Saturday, June 16, 2018

ရုပ်​ရှင်​ကြည့်​ပြီး အင်္ဂလိပ့်​စာ​လေ့လာနည်း( ၇ )ချက်

ရုပ်​ရှင်​ကြည့်​ပြီး အင်္ဂလိပ့်​စာ​လေ့လာနည်း( ၇ )ချက်

1. ရုပ်​ရှင်​ကြည့်​ခါနီးတိုင်း ​ပျော်​ရွင်​မှူတစ်​ခုအတွက်​ကြည့်​တာမဟုတ်​ပဲ အင်္ဂလိပ့်​စာတိုးတတ်​ချင်​လို့ဆိုတဲ့ရည်​ရွယ်​ချက်​​လေးထားပါ။ ဒါက သင့်​ကို စိတ်​အ​နှောက်​အယှက်​ဖြစ်​​ကောင်းဖြစ်​နိုင်​ပါလိမ့်​မယ်​။ ဘာ​ကြောင့်​လဲဆို​တော့ လူအများစုက ရုပ်​ရှင်​ကို အ​ပျော်​သက်​သက်​ပဲကည့်​ချင်​ကြတာများလို့ပါ။ ဒါပင်​မဲ့ သင်​က အင်္ဂလိပ့်​စာ တိုးတတ်​ချင်​တာမဟုတ်​လား။အရင်​တုန်းက ဂရုမစိုက်​ခဲ့ရင်​​တောင်​ အခု ဒီစာ​လေးကို ဖတ်​ပြီးချိန်​ကစပြီး အာရုံစိုက်​ကြည့်​ပါ။

2. အင်္ဂလိပ့်​ရုပ်​ရှင်​တစ်​ခုကို သင်​ရိုညွန်းတမ်းလို သ​ဘောထားပြီး ကြည့်​ပါ။ ပထမဆုံးတစ်​​ခေါက်​မှာ မြန်​မာစာတန်းထိုးနဲ့ကြည့်​ပါ။ ပထမဆုံးတစ်​​ခေါက်​မှာ ရုပ်​ရှင်​ရဲ့ရသကိုခံစားလို့ရပါ​တယ်​။ ဒါပင်​မဲ့သင်​မ​မေ့ဖို့က သင်​ဟာ အင်္ဂလိပ့်​စာ​လေ့လာချင်​လို့ ကြည့်​​နေတယ်​ဆိုတာပါ။ လူအများစုက ကြည့်​ပြီးသားရုပ်​ရှင်​ကို ပြန်​မကြည့်​ချင်​ကြပါဘူး။ ဒါပင်​မဲ့သင်​က ပြန်​ကြည့်​ရပါလိမ့်​မယ်​၊ ​နောက်​တစ်​​ခေါက်​မှာ အင်္ဂလိပ့်​စာတန်းထိုးနဲ့ကြည့်​ပါ၊ ဒီတစ်​​ခေါက်​မှာ​ မှတ်​စုစာအုပ်​ ၂ အုပ်​ထားပါ။

