<> မိသားစု အခြေအနေ <>
1. ကျွန်တော်/ကျွန်မ အိမ်ထောင်ရှိပါတယ်။
I am married. (or )
I am a married man. ( or )
I am a married woman.
2. သူက လူပျိုပါ။ / သူမက အပျို ပါ။
He is a bachelor./She is a bachelor girl.(or )
He/She is not married.
3. သူ / မ က လက်ထပ်ဖို့ စေ့စပ်ထားပါတယ်။
He/She is engaged to be married.
4. သူက မုဆိုးဖိုပါ။
He is a widower.
5. သူမက မုဆိုးမပါ။
She is a widow.
6. သူက မိန်းမနဲ့ ကွာရှင်းထားတယ်။
He has divorced his wife.(မယားကွာ တစ်ခုလပ်)
7. သူမက လင်ကွာ/တစ်ခုလပ် ပါ။
She is a divorcee.
8. ခင်ဗျားရဲ့ဇနီး အလုပ်လုပ်လား။
Is your wife working?
9. ဟုတ်ကဲ့။ ဘဏ်တစ်ခုမှာ ငွေကိုင်ပါ။
Yes, she is a cashier at a bank.
10. ဟင့်အင်း။မလုပ်ပါဘူး။သူမက အိမ်ရှင်မပါ။
No, she isn't. She is a housewife.
11. မိသားစု နေကောင်းကြရဲ့လား။
How's the family?
12. ဟုတ်ကဲ့။ နေကောင်းပါတယ်ခင်ဗျာ။
Oh, they are all fine, thank you.
13. သူတို့အားလုံးကို ကျွန်တော့်ရဲ့ နှုတ်ခွန်းဆက်စကား
ပြောပေးပါအုံး။/
မေတ္တာ၊ဂါရဝ ပို့သကြောင်း ပြောပေးပါအုံး။
Give everyone my kind regards.
***************************************
အရင်က တင်ပေးခဲ့ဖူးတဲ့ ပို့စ်အဟောင်းကို
ပြန်တင်ပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။
***************************************
If you want to speak English,
Speak English every day.
There's no other way.
<> With love and best wishes ! <>
* ကောင်းသော မေတ္တာဆန္ဒမွန်များဖြင့် *
#ဆရာဦးသိုက်ထွန်း-အင်္ဂလိပ်စာ
No comments:
Post a Comment