆိုဘယ်လိုပြော
တယ်

ဘာစားချင်တယ်ဆိုဘယ်လိုပြော
တယ်

စသည်ဖြင့်ဒီလို grammar format
လေးတွေနဲ့ပေါ့

How+verb+noun+preposition+................

ပြီးတော့ဘယ်သွားမလဲတကြောင်းသိ
ရင်အဲ့ noun နေရာမှာတခြား noun
တခုခုထည့်လိုက်ရင်ဘယ်နေရာသွား
မလဲကိစ္စအကုန်ပြောတတ်ပြီထင်တတ်
ကျပါတယ်။

PW သင်တန်းမှအကြံပေးလိုတာက
တော့အဲ့လိုလုံးဝမမှတ်ပါနဲ့။ အချိန်ကြာ
လို့ပါ။ နောက်ဒီလို format နဲ့မှတ်
တာဟာ format တွေအများကြီးရှိတဲ့
အတွက်ဘယ်သူမှအကုန်မမှတ်မိနိုင်
ပါဘူး။

နောက်တခုကလည်းသူပြောခိုင်းသလို
ကိုယ်ကပြောချင်မှပြောမှာပေါ့

ဘယ်စားသောက်ဆိုင်သွားမလဲမေး
မယ့်အစား ငါကတော့ korean အစား
အသောက်အကြိုက်ဘူးလို့ပြောချင်
ရင်ပြောမှာပဲလေ။

အဲ့တော့ဒီလိုမှတ်တာအဓိပ္ပါယ်မရှိပါ
ဘူး။

အခြေခံ level မှာအလုပ်ဖြစ်သလိုလို
ဟုတ်သလိုလိုထင်ရပေမယ့် level
မြင့်လာတဲ့အခါဒီလိုမှတ်တာဟာအသုံး
ဝင်တော့မှာမဟုတ်ပါဘူး

ငယ်ငယ်လေးထဲကဒီလိုမှတ်လာတတ်
ကျတော့စိတ်ထဲအကျင့်ဖြစ်နေကျတာ
ပါ။

ငယ်ငယ်တုန်းကတော့ဒီလိုမှတ်တာ
အလုပ်ဖြစ်တယ်လေ။

ဘာလို့လဲဆိုတော့ငယ်ငယ်ကစာမေး
ပွဲမေးခွန်းပုံစံကိုကိုယ်ကသိပြီးသားကို
ဒီဘောင်ထဲမှာပဲဒီမေးခွန်းပုံစံပဲဆို
တော့အလုပ်ဖြစ်တာပေါ့

ခုလက်တွေ့ဘဝမှာကျဒီလိုဘောင်မျိုး
မရှိတော့ဘူးလေ။

အကြောင်းအရာမျိုးစုံဖြစ်နိုင်သွားပြီ

အဲ့တော့ကျေးဇူးပြုပြီးဒီလိုမမှတ်ပါနှင့်

Language လေ့လာချင်ရင်ကိုယ့်မှာ
Miltimedia လေးတော့သုံးရပါလိမ့်
မယ်။

Speaking ကောင်းကောင်းပြောတတ်
ချင်ရင် listening များများနားထောင်
ရပါတယ်။

နားထောင်တတ်ဖို့နဲ့ဘာနားထောင်ရ
မလဲသိဖို့တော့လိုပါလိမ့်မယ်။

သီချင်းနားထောင်တာရုပ်ရှင်ကားကြည့်
တာဒါတွေက listening အတွက်သိပ်
အထောက်အကူမဖြစ်သလို speaking
အတွက်လည်းအရမ်းမထိရောက်ပါဘူး

ဘာလို့လဲဆိုတော့သီချင်းတို့ရုပ်ရှင်တို့
သည်စိတ်ခံစားမှုအတိုင်းအသံအနိမ့်
အမြင့်မမှန်လို့ပါ။