3. ပထမတစ်​အုပ်​မှာ လက်​​တွေ့အသုံးဝင်​နိုင်​တဲ့ ဝါကျ​တွေကို​ရွေးမှတ်​ပါ။ ဥပမာ Anybodyhome? (`အိမ်​ရှင်​တို့´ ဆို​တဲ့သ​ဘောတရာမျိုးပါ။ တိုက်​ရိုက်​ပြန်​ရင်​​တော့ ``အိမ်​မှာလူရှိလား´´ လို့​ပြောတာပါ)Tell me about it! (တိုက်​ရိုက်​ဘာသာပြန်​ရင်​ငါ့ကို​ပြောပြစမ်းပါလို့​ပြောတာဖြစ်​ပြီး အသံအနိမ့်​အမြင့်​သုံးတဲ့​နေရာ​ပေါ် မူတည်​ပြီး တစ်​စုံတစ်​​ယောက်​​ပြောတာကို ``မှန်​လိုက်​​လေ´´ ဆိုတဲ့သ​ဘောနဲ့သုံးတာလည်းရှိတတ်​ပါတယ်​) ဒါဟာ ဥပမာ၂ ခုပဲဖစ်​ပြီး ရုပ်​ရှင်​ထဲမှာ အသုံးဝင်​ဝါကျများစွာ သင်​​တွေ့ပါလိမ့်​မယ်​။ ဒါမင်​မဲ့မှတ်​ရုံနဲ့မပြီးပါဘူး။ လူအများစုက ဒီအဆင့်​မှာပဲရပ်​သွား​လေ့ရှိပါတယ်​။ စာအုပ်​ထဲက ဝါကျကို​ခေါင်းမှာ မှတ်​မိဖို့​ဆိုတာ ​ပြောပြီး​လေ့ကျင့်​မှရပါတယ်​။ သင်​တတ်​​နေတဲ့ အင်္ဂလိပ့်​တစ်​ခုခုရှိပါသလား။ သင်​နဲ့အင်္ဂလိပ့်​လို​ပြော​နေကျ သူငယ်​ချင်းတစ်​​ယောက်​ရှိပါသလား၊ ရှိတယ်​ဆိုရင်​သူတို့နဲ့စကား ​ပြောချိန်​ကျရင်​ သင်​မှတ်​ထားတဲ့ ဝါကျ​တွေကိုအသုံးချပါ။ အခါအခွင့်​သင့်​တိုင်းထိုဝါကျ​တွေကို​ပြော​ပေးပါ။ မဟုတ်​ရင်​​တော့ သင့်​မှတ်စုစာအုပ်ထဲက စကားလုံး​တွေဟာ ဘယ်​​တော့မှ သင့်​​ခေါင်းထဲ​ရောက်​လာမှာမဟုတ်​ပါဘူး။ ခဏခဏ သုံး​ပေး​ရင်းသင့်​​ခေါင်းထဲမှာစွဲလာပါလိမ့်​မယ်​။ သင့်​အ​ခြေအ​နေကစကား​ပြောစရာမရှိတဲ့အ​ခြေအ​နေဆိုရင်​​တော့ မှန်​​ရှေရပ်​ပြီး​လေ့ကျင့်​ပါ။ မရှက်​ပါနဲ့။ တစ်​ခုခုကို ပြင်းပြင်းပြပြမလိုချင်​သ​ရွေ​တော့ သင်​ရမှာမဟုတ်​ပါဘူး။ သင့်​ဘဝတိုးတတ်​ဖို့လုပ်​​နေတာကိုသတိရပါ။

4. မှတ်​စုစာအုပ်​ ၂ အုပ်​လို့​ပြောခဲ့တဲ့အတွက်​ကျန်​တဲ့တစ်​အုပ်​က ဘာလုပ်​ဖို့လဲဆိုတာ​ပြောပြပါမယ်​။ ကျန်​တဲ့တစ်​အုပ်​က ရုပ်​ရှင်​ထဲမှာပါတဲ့စကားလုံး အသစ်​​တွေကိုမှတ်​ဖို့ပါ။ သင်​မသိ​သေးတဲ့စကားလုံးအသစ်​တစ်​ခု​တွေ့တိုင်းတစ်​ခါရပ်​ပြီး ထိုစကားလုံးကိုသင့်​မှတ်​စုစာဘအုပ်​ထဲမှာ ချမှတ်​ပါ။မှတ်​တဲ့အခါ Dictionary ပါသုံးပြီး Phonetic Symbol ပါထည့်​မှတ်​ပါ၊ ​နောက်​တစ်​ချက်​က မှတ်​တဲ့အခါ စကားလုံးတစ်​လုံးတည်းကိုသာထည့်​မမှတ်​ပါနဲ့။ ဝါကျတစ်​​ကြောင်းလုံးကိုချမှတ်​ပါ။ ဒါမှစကားလုံးကို ဘယ်​​နေရာမှာ သုံးလဲဆိုတာ တွဲပီးမှတ်​မိ​နေမှာပါ။ စာလုံး​တွေချမှတ်​လိုက်​ ရုပ်​ရှင်​ကြည့်​လိုက်​နဲ့မပြီးနိုင်​ဘူးဖြစ်​​နေရင်​လည်း မစိုးရိမ်​ပါနဲ့။ တစ်​​နေ့တည်းအပြီးကြည့်​ရမယ်​လို့ ဥပ​ဒေမှမရှိတာ၊ Study Hour တစ်​နာရီ​လောက်​ဆို လုံ​လောက်​ပါတယ်​။ မပြီး​သေးရင်​ ​နောက်​​နေ့ကျရင်​ ဆက်​ကြည့်​နိုင်​ပါတယ်​။ မအားဘူးလို့ ဆင်​​ခြေမ​ပေးပါနဲ့ Facebookတို့ Mobile league တို့အတွက်​​တောင်​ အချိန်​ရှိရင်​ မိမိဘဝအတွက်​ အသုံးဝင်​မယ့်​အရာအတွက်​​တော့ အချိန်​​ပေးသင့်​ပါတယ်​။

