Tuesday, February 7, 2017

Verb ၏အဓိပ္ပါယ်နှင့် ရှင်းလင်းချက်

✔✔Verb ၏အဓိပ္ပါယ်နှင့် ရှင်းလင်းချက်✔✔
  ပြခဲ့ပြီးသော ဇယားတွင် (obj=ကံ ပုဒ်ကို ကို ဟု ဘာသာပြန်၍ သုံးရသည်။
Example: He wants (me) to go.သူ(ငါ့ကို)သွားစေချင်သည်။
He makes (her) come. သူက (သူမကို) လာခိုင်းသည်။
    🔎Can Could /May Might အထူး🔍
  နိုင်သည်၊ နိုင်ခဲ့သည်ဟု မြန်မာအသံထွက်တွင် အတူတူဖြစ်နေသော်လည်း အဓိပ္ပါယ်အားဖြင့် ခြားနားမှုရှိလေသည်။
(1)(A)You may learn English.
သင် အင်္ဂလိပ်စာ သင်ချင်လျှင် သင်နိုင်ပြီ၊ သင်ချင်လျှင် သင်တော့ဟု ခွင့်ပြုခွင်း (Permission)ကို ဖော်ပြလိုသော အခါ၍၄င်း။
(B) You may pass the exam.
သင်စာမေးပွဲ အောင်ချင်အောင်မည် ၊ အောင်မယ်ဆို အောင်နိုင်သည်ဟု မသေမချာ ခန့်မှန်းချက် (Possibility)ကို ဖော်ပြလိုသော အခါ၌၄င်း May နှင့် Might ကိုသုံးရမည်။
(2)Ma Tin Yee can read English papers.
မတင်ရီသည် အင်္ဂလိပ် သတင်းစာကို ဖတ်နိုင်သည်ဟု စွမ်းရည် သတ္တိ(Ability or Capacity)ကို ဖေိာပြလိုသော  အခါ Can နှင့် Could ကိုသုံးရမည်။May နှင့် Might ကို အထက်ပါအတိုင်း အရပ်သုံးစကားဖြင့် ဘာသာပြန်လျှင်ပို၍ ရှင်းလင်းလွယ်ကူသည့် အပြင် Can Could နှင့်လည်း လွယ်ကူစွာခြားနားနိုင်ပေသည်။
      ✴✴Should and Would✴✴
(က)Future-in-the past အတိတ်ကာလက ပြောခဲ့သော အနာဂတ်ကြိယာကို ပြန်လည်ရေးသားပြောဆိုသော အခါသုံးရသည်။
(Indirect Speech အခန်းတွင်ပြမည်။)
(ခ)မဖြစ်သေးသည်ကို စိတ်ကူးယဉ်ကြည့်သော အခါ၌လည်း သုံးရသည်။(Conditional and Unreal Past အခန်းတွင်ပြမည်။)
          ✳✳Used to and Habitual  Present✳✳
(က)လွန်ခဲ့သော အတိတ်က အလေ့အထ ဖြစ်ခဲ့၍ ယခုထိုအလေ့အထမရှိတော့ကြောင်း ပြောလိုသောအခါ  Used to ကိုသုံးရသည်။
Last year I used to go to Shwedagon on every Sunday. မနှစ်က ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း ရွှေတိဂုံဘုရားသို့ သွားလေ့ရှိခဲ့သည်။(သို့ရာတွင် ယခုနှစ်တော့ မသွားနိုင်ဟု ဆိုလိုသည်။)ယခုတိုင်ရှိနေသော အလေ့အထကို Simple present ခေါ်ရိုးရိုးကြိယာဖြင့် ရေးရမည်။Habitual present ဟုခေါ်၏။
I go to Shwedagon on every Sunday.
ကျွန်တော် တနင်္ဂနွေနေ့တိုင်း ရွှေတိဂုံဘုရားသို့သွားသည်။
            ✨Be going to✨
""လိမ့်မည်""ဟု မြန်မာဘာသာပြန်သော်လည်း shall နှင့် will ကဲ့သို့ အနာဂတ်ရိုးရိုး မဟုတ်ပေ။
(က)လူကတ္တားဖြစ်လျှင် ကြံရွယ်ချက်နှင့် သေချာမှုအဓိပ္ပါယ် Intention and Certainty ကိုလည်းဖော်ပြနိုင်သည်။
I am going to learn English.
ကျွန်တော် အင်္ဂလိပ်စာ သက်မည်ဟု စိတ်ကူးသည်။(ကြံရွယ်ချက်)
ကျွန်တော် အင်္ဂလိပ်စာ သင်မှာ သေချာသည်။(သေချာချက်)
(ခ)အရာဝတ္ထုက ကတ္တားဖြစ်လျှင် မုချဧကန် မလွဲမသွေဖြစ်မည့် Probability and Inevitability အဓိပ္ပါယ်ရှိသည်။
It is going to rain.မိုးသည် မလွဲဧကန်ရွာလိမ့်မည်၊ ရွာမှာသေချာသည်။
The sun is going to shine in a minute.
နေသည် တစ်မိနစ်အတွင်း မုချဧကန် သာလိမ့်မည်၊ သာမှာသေချာသည်။
           ❇❇Be to❇❇
Be to အကူကြိယာသည် must နှင့်အဓိပ္ပါယ် အားဖြင့်အတူဖြစ်၍ အတိအကျ အမိန့်ပေးလိုသောအခါ ညွှန်ကြားလိုသောအခါ တားမြစ်ပိတ်ပင်လိုသောအခါ သုံးရမည်။