Speaking ကောင်းချင်ရင် listening
များများနားထောင်ရပါတယ်။

Grammar လေ့လာတာကိုလည်းလျှော့
ပါ။ grammar အရမ်းလေ့လာတဲ့အခါ
ဘာပြီးဘာလာတယ်ဆိုပြီးပြောနေရင်း
တွေးတွေးနေတတ်တယ်။ အဲ့အခါကျ
စကားပြောအရမ်းနှေးသွားကော။

ဒီတော့ Speaking ကောင်းချင်ရင်
အောက်ပါအတိုင်းလေ့ကျင့်ကြည့်ပါ။

၃ လ လောက်အတွင်းမှာထူးခြားလာ
ပါလိမ့်မယ်

Level တိုင်းအတွက်အသုံးဝင်မှာပါ

နံပါတ် ၁
Listening များများနားထောင်ပါ။
နားထောင်တဲ့အခါကိုယ်နဲ့သင့်တော်
မယ့် level ကိုရွေးပြီးနားထောင်ပါ။
နိုင်ငံတကာမှသတ်မှတ်ချက်ကတော့
English Language level တွေကဖြင့်

Basic ( အခြေခံ )
Preintermediate ( အခြေခံအထက် )
Intermediate ( အလယ် )
Upperintermediate ( အထက် )
Advanced ( ကျွမ်းကျင် )

ဆိုပြီးရှိပါတယ်။

ဒီစာလုံးအတိုင်း youtube သို့မဟုတ်
Google မှာရိုက်ပြီးရှာကြည့်ပါ။အဲ့မှာ
ကိုယ်နဲ့ဘယ် level အဆင်ပြေမလဲ
နားထောင်ကြည့်ရင်းသိပါလိမ့်မယ်

နံပါတ် ၂
နားထောင်တဲ့အခါစာမဖတ်ပါနှင့်

စာဖတ်စရာလိုလျှင်စာအရင်ဖတ်သို့မ
ဟုတ်စာကိုနောက်မှဖတ်ပါ

စာဖတ်တာနဲ့နားထောင်တာကိုတခ်ျိန်
ထည်းမလုပ်ပါနှင့်။ အဲ့လိုလုပ်ရင်ဒါဟာ
Reading လုပ်နေတာပါ။ Listening
လုပ်နေတာမဟုတ်တော့ပါဘူး။

အစကတော့ဒါဟာအခက်အခဲရှိတတ်
ပေမယ့်နောက်ပိုင်းနားထောင်ရင်းနား
ယဉ်သွားပါလိမ့်မယ်။

နံပါတ် ၃
Format တွေနဲ့မှတ်မယ့်အစားနား
ထောင်တဲ့အခါအသံအနိမ့်အမြင့်အ
တက်အကျရှိတယ်ဆိုတာကိုသေသေ
ချာချာသတိထားကြည့်ပါ။ဂ

ဒီအချက်ကအရမ်းအရေးကြီးပါတယ်။

စကားပြောတဲ့အခါစာကြောင်းအစအ
ဆုံးကိုလေသံတစ်သံထဲနဲ့ပြောသွား
တာမဟုတ်ပါဘူး။ အနိမ့်အမြင့်အတက်
အကျရှိတယ်ဆိုတာကိုသတိပြုမိမယ်
ထင်ပါတယ်။ဒါဘာလို့လဲဆိုတော့

English Language မှာ capital letter
စာလုံးအကြီးနဲ့စပြီး full stop (.) နဲ့
ဆုံးတာသည်အားလုံးသိတဲ့အတိုင်း
Sentence ပါ။

ဒီ sentence ထက်တိုသွားတယ်သူ့
ဟာသူတော့အဓိပ္ပါယ်ရှိတယ်ဒါပေမယ့်
ပြီးပြည့်စုံတဲ့ဝါကျတကြောင်းတော့ဖြစ်
မလာဘူး။ ဒါက clause ခေါ်ပါတယ်။
ဒီ clause လေးတွေကမြန်မာလိုပြန်
ကြည့်ရင်လည်းအဓိပ္ပါယ်ရှိပါတယ်