5. အ​ရေးကြီးဆုံးက​တော့ သင့်​မှတ်​စုစာအုပ်​ထဲက စကားလုံး​တွေကို သင်​အင်္ဂလိပ့်​စကား​ပြောလို့ အခါအခွင့်​သင့်​တိုင်း ထည့်​​ပြောဖို့ပါ။ သင်​မသုံးမပြုရင်​​တော့ ဗလာစာအုပ်​ဖိုး၊ ​ဘောပင်​ဖိုးနဲ့အချိန်​​တွေကုန်​သွားတာပဲ အဖက်​တင်​ပါလိမ့်​မယ်​။ ထိုစာလုံး​တွေကို အသုံးမချရင်​ စာရွက်​​ပေါ်မှာ ရှိ​နေတတ်​ပါတယ်​၊ယ၊ များများအသုံးပြုမှ​ခေါင်းထဲကို​ရောက်​တာပါ။

6. စာလုံး​တွေမှတ်​တဲ့အ​ကြောင်း​ပြောပြီး​တော့ Listening Skill အ​ကြောင်း နည်းနည်း​လောက်​​ပြောပါမယ်​၊ ရုပ်​ရှင်​ကြည့်​ခြင်းရဲ့အကြီးဆုံးအကျိုး​ကျေးဇူးက Speaking ​ကောင်းလာခြင်းပဲမဟုတ်​ပါဘူး၊ Listening Skill ပါတိုးတတ်​ လာခြင်းပါပဲ။ ဒါပင်​မဲ့ သင်​ရုပ်​ရှင်​ကြည့်​​နေတာကြာပြီ ဘာလို့ Listening Skill မတိုးတတ်​သေးတာလဲလို့​မေးလာနိုင်​ပါတယ်​။ အဓိကအ​ကြောင်းအရင်းက​တော့ ရုပ်​ရှင်​ကို အ​ပျော်​သက်​သက်​ကြည့်​လာခဲ့ခြင်း​ကြောင့်​ပါ။ အခုအချိန်​ကစပြီးရုပ်​ရှင်​ကြည့်​တိုင်း အင်္ဂလိပ့်​ စာတိုးတတ်​ချင်​စိတ်​ပါထည့်​ထားပါ။ သင်​ရဲ့အင်္ဂလိပ့်​စာအရည်​အ​သွေး သိသိသာသာကြီးတိုးတတ်​လာပါလိမ့်​မယ်​။

7. ရုပ်​ရှင်​ကို အင်္ဂလိပ့်​စာတန်းထိုးနဲ့ကြည့်​ပြီးပြီဆိုရင်​ ​နောက်​ဆုံးတစ်​​ခေါက်​အ​နေနဲ့ စာတန်းထိုးမပါပဲကည့်​ပါ။ ဒီတစ်​​ခေါက်​မှာ​တော့ သူတို့​ပြောတာ​တွေကိုအ​သေအချာနား​ထောင်​ပါ။ ​လေယူ​လေသိမ်းအသံအနိမ့်​အမြင့်​ Body Language ​တွေကို​လေ့လာပါ။ဥပမာ Come ´on (on ​ပေါ်မှာအသံဖိသည်​)Come`on (Come ​ပေါ်မှာအသံဖိသည်​) စာလုံး​ပေါင်းတူညီ​ပေမယ့်​ အသံအနိမ့်​အမြင့်​ ကွာသွားရင်​ အဓိပ္ပါယ်​ကွာသွားတတ်​ပါတယ်​။ လိုက်​​လေ့ကျင့်​ပါ၊ Speaking ​ရော Listening ပါ တိုးတတ်​လာပါလိမ့်​မယ်​။