Must မှာ အသုံးများ၍ Be to မှာ အလွန်အသုံးနည်းလေသည်။
All junior officers are to report to the colonel at once.(Military order)
အောက်တန်းအရာရှိများသည် ကားနယ်များသို့ ချက်ချင်းသတင်းပို့ကြရမည်။
               Must နှင့် Have to အထူး
''Must'' expresses obligation or compulsion from the speaker's view point.
''Have to'' Expresses external  obligation.
                             #LivingEnglishStructure#
ပြောသောသူ၏ အမိန့်ဆန္ဒပါလျှင် must ကိုသုံး၍ မလုပ်မဖြစ် မလွဲသာမရှောင်သာသော ပြင်ပအခြေနေတစ်ခုကြောင့် တာဝန်ရှိ၍လုပ် ရသောအခါ Have to ကိုသုံးရသည်။
must ကို ရမည် Have to ကိုရသည် ဟု ဘာသာပြန်အားဖြင့်ကွဲပြားနေပေသည်။
Ma Tin Yee must cook the rice.
မတင်ရီသည်ထမင်း ချက်ရမည်။(အခြားလူတစ်ယောက်က အမိန့်ပေးခိုင်းသည်။)
Ma Tin Yee has to cook the rice.
မတင်ရီသည် ထမင်းချက်ရသည်။(မည်သူမှမခိုင်း အခြားချက်မည့်သူမရှိ ထမင်းချက်ရန်သူ့တာဝန်ဖြစ်လာ၍ ချက်ရသည်။)
                 Want to and Want (obj) to
သွားချင်သည် စားချင်သည်/သွားစေချင်သည် စားစေချင်သည် စသည်ဖြင့် မြန်မာနှင့် အင်္ဂလိပ်နှစ်မျိုးလုံးတွင် အလွန်အသုံးများသည်။
wants to / wants (obj) to နေရာတွင် စကားပြောရ၌ ပိုမိုယဉ်ကျေးစေရန် would like to /should like to တို့ကို သုံးစွဲပြောဆိုကြလေသည်။should /would ပါသော်လည်း အတိတ်မဟုတ် ပစ္စုပ္ပန် သာဖြစ်သည်။
is willing to / are willing to တို့ကိုလည်း want to အစားသုံးနိုင်သည်။
I want to explain to you.(မှန်သည်)
I should like to explain to you.(ပို၍ယဉ်ကျေးသည်)
I am willing to explain to you.(မှန်သည်)
                   Make and Let အထူး
မူလကလုပ်ချင်နေသော အလုပ်တစ်ခုကို ကြီးကဲသူတို့က လိုက်လျောခွင့်ပေးသောအခါ  let ဖြင့်ရေးရပြော ရသည်။
My mother lets me go to cinema.
The teacher lets me go back home.
ကျွန်တော် ရုပ်ရှင်ကြည့်ချင်နေတာကို အမေကသွားခွင့်ပေးသည်။
ကျွန်တော် အိမ်ပြန်ချင်နေတာကို ဆရာကပြန်ခွင့်ပေးသည်။
တစ်စုံတစ်ယောက်က လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အတင်းအကြပ်အာဏာဖြင့်စေခိုင်းသောအခါ တ်ုက်တွန်းတောင်းပန်သောအခါ make ဖြင့် ရေးရပြောရမည်။
My mother makes me go to school.
ကျွန်တော်အမေက ကျွန်တော်ကို ကျောင်းသို့သွားခိုင်းသည်။
My sister makes me buy a comb.
ကျွန်တော်အမက ကျွန်တော်ကို ဘီးတစ်ချေင်းဝယ်ခိုင်းသည်။
          Should=သင့်/ထိုက်
Should ကို ခဲ့လိမ့်မည်ဟု အဓိပ္ပါယ်ဖြင့် သုံးသောအခါ I နှင် We ဖြင့်သာ သုံးရမည်။
I (We) should come.
ကျွန်တော်(တို့)လာခဲ့လိမ့်မည်။
should သင့်သည် ထိုက်သည် အဓိပ္ပါယ်ဖြင့် သုံးသောအခါ  ကတ္တားအားလုံးဖြင့်ရေးရပြောရမည်။
I(He/She) should come.
ကျွန်ုပ် (သူ/သူမ) လာသင့်သည်။
         🚩🚩 Seven Kinds of Verb🚩🚩
1)Verb to be .✔
2)Verb to have✔
3)Predicative use of Adjective✔
4)Simple Verb✔
5)Continuous Verb✔
6)Perfect Verb✔
7)Perfect continuous Verb✔
ဒုတိယပိုင်း ဝါကျအခန်းတွင် အထက်ပါ verb ၇မျိုးကို ပြခဲ့ပြီးသော ဇယားတွင်သွင်း၍ ဝါကျရေးနည်းများကို အစဉ်အတိုင်း ပြသွားပါမည်။

No comments:

Post a Comment