ဥပမာ

ငါဒီမနက်အိယာထတော့
When I woke up this morning

ဌက်တကောင်သီချင်းဆိုနေတာကြားမိ
တယ်
I heard a bird singing

သစ်ကိုင်းခက်တွေပေါ်မှာ
On the branches

နေလည်းသာနေတုန်းပေါ့
While the sun was shinning

တပိုင်းချင်းစီခွဲခွဲပြီးစဉ်းစားပါ။ ဒါလေး
တွေက clause ခေါ်ပါတယ်။ အသံ
အနိမ့်အမြင့်အတက်အကျဆိုတာက
ဒီ clause လေးတွေဆုံးတိုင်းဆုံးတိုင်း
အဓိပ္ပါယ်တခုရှိတိုင်းသူကခဏလေး
ရပ်ရပ်သွားပါတယ်။

နောက်ဆုံးတခုကတော့ clause ထက်
တိုရင် phrase ပါ။

ဥပမာ

သစ်ကိုင်းတွေပေါ်မှာ
On the branches

လမ်းထောင့်မှာ
At the corner of the street

မီးပိုင့်မှာ
At the traffic

Phrase ကတော့ verb ပါလာချင်မှ
ပါလာတတ်ပါတယ်။ clause ကတော့
အမြဲ verb တခုခုပါပေမယ့် phrase
ကတော့ပါချင်လည်းပါတယ်မပါချင်
လည်းမပါဘူး။ ကိုယ်ပြောချင်တဲ့ပုံစံ
မှာမူတည်ပါတယ်။ဒါကြောင့် format
နဲ့မှတ်မှတ်နေတဲ့အကျင့်ကိုဖျောက်စေ
ချင်ပါတယ်။ level မြင့်လာတဲ့အခါဒီ
လိုမျိုး format နဲ့မှတ်တာဟာ sentence တွေရှည်ပြီးရှုပ်လာတဲ့အခါ
ခက်ခဲစေပြီးအသစ်ကပြန်ပြီး english
Language ကိုလေ့လာသလိုမျိုးဖြစ်
သွားတတ်ပါတယ်။ ဒါကြောင့်လည်း
ကျွန်တော်တို့မြန်မာတွေ english
Language သင်တန်းဒီ level ကိုပဲ
ခဏခဏပြန်တက်နေကျရတတ်တာပါ

ဒီအချက်ကအရေးကြီးဆုံးပါပဲ။

နားထောင်တဲ့အခါစာမဖတ်ပဲအသံ
အနိမ့်အမြင့်အတက်အကျကိုဖမ်းမိ
အောင်နားထောင်ရင်းဘာသာပြန်
ကြည့်ပါ။ အဲ့လိုဘာသာပြန်ကြည့်ရင်း
နဲ့စဉ်းစားတာမြန်မြန်လာပြီးစကားပြန်
ပြောတဲ့အခါ sentence ကိုအစအဆုံး
စဉ်းစားမနေတော့ပဲတပိုင်းချင်းစီခွဲခွဲပြီး
ထွက်လာတော့စကားပြောတာမြန်လာ
ပါလိမ့်မယ်

နံပါတ် ၎
နားထောင်တဲ့အခါ UK သို့မဟုတ်
Australia ကထုတ်တဲ့ video လေး
တွေနားထောင်ကြည့်ပါ။ US က speaking နှင့်ဆိုင်တဲ့ video လေးတွေ
နားမထောင်ပါနှင့်။ US video လေး
တွေက clause အသံအနိမ့်အမြင့်အ
တက်အကျမမှန်တတ်ပါဘူး

နံပါတ် ၅
Grammar လေ့လာစရာမလိုဘူးဆို
ပေမယ့် tense ( verb form ) က
တော့မသိမဖြစ်သိသင့်ပါတယ်။ ဒီခေါင်း
စဉ်လေးတခုတော့လုံးဝသေသေချာ
ချာနားလည်အောင်လုပ်ရပါလိမ့်မယ်

