Tuesday, February 7, 2017

အခြေခံလေ့လာသူများအတွက် S V C T မေးခွန်းများ

အခြေခံလေ့လာသူများအတွက် S V C T မေးခွန်းများ
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
၁။သင်တို့သည် ကျောင်းသားများ ဖြစ်ကြသည်။
၂။သူသည် ကလေးတစ်ယောက် ဖြစ်သည်။
၃။ကျွန်တော်တို့သည် လူကြီးများ ဖြစ်ကြသည်။
၎။မောင်မြသည် စာရေးတစ်ယောက် ဖြစ်၏။
၅။ဤဟာမျသည် ဖောင်တိန်များ ဖြစ်ကြသည်။
၆။သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သည်။
၇။ထိုဟာသည် စာအုပ်တစ်အုပ် ဖြစ်သည်။
၈။လူကလေးများသည် ကျောင်းသားများ ဖြစ်ကြသည်။
၉။ဤဟာသည် ခဲတံတစ်ချောင်း ဖြစ်သည်။
၁၀။မောင်ခင်သည် ဆရာတစ်ယောက် ဖြစ်သည်။
၁၁။သင်တို့သည် လူကလေးများ ဖြစ်ခဲ့ကြသည်။
၁၂။သူမသည် ဆရာမတစ်ယောက် ဖြစ်ခဲ့သည်။
၁၃။မောင်တင်သည် နှောင်နှစ်တွင် ဆရာဝန်တစ်ယောက် ဖြစ်လိမ့်မည်။
၁၄။ကျွန်တော်သည် မနှစ်က ကျောင်းသားဖြစ်ခဲ့သည်။
၁၅။ထိုဟာသည် စာအုပ်တစ်အုပ် ဖြစ်လိမ့်မည်။
၁၆။လူကလေးများသည် မနက်ဖြန်ခါ ကျောင်းသားများ ဖြစ်ကြမည်။
၁၇။ထိုဟာသည် မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မည်။
၁၈။ဤဟာသည် ဖောင်တိန်တစ်ချောင်း ဖြစ်၏။
၁၉။သူတို့သည် မိန်းမကြီးများ ဖြစ်ကြလိမ့်မည်။
၂၀။သင်သည် လူကလေးတစ်ယောက် ဖြစ်ခဲ့၏။
၂၁။ဦးမြသည် ကျွန်ုပ်၏အဖေ ဖြစ်သည်။
၂၂။သူသည် မနှစ်က ဆရာတစ်ယောက် ဖြစ်ခဲ့သည်။
၂၃။သူသည် နှောင်နှစ်တွင် ဆရာဝန်တစ်ယောက် ဖြစ်လိမ့်မည်။
၂၄။သင်သည် ကျောင်းသားတစ်ယောက် ဖြစ်၏။
၂၅။သင်၏အမေသည် ဆရာမတစ်ယောက် ဖြစ်ခဲ့သည်။
၂၆။ထိုဟာသည် ကုလားထိုင်တစ်လုံး ဖြစ်သည်။
၂၇။ဤဟာသည် သူ၏စာအုပ် ဖြစ်ခဲ့သည်။
၂၈။ဦးလှသည် သင်တို့၏ဆရာ ဖြစ်ခဲ့သည်။
၂၉။ဤဟာများသည် စားပွဲများ ဖြစ်ခဲ့ကြသည်။
၃၀။သူတို့သည် ကလေးများ ဖြစ်ခဲ့ကြသည်။

✔✔✔မှတ်ချက်✔✔✔
၁။ဝါကျတစ်ခုကို စာလုံးကြီးတစ်လုံးဖြင့် စရမည်။Full stop (.) ဖြင့် အဆုံးသတ်ရမည်။
(ဝါကျအခန်း အထူးမှတ်ရန် ငါးချက်ကိုကြည့်ပါ။)
၂။ပစ္စုပ္ပန် အတိတ် အနာဂတ် မည်သည့်ကာလဖြစ်သည်ကို ခွဲခါးသိရမည်။(ကာလ သုံးမျိုးအခန်းကို ပြန်ကြည့်ပါ။)
၃။ပစ္စပ္ပန် အတိတ်ဖြစ်လျှင် ကတ္တားသည် ဧကဝုစ်လား ဗဟုဝုစ်လားဟု သတိပြုရမည်။ကတ္တားဧကဝုစ်-ကြိယာဧကဝုစ်၊ ကတ္တားဗဟုဝုစ်-ကြိယာဗဟုဝုစ် တူစေရမည်။(ကာလသုံးမျိုး ခန်းကိုပြန်ကြည့်ပါ။)
၎။အနာဂတ်ကြိယာဖြစ်လျှင် I နှင့် We ကို shall ဖြင့် အခြားကတ္တားများကို will ဖြင့်ရေးရမည်ကို သတိပြုရမည်။(ကာလသုံးမျိုးခန်းကိုပြန်ကြည့်ပါ။)
၅။ကြိယာဇယားကို ကျေပြွန်စွာသိထားရမည်။
"ဖြစ်ချင်သည်"ဆိုလျှင် want to be၊ "ရှိရမည်ဆိုလျှင် must be ၊ ရှိလိမ့်မည်ဆိုလျှင် shall be / will be ၊ ဖြစ်စေချင်သည်ဆိုလျှင် want (obj) to be စသည်ဖြင့် မြန်မာဝါကျကိုမြင်သည်နှင့် မည်သည့်ကြိယာဖြင့် ရေးပြောရမည်ကို ချက်ချင်းသိစေရမည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ကျွန်တော်သည် ဆရာမဟုတ် အသိပညာများမျှဝေခြင်းသာဖြစ်သည်။ အမှားများပါလျှင် သည်းခံပေးကြပါ။
စေတနာဖြင့် Ye Lin

No comments:

Post a Comment