5)Verb=ကြိယာ
လူနှင့် အရာဝတ္ထုတို့ အကြောင်းကို ဖော်ပြသောပုဒ်ကို Verb=ကြိယာ ဟုခေါ်သည်။ရှိသည် သွားသည် စားသည် အိပ်သည် စသည့်ဖြင့် မြန်မာဘာသာတွင် ''သည်'' တယ်'' ဆုံးသောပုဒ်များဖြစ်သည်။
ကာလသုံးမျိုး
ကြိယာပုဒ်များသည်-
(၁)ယခုလောလောဆယ် မျက်မှောက်အချိနိကို ဖော်ပြသော Present tense=ပစ္စုပ္ပန်ကာလ။
(၂)လွန်ခဲ့သောအချိန်က ဖြစ်ပျက်ပြုလုပ်ခဲ့သည်ကို ဖော်ပြသော Past tense =အတိတ်ကာလ။
(၃)နောင်လာမည့် အချိန်ကာလတွင် ဖြစ်ပျက်ပြုလုပ်မည်ကိုဖော်ပြသော future tense =အနာဂတ်ကာလ ဟု အချိန်အခါသုံးမျိုးရှိသည်။
(၁)ပစ္စုပ္ပန်ကာလ ကို သည် တယ်။
(၂)အတိတ်ကာလ ကို ခဲ့သည် လေသည်။
(၃)အနာဂတ်ကာလ ကို လိမ့်မည် မည် မယ်။
၁။I was a boy.ကျွန်တော်သည် (အရင်က) လူကလေးတစ်ယောက်ဖြစ်ခဲ့သည်။(Past tense=အတိတ်ကာလ)
၂။I am a man.ကျွန်တော်သည် (ယခု) လူကြီးတစ်ယောက်ဖြစ်သည်။(Present tense=ပစ္စုပ္ပန်ကာလ)
၃။I shall be an old man.ကျွန်တော်သည် (နောင်အခါ)လူအိုကြီးတစ်ယောက် ဖြစ်လိမ့်မည်။(future tense=အနာဂတ်ကာလ)
၁။Fifteen years ago Ma Tin Yee was a baby.လွန်ခဲ့သော ၁၅ နှစ်က မတင်ရီသည် လူငယ်မကလေးတစ်ယောက်ဖြစ်ခဲ့သည်။(အတိတ်)
၂။Ma Tin Yee is a school girl now.ယခု မတင်ရီသည် ကျောင်းသူတစ်ယောက်ဖြစ်သည်။(ပစ္စုပ္ပန်)
၃။Next year Ma Tin Yee will be a teacher=လာမည့်နှစ်တွင် မတင်ရီသည် ကျောင်းဆရာမတစ်ယောက် ဖြစ်လိမ့်မည်။(အနာဂတ်)
ပစ္စုပ္ပန် အတိတ် နှင့် ကိန်းနှစ်မျိုး
ပစ္စုပ္ပန် အတိတ် ကြိယာတို့သည် Singular Number =ဧကဝုစ်ကိန်းနှင့် Plural Number=ဗဟုဝုစ်ကိန်း ဟု ကိန်းနှစ်မျိုးစီရှိကြသည်။
ထိုကြောင့်ပစ္စုပ္ပန် အတိတ် ကြိယာတို့သည် ၄င်း၏ Subject ကတ္တားပုဒ် နှင့် ကိန်းအားဖြင့်တူညီ ရပေမည်။ ကတ္တား ဧကဝုစ် ဖြစ်လျှင် ကြိယာ ဧကဝုစ် ကတ္တား ဗဟုစုစ်ဖြစ်လျှင် ကြိယာ ဗဟုဝုစ် ဖြစ်ရပေမည်။
ပစ္စုပ္ပန်ကြိယာ
ဧကဝုစ်ကတ္တား ဧကဝုစ်ကြိယာ
ဗဟုဝုစ်ကတ္တား ဗဟုဝုစ်ကြိယာ
အတိတ်ကြိယာ
ဧကဝုစ်ကတ္တား ဧကဝုစ်ကြိယာ
ဗဟုဝုစ်ကတ္တား ဗဟုဝုစ်ကြိယာ
အနာဂတ်ကာလာ နှင် Person သုံးမျိုး
1)I နှင့် We ကို First person=ပထမလူဟုခေါ်၍ အနာဂတ်ကြိယာ shall ဖြင့်ရေးရမည်။
<<မှတ်ချက်>>
သို့ရာတွင် ယခုခေတ်သုံးအင်္ဂလိပ်စာတွင်
(က)if,unless,when သမ္ဗန္ဓများဖြင့် ဆက်၍ထားသော ဝါကျများနှင့်
(ခ)မေးခွန်း ဝါကျများ၌သာ I နှင့် We ကို shall ဖြင့် ဧကန်အသုံးပြု၍ အခြားဝါကျ များတွင် I နှင့် We ကို will ဖြင့် အများအပြားရေးသားပြောဆိုကြလေပြီ။I will /We will ဟုသုံးလျှင် အနာဂတ်အပြင် ကြံရွယ်ခြင်း ကတိပေးခြင်း အခိုင်အမာ ဆုံးဖြတ်ခြင်း အဓိပ္ပါယ်တို့ပါ ဖေည်ပြသည်ဟု မှတ်ပါလေ။
(2)You ကို Second person =ဒုတိယလူဟုခေါ်၏။
(3)I We You သုံးလုံးမှကြွင်းသော နာမ်ပုဒ် နာမ်စားပုဒ် အားလုံးကို Third person =တတိယလူ ဟုခေါ်၏။
၎င်း Second person နှင့် Third person နှစ်မျိုးကို အနာဂတ်ကြိယာ will ဖြင့်ရေးရမည်။
၎င်း Second person နှင်ဘThird person နှစ်မျိုးကို shall ဖြင့်ရေးသောအခါ (၁)ခြိမ်းခြောက်ခြင်း (၂)အမိန့်ပေးခြင်း တို့ကိုဖော်ပြသည်ဟု မှတ်ယူပါ။ကျောင်းသားများအနေဖြင့် ၄င်းဝါကျများကို မရေးသင့်။
အနာဂတ်ကြိယာတွင် ဧကဝုစ် ဗဟုဝုစ် ကိန်းနှစ်မျိုးမရှိပေ ထို့ကြောင့် အနာဂတ်ကြိယာကို ရေးသားပြောဆိုလိုသောအခါ မည့်သည် Person ဖြစ်သည်ကို သတိပြု၍ အောက်ပါအတိုင်း ရေးရပြောရမည်။
အနာဂတ်ကြိယာ
ကတ္တား first person shall
ကတ္တား other person will
(Second person နှင့် Third person မှာ အသုံးတူနေ၍ ပိုမိုလွယ်ကူစေရန် other person ကိုသုံးထားခြင်းဖြစ်သည်။
No comments:
Post a Comment