Lesson { 3 }
Countable & Uncountable
***ဒီ Nounကလည်း သိဖို့လိုအပ်တာကြောင့်
ဖော်ပြပေးတာ ဖြစ်ပါတယ်။
*** Noun တစ်လုံးကို တွေ့တာနဲ့ အဓိက
သိထားရမှာက အဲဒီနာမ်ဟာ ရေတွက်လို့
ရသလား၊ မရဘူးလား ဆိုတာ ပါပဲ။
e.g
Spider - ပင့်ကူ
Pen - ဘောပင်
Book -စာအုပ်
… တွေကို တခု, နှစ်ခု စသည်ဖြင့် ရေတွက်၍
ရသောကြောင့် Countable Noun -
(ရေတွက်လို့ ရတဲ့ နာမ်) လို့ ခေါ်ပါတယ်။
*** Countable Noun ကို Singular
Number (သို့) Plural Number
၂ မျိုး စလုံးနဲ့ သုံးနိုင်တယ်။
e.g
They bought a car.
New cars are very expensive.
e.g
Rain - မိုး
Music - တေးဂီတ
Grass - မြက်
…တွေဟာ တစ်ခု, နှစ်ခု စသည်ဖြင့်
မရေတွက် နိုင်တာကြောင့် Uncountable
Noun (ရေတွက်လို့ မရတဲ့ နာမ်)လို့ ခေါ်ပါတယ်။
***Uncountable Noun တွေ ကို Singular Number အဖြစ်သာ သုံးလေ့ ရှိပါတယ်။
e.g
Water is necessary for us.
Music helps me to relax.
***Countable Noun တွေရဲ့ ရှေ့မှာ
a/an နဲ့ ကိန်းဂဏန်းတွေကို သုံးနိုင်တယ်။
e.g
a man an owl two books
*** Uncountable Noun ရဲ့ ရှေ့မှာ
a/an နဲ့ ကိန်းဂဏန်းတွေကို သုံးလို့ မရပါဘူး။
e.g
a sand (×)an air(×)two weathers (×)
*** A ကို ဗျည်းသံရဲ့ ရှေ့မှာ သုံးတယ်
A problem , A keyboard
*** An ကို သရသံ (အ, သံ) ရဲ့ ရှေ့မှာသုံးတယ်။
e.g
an atmosphere an emperor
***Some ကို Plural Noun နဲ့
Uncountable Noun တွေရဲ့ ရှေ့မှာ
သုံးတယ်။
e.g
Some books Some rice
Some men Some milk
*** တစ်ချို့ Noun တွေကို Countable နဲ့ Uncountable နှစ်မျိုး သုံးနိုင်ပေမဲ့
အဓိပ္ပါယ်ချင်းကွဲပြားနေတာကို လေ့လာကြည့်ပါ။
Countable Uncountable
a glass(ဖန်ခွက်) glass(ဖန်ထည်/မှန်ထည်)
a hair(ဆံပင်မွေး) hair(ဆံပင်)
a paper(သတင်းစာ) smoe paper (စက္ကူ)
an iron(မီးပူ) iron (သံသတ္တု)
some potatoes(အားလူး) some potato (စားသုံးဖွယ်)
*** Uncountable Noun ရဲ့ ရှေ့မှာ Of ခံပြီး ရေတွက်(ချင်တွယ်)လို့ ရတဲ့
ပစ္စည်းတွေနဲ့ တွဲသုံးနိုင်တယ်။
e.g
a loaf of bread- ပေါင်မုန့် တစ်လုံး
a slice of bread- ပေါင်မုန့် တစ်ချပ်
a cup of milk- နွားနို့တစ်ခွက်
a plate of rice- ထမင်းတစ်ပန်းကန်
a can of oil- ဆီတစ်ပုံး
a bar of chocolate-ချောကလပ် တစ်တောင့်
a piece of music- သီချင်းတစ်ပုဒ်
a game of tinnis- တင်းနစ်တစ်ပွဲ
a piece of advice- အကြံဉာဏ်တစ်ခု
a piece of news- သတင်းတစ်ပုဒ်
a glass of water- ရေတစ်ခွက်
Here go and study
https://m.facebook.com/groups/1453774208271497?view=permalink&id=1714290112219904
မေတ္တာ စေတနာဖြင့် M W Z
No comments:
Post a Comment