ကျွန်​​တော်​ရဲ့ဘဝ မှာရုပ်​ရှင်​​တွေက အင်္ဂလိပ့်​စာတိုးတတ်​ဖို့ အဓိက အ​ထောက်​အပံ​ပေးခဲ့တာပါ။ တကယ်​​တော့ ရုပ်​ရှင်​​တွေ​ကြောင့်​အင်္ဂလိပ့်​စာတိုးတတ်​တာ ကျွန်​​တော်​တစ်​​ယောက်​တည်းမဟုတ်​ပါဘူး။ လွန်​ခဲ့တဲ့ ၂ နှစ်​​လောက်​က ကျွန်​​တော်​ ရုံးမှာ အင်္ဂလိပ့်​စာအရမ်း​ကောင်းတဲ့ နယ်​သာလန်​လူမျိုး​တွေနဲ့​တွေ့ခဲ့ပါတယ်​။ သူတို့အင်္ဂလိပ့်​စာ​ကောင်းလွန်းလို့ သူတို့ဘာ​ကြောသ့်​ ဒီ​လောက်​ထိ​ကောင်းရတာလဲ၊ သူတို့နိုင်​ငံမှာ လူတိုင်းလိုလို ဒီလိုပဲ အင်္ဂလိပ့်​စာ​ကောင်းကြတာလားလို့ ကျွန်​​တော်​​မေးကြည့်​မိပါတယ်​။ သူ​ဖြေခဲ့တာက​တော့ သူ​တို့နိုင်​ငံမှရုပ်​သံလိုင်း​တွေက ​ဟောလိဝုဒ်​ ရုပ်​ရှင်​ကား​တွေ၊ကို အင်္ဂလိပ့်​စာတန်းထိုး၊အင်္ဂလိပ့်​အသံ Audio Track နဲ့ပဲ ထုတ်​လွှင့်​တာပါ။ (တချို့နိုင်​ငံ​တွေမှာ ဘာသာပြန်​စာတန်းထိုးတတ်​ကြည့်​ပြီး​နောက်​ခံအသံကလည်းသူ​တို့ မိခင်​ဘာသာစကား Audio track နဲ့​ပြောင်းလဲထားတတ်​ကြပါတယ်​)။ သူတို့အားလုံးဟာ ဇာတ်​​ကားကောင်​ဆိုကြည့်​ချင်​ပြီး ကြည့်​တဲ့အခါမှာလည်း အင်္ဂလိပ့်​စာတန်းထိုး အင်္ဂလိပ့်​အသံနဲ့ဖြစ်​ခဲ့တဲ့အတွက်​ ငယ်​ငယ်​တည်းက နားထဲမှာ စွဲ​နေတာဖြစ်​တာ​ကြောင်းကျွန်​​တော် ကိုရှင်းပြပါတယ်​။ အရင်​တုန်းက ရုပ်​ရှင်​မကြည့်​လည်း အခုကစပြီး ကြည့်​ဖို့အကြံ​ပေးချင်​ပါတယ်​။ကိုရီးယားကား​တွေကြည့်​မယ့်​အစား အင်္ဂလိပ့်​စကား​ပြောရှင်​ရုပ်​​တွေပိုကြည့်​​စေချင်​ပါတယ်​။

တိုးတတ်​ချင်​ရင်​မိမိကိုယ်​မိမိပြန်​သုံးသပ်​ပါ၊

https://m.facebook.com/story.php?story_fbid=894602164045750&id=788676901304944

စကာပုံ များ စုစည်းမှူ (၁)

အင်္ဂလိပ့်​ဘာသာစကားကို စနစ်​တကျ​လေ့လာခြင်း (၁)
http://m.facebook.com/story.php?story_fbid=858415507664416&id=788676901304944

အင်္ဂလိပ့်​ဘာသာစကားကို စနစ်​တကျ​လေ့လာခြင်း (၂)
https://m.facebook.com/story.php?story_fbid=858511280988172&id=788676901304944

အင်္ဂလိပ့်​ဘာသာ စကားကို သင်​တန်းမတတ်​အား၍ Self Study လုပ်​ချင်​သူများအတွက်​ပါ။

https://m.facebook.com/story.php?story_fbid=848553141983986&id=788676901304944

ဘာသာပြန်​ရာတွင်​ လွယ်​ကူ​စေ​သောအချက်​အလက်​များ( သို့ )
ဘာသာပြန်​နည်းလမ်းညွန်

Credit
https://m.facebook.com/story.php?story_fbid=877205125785454&id=788676901304944

အီဒီယံ(Idioms) ဆိုတာဘာလဲ နှင့်​ A နှင့်​စ​သော အီဒီယံ(Idioms) စုစည်းမှူ

https://m.facebook.com/story.php?story_fbid=876246942547939&id=788676901304944

မိမိ (CV) ​​မိမိ CV (Curriculum Vitae)ကို လုပ်​ငန်းရှင်​ စိတ်​ဝင်​စား​အောင်
ဘယ်​လိုေးရမလဲ ?

