Speaking အတွက်ဝါကျတိုလေးများ (၁၉)
အရင် post မှာ ဝါကျနံပါတ် ၅၂၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၅၂၁ မှ စလိုက်ကြစို့။
၅၂၁။ Why is everybody so quiet today?
ဒီနေ့ အားလုံးတိတ်လှချီလား။
၅၂၂။ How do you get along with your new neighbours?
မင်း အိမ်နီးချင်းအသစ်တွေနဲ့ အဆင်ပြေရဲ့လား။
ဒီမေးခွန်းမှာ How ကို ဘယ်လိုလုပ်သလဲ လို့ဘာသာမပြန်ပါနဲ့။ Do you get along with your new neighbors? နဲ့ အတူတူပါပဲ။ အိမ်နီးချင်းတွေနဲ့ အဆင်ပြေပါတယ် လို့ပြန်ဖြေရင်တော့ We get along fine. လို့ပြောပါ။
၅၂၃။ That's an unlikely story.
ဒါဟာမဖြစ်နိုင်တာကြီးပါဗျာ။
၅၂၄။ It is likely to rain.
မိုးရွာနိုင်တယ်။ ရွာဖို့နီးစပ်တယ်။
၅၂၅။ It is likely to happen.
ဖြစ်နိုင်ခြေရှိတယ်။
၅၂၆။ It is unlikely to happen.
ဖြစ်နိုင်ခြေမရှိပါဘူး။
၅၂၇။ In the worst case scenerio, we may have to sell the house.
ယုတ်စွအဆုံး ငါတို့အိမ်ရောင်းပြစ်ရရုံပေါ့ကွာ။
ဒီဝါကျမှာ the worst case scenerio ကို အတွဲလိုက်မှတ်ပါ။ အဆိုးဆုံးဖြစ်နိုင်ခြေ ကိုမှန်းဆပြောတာ။
၅၂၈။ If the worst comes to the worst, we just have to cancel the trip.
အဆိုးတကာ့အဆိုးဆုံးဖြစ်လာခဲ့ရင် ခရီးသွားမယ့်အစီအစဉ်ဖျက်ရမှာပေါ့။
ဒီဝါကျမှာ if the worst comes to the worst ကိုအတွဲလိုက်မှတ်ပါ။ အပေါ်က the worst case scenerio လိုပါပဲ။
၅၂၉။ That woman almost destroyed my life.
အဲဒီ မိန်းမကြောင့် ငါဘဝပျက်လုနီးပါးဖြစ်ခဲ့ရတာ။
၅၃၀။ He is tall, dark and handsome.
သူဟာ အရပ်မြင့်မြင့် ညိုညို ချောချော။
၅၃၁။ She makes a fuss about everything.
သူဟာ အားလုံးကို ဂကျီဂကြောင်ကျတတ်တယ်။
make a fuss= ဂျီးများသည်။ ဂကျီဂကြောင်ကျသည်
fussy (adjective)= ဂျီးများသော
၅၃၂။ She is hard to please.
သူ့ကို စိတ်ကျေနပ်အောင်လုပ်ဖို့ ခက်သားလား။
၅၃၃။ It is totally unfair to traet me like this.
ငါ့ကို ဒီလိုမျိုးဆက်ဆံတာ လုံးဝမတရားဘူး။
၅၃၄။ Stop messing with my computer.
ငါ့ကွန်ပြူတာကို မကလိပါနဲ့။ ကလိနေတာရပ်လိုက်။
mess with (verb)= ကလိသည်၊ လာရှုပ်သည်
၅၃၅။ My grandpa is in good shape.
ငါ့ရဲ့ အဖိုးဟာ မာမာချာချာရှိတယ်။
၅၃၆။ My grandma is in the pink of health.
ငါ့အဖွား ကျန်းမာရေးတော်တော်ကောင်းတယ်။
to be in the pink of health ဟာ idiom ပါ။ ကျန်းမာလွန်းလို့ သွေးသားစိုပြေ ပန်းရောင်လေးထနေတာပေါ့။ to be in the pink လို့လည်းသုံးတယ်။
၅၃၇။ She has a medical checkup once a year.
သူ တစ်နှစ်တစ်ခါ ဆေးစစ်တယ်။
၅၃၈။ Some local hospitals are filthy and unreliable.
ဒီက တချို့ဒေသခံ ဆေးရုံတွေက ညစ်ပတ်ပြီး စိတ်မချရဘူး။
filthy= dirty
၅၃၉။ Private hospitals are costly but you can get proper treatment.
ပုဂ္ဂလိက ဆေးရုံတွေက ကုန်ကျစားရိတ်ကြီးပေမယ့် ကုသမှုကောင်းကောင်းရနိုင်တယ်။
costly= expensive
၅၄၀။ I will settle down in Mandalay.
ငါ မန္တလေးမှာ အခြေချမယ်။
၅၄၁။ She is sitting there alone, sulking.
သူ အဲဒီမှာ တစ်ယောက်တည်းထိုင်ပြီး စိတ်ကောက်နေလေရဲ့။
sulk= စိတ်ကောက်နေသည်
sulk ကို Noun လိုသုံးမယ်ဆို အောက်ကဝါကျလိုသုံးပါ။
She is in a fit of the sulks.
၅၄၂။ Don't underestimate me.
ငါ့ကို လျှော့မတွက်ပါနဲ့။
Don't underestimate your enemy.
ရန်သူကို လျှော့မတွက်ပါနဲ့။
estimate= ခန့်မှန်းခြေတွက်ချက်ကြည့်သည်
underestimate= လျှော့တွက်သည်
overestimate= ပိုတွက်သည်
၅၄၃။ He looks miserable.
သူ့ကြည့်ရတာ စိတ်ညစ်နေပုံရတယ်။
၅၄၄။ Please be patient.
စိတ်ရှည်ရှည်ထားပါ။
၅၄၅။ Did you sleep well?
အိပ်လို့ကောင်းရဲ့လား။ အိပ်ပျော်ရဲ့လား။
၅၄၆။ Variety is the spice of life.
အပြောင်းအလည်းရှိမှလည်း ဘဝဟာစိတ်ဝင်စားစရာကောင်းမှာ။
၅၄၇။ Only time will tell.
အချိန်က ပြောပါလိမ့်မယ်။
(အချိန်တန်ရင်သိရမှာပါ။ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။)
၅၄၈။ This too shall pass.
ဒါလည်း အချိန်တန်ရင် ပြီးသွား၊ မေ့ပျောက်သွားမှာပါ။
(တစ်ယောက်ယောက် စိတ်ပျက် ဝမ်းနည်း စိတ်ဓာတ်ကျနေချိန်မှာ ပြောပေးတတ်လေ့ရှိတယ်)
၅၄၉။ I love you more than I can say.
မင်းကို မပြောပြတတ်လောက်အောင်ချစ်တယ်။
(ပြောတာထက်တောင်ပိုသေးတယ်)
၅၅၀။ No. That's not what I mean.
ငါ ဆိုလိုချင်တာ ဒါမဟုတ်ဘူး။
ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than
No comments:
Post a Comment