နံပါတ် ၆
Movie ကြည့်ပြီး English Language လေ့လာချင်တယ်ဆိုရင်
ကြည့်သင့်တဲ့ရုပ်ရှင်အမျိုးအစားကို
Level နှင့်တကွဖော်ပြပေးလိုက်ပါတယ်

Basic ( kid program and cartoon )
Preintermediate ( action movie )
Intermediate ( drama )
Upperintermediate ( dark humour )

ရုပ်ရှင်ကြည့်တဲ့အခါပထမစာတန်းထိုး
Subtitle ကို english နောက်မှကြည့်
ပါ။

ပထမတခေါက်ကြည့်တဲ့အခါကိုယ်
လ်ုချင်တဲ့သဘောကျတဲ့အပိုင်းလေးကို
မှတ်ထားပါ။ ပြီးရင်သူတို့ပြောနေတဲ့
စာကြောင်း ၅ ကြောင်းလောက်ကို
ရွေးလိုက်ပါ။ စာတန်းထိုး subtitle မ
ဖွင့်ပဲကိုယ်စိတ်ကျေနပ်တဲ့အထိခဏခဏပြန်ကြည့်ပါ။ ပြီးရင်ဘာပြောသလဲ
ဆိုတာကိုကြားတဲ့စကားလုံးတိုင်းကို
ချရေးပါ။ ပြီးမှ english subtitle စာ
တန်းထိုးကိုဖွင့်ပြီးကိုယ်ရေးထားတာ
မှန်မမှန်ပြန်စစ်ကြည့်ပါ

နံပါတ် ၇
Language တခုခုလေ့လာတဲ့အခါအဲ့
Language နှင့်နေ့တိုင်းရင်းနှီးအောင်
လုပ်သောနည်းသာလျှင်အကောင်း
ဆုံးပါ။ grammar ကိုအဲ့လိုရင်းနှီးမှု
နေ့တိုင်းလုပ်ပြီးအချိန်ရမှသာလေ့လာပါ

Speaking ပြောတတ်ဖို့ဆိုရင် listening များများလုပ်ပေးမယ်ဆို
ရင်အဆင်ပြေပါတယ်။ ဖုန်းထဲထည့်
ထားပြီးနေ့တိုင်းအိပ်ခါနီးနားထောင်ပေါ့

အရေးကြီးတာကနားထောင်တဲ့အခါ

စာမဖတ်ပါနှင့်နားထောင်တာနဲ့စာ
ဖတ်တာနဲ့ကိုတွဲမလုပ်ပါနှင့်

ဘယ် level နားထောင်ရင်ကိုယ်နဲ့
သင့်တော်မလဲသိပါစေ

နားထောင်တဲ့အခါ clause လေးတွေ
ကိုအသံအနိမ့်အမြင့်အတက်အကျနဲ့
ဘယ်လိုခွဲသွားသလဲသေသေချာချာ
နားထောင်ကြည့်ပါ

နောက်ဆုံးတခုကတော့ speaking
ကောင်းချင်ရင် listening များများနား
ထောင်တာအရမ်းထိရောက်မှုရှိပေ
မယ့် writing စာရေးတာကောင်းချင်
ရင်စာများများဖတ်ရင်စာရေးတတ်မယ်
လ်ု့ထင်တတ်ကျပါတယ်။

အဲ့ဒါမဟုတ်ပါဘူး။

စာရေးတတ်ချင်ရင်စာရေးကျင့်လို့ပဲ
ရတယ်ဆိုတာလေးတော့သတိထား
စေချင်ပါတယ်။

သိချင်တာအများရှိရင် comment မှာ
ရေးသွားကျပါ။

အားလုံးပဲသာယာလှပသောနေ့လေး
ဖြစ်ပါစေ။

https://m.facebook.com/Purple-Words-IELTS-And-General-English-Language-Courses-1478281372477405/

No comments:

Post a Comment