https://m.facebook.com/story.php?story_fbid=871468823025751&id=788676901304944

နား​ထောင်​မှူစွမ်းရည်​ Listening Skill ​ကောင်းမွန်​​စေရန်​ ​လေ့ကျင့်​သင့်​သည်​ အချက်​ (၉) ချက်

https://m.facebook.com/story.php?story_fbid=870889096417057&id=788676901304944

Reading Skill ​ကောင်းမွန်​​စေရန်​ ​လေ့လာသင့်​သည့်​ အဓိက အချက်​များ။

https://m.facebook.com/story.php?story_fbid=871087416397225&id=788676901304944

အင်္ဂလိပ့်​ Speaking တိုးတတ်​​စေ​သောအဓိက အချက်​ ၆ ချက်

https://m.facebook.com/story.php?story_fbid=887334598105840&id=788676901304944

အခြား​သော Engilsh ဘာသာစကားနှင့်​ ပတ်​သတ်​​သော Post များကိုလည်း ဒီ Learning English Language Online Page ​လေးမှာ တင်​ပြ​ပေးသွားမှာ ဖြစ်​သည့်​အတွက်​ Follow (or) see first လုပ်​ထားကြ​ပါဗျို့။

တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား

Wednesday, June 13, 2018

Adjective အပိုင်း (၁)

Adjective အပိုင်း (၁)

Adjective ကို ဘယ်နေရာမှာ ထားကြမလဲ?
=======================

Noun ကို အထူးပြုတဲ့စကားလုံးကို Adjective လို့ခေါ်မှန်း သိပြီးရောပေါ့နော်။ အဲဒီ Adjective ကို ဘယ်နေရာမှာ ထားကြမလဲ။

♥ Adjective အများစုကို  ဝါကျတစ်ကြောင်းထဲက နေရာနှစ်မျိုးမှာ ထားလေ့ရှိတယ်။ ဒီပုံစံပေါ့။
◊ Adjective + Noun
◊ Subject + Linking verb (be, seem, look, etc.) + Adjective

အသေးစိတ် ကြည့်ကြမယ်နော်။

✒ 1. Noun (နာမ်) ရဲ့ရှေ့မှာ

1.1 The NEW secretary doesn’t like me.
အတွင်းရေးမှူးအသစ်က ငါ့ကို သဘောမကျဘူး။
1.2 She married a RICH businessman.
သူက ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။

✒ 2. Linking verb (ချိတ်ဆက်ပေးတဲ့ကြိယာတွေ- be, seem, look, appear, feel နဲ့ တခြားကြိယာတွေ) နောက်မှာ

2.1 That dress is NEW, isn’t it?
ဒီဝတ်စုံက အသစ်။ ဟုတ်တယ်မဟုတ်လား။
2.2 He looks RICH.
သူက ချမ်းသာတဲ့ပုံပဲ။

ဟုတ်ပြီ။ ဒါဆို adjective တိုင်းကို noun ရှေ့၊ verb အနောက် ထားလို့ရလား။ မရပါဘူး။

♥ တချို့ adjective တွေက noun ရှေ့မှာ သုံးနိုင်တယ်။ ဒါပေမဲ့ verb အနောက်မှာ သုံးလေ့မရှိဘူး။

ဥပမာ-
elder, eldest, little
Verb နောက်မှာ သုံးချင်ရင် older, oldest, small ဒါတွေ သုံးရတယ်။
အခု older, oldest နဲ့ elder, eldest ဘာကွာလဲ ဆိုတာပါ ဂရုပြုကြည့်ပေါ့။

1. My ELDER brother lives in Yangon.
ငါ့အစ်ကို ရန်ကုန်မှာနေတယ်။ (အောက်က စာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ)
2. He’s three years OLDER than me.
သူက ငါ့ထက် သုံးနှစ် အသက်ပိုကြီးတယ်။

♥ တချို့ adjective တွေကျပြန်တော့ verb အနောက်မှာပဲ ထားလို့ရတယ်။ noun ရှေ့မှာ သုံးလို့ မရပြန်ဘူး။
အတွေ့ရများတဲ့ စကားလုံးတွေကတော့
ill (နေမကောင်းသော),
well (နေကောင်းသော),
afraid (ကြောက်ရွံ့သော),
alive (အသက်ရှင်သော),
alone (တစ်ဦးတည်းဖြစ်သော),
asleep (အိပ်ပျော်သော)

Noun ရှေ့မှာ သုံးချင်ရင် sick, healthy, