#justနှင့်Alreadyအသုံး
***Justနှင့် Alreadyကို မှန်ကန်စွာသုံးတက်စေရန် ဖော်ပြလိုက်ပါသည်...
#Just
( ရုံမျှ ၊ မျှသာ ၊ ခုလေးတင် )
"အလုပ်တစ်ခုကို မကြာသေးခင်မှ ပြီးစီးတာဖြစ်ကြောင်း ဖော်ပြတယ်''
1. Have you seen Sayar Hlaing anywhere?
ဆရာလှိုင်ကို တစ်နေရာရာမှာ တွေ့ခဲ့မိလားဟေ့။
Yes, I have just seen him.
ဟုတ်ကဲ့ ..ခုလေးတင် သူ့ကို တွေ့ခဲ့တယ်။
2. Would you like something to eat ?
တစ်ခုခု စားမလားဟေ့။
No, thanks. I have just had dinner.
ကျေးဇူးတင်ပါတယ် ၊မစားတော့ပါဘူး ။ ခုလေးတင် ညစာ စားထားပြီးလို့ပါ။
3. Would you like to read this book?
်ဒီစာအုပ်ကို ဖတ်မလား။
No , thank you. I've just read it.
ဟင့်အင်း ၊ ကျေးဇူးပါပဲ ။ ခုလေးတင် ဖတ်ပြီးပါတယ်။
4. Would you like something to drink?
တစ်ခုခု သောက်ပါလား။
No , thank you .I've just had one.
ဟင့်အင်း ၊ ကျေးဇူးပဲဗျာ..။ ကျွန်တော် ခုလေးတင် သောက်ပြီးလို့ပါဗျာ..။
#Already
(နှင့်ပြီး ၊သိနှင့်ပြီး ၊စားနှင့်ပြီး ...)
" ကြိုတင်လုပ်ကိုင် ပြီးစီးနှင့်ပြီ ဖြစ်ကြောင်းဖော်ပြပါတယ်..."
1. Don't forget to post the letter, will you?
စာကို ထည့်ဖို့ မမေ့ပါနဲ့နော်။
I've already posted it.
ကျွန်တော် ထည့်တောင်ပြီးပါပြီဗျာ။
2. When are you going to night club?
သင် night club ကို ဘယ်အချိန်သွားမှာတဲ့လဲ။
He has already gone.
သူ သွားနှင့်ပြီလေ။
3. When will you sell your car?
ခင်ဗျားရဲ့ကားကို ဘယ်အချိန်ရောင်းမှာလဲဗျ။
I've already sold it. I sold it yesterday.
ရောင်းပြီးနှင့်ပြီးဗျာ ။ မနေ့ကပဲ ရောင်းလိုက်တာ။
4. When will Sayar Hlaing go to Meiktila?
ဆရာလှိုင် မိတ္ထီလာသို့ ဘယ်တော့ သွားမှာလဲ။
He has already gone to Taungoo.
သူ တောင်ငူသို့ သွားနှင့်ပြီလေ။
He went there this morning.
သူ ဒီနေ့မနက်ကပဲ သွားပြီလေ။
(မှန်ကန်စွာ သုံးတက်ကြပါစေ...)
No comments:
Post a Comment