Tuesday, February 7, 2017

Basic Grammar Part-2

✨✨  Basic Grammar Part-2✨✨
  ဒီအခန်းမှာ Sentence=ဝါကျရေးနည်း ကိုလေ့လာသွားကြမှာပါ။
Sentence=ဝါကျ
  အဓိပ္ပါယ်ပြည့်စုံအောင် ပြောဆိုသော စကားတစ်ရပ် ရေးသားသောစာတစ်ပုဒ်ကို Sentence =ဝါကျဟုခေါ်သည်။
Example:
Sit down. ထိုင်ပါ။
Go to school.ကျောင်းကိုသွားပါ။
Who is he? သူဘယ်သူလဲ။
She did not sleep. သူမ မအိပ်ချေ။

မှတ်ချက်။။။ဝါကျသည် တိုသည် ရှည်သည် စာလုံးရေနည်းသည် များသည်မှာ အဓိကမဟုတ် ဆိုလိုရင်းအဓိပ္ပါယ် တစ်ရပ်လုံးကို ပြည့်စုံအောင်ဖော်ပြနိုင်မှုသာ အဓိကဖြစ်သည်။
       Three Kinds of Sentence
1)Simple Sentence.
2)Compound Sentence.
3)Complex Sentence.
  ဒီ Sentence 3 မျိုးတွင် Part 2 တွင် 1)Simple Sentence ရေးနည်းကိုပြမှာပါ။
Simple Sentence=ရိုးရိုးဝါကျ
  ကတ္တား =Subject(Sub) တစ်ခုနှင့် လိုရင်းပဓာနကြိယာ တစ်ခုပါရှိသော Sentence = ဝါကျကို Simple Sentence ဟုခေါ်သည်။
Example:
Mg Khin is a boy.
မောင်ခင်သည် လူကလေးတစ်ယောက် ဖြစ်သည်။
Ma Tin Yee is helping her teacher.
မတင်ရီသည် သူ့ဆရာမကိုကူညီနေသည်။
✔✔အထူးမှတ်ရန်✔✔
      ၁) ဝါကျတိုင်းတွင် အစဆုံးအက္ခရာတစ်လုံးကို Capital letter ခေါ် စာလုံးအကြီးဖြင့်စရေးရမည်။
၂။မေးခွန်းဝါကျများကို Question mark(?)ဖြင့် အဆုံးသတ်ပေးရမည်။
၃။မေးခွန်းမဟုတ်သော ဝါကျများကို Full stop(.)အမှတ်ဖြင့် အဆုံးသတ်ရမည်။
၎။"I” ဟူသောပုဒ်ကို အမြဲတမ်းစာလုံးအကြီးဖြင့် ရေးရမည်။
(က)Verb to be ဖြင့်ရေးသောအခါ Singular number ဧကဝုစ်ကြိယာဖြင့် ရေးရမည်။
(ခ)အခြား ကြိယာများဖြင့်ရေးသောအခါ ဗဟုဝုစ် ကြိယာဖြင့် ရေးရမည်။အောက်ပါပုံစံကိုကြည့်ပါ။
I am a boy.(Verb to be ကြိယာဖြစ်သောကြောင့် am ဖြင့်ရေးထာါး၏။)
I was a boy.
I have a book.(Verb to be မဟုတ် have အများဖြင့်ရေးထား၏။)
I go to school.
၅)You ဆိုသောပုဒ်သည် သင်သည် သင်တို့သည် ဟုဧကဝုစ် ဗဟုဝုစ်ကိန်း နှစ်မျိုးဖြစ်နိုင်၏။ သို့ရာတွင် ၄င်း You ကို အမြဲတမ်း ဗဟုဝုစ်ကြိယာဖြင့် ရေးရမည်။
Exam:
You are a boy.
သင်သည် လူကလေးတစ်ယောက် ဖြစ်သည်။
You are boys.
သင်တို့သည် လူကလေးများ ဖြစ်ကြသည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Online Learn English Grammar.
https://m.facebook.com/OnlineLearnEnglishGrammar/

No comments:

Post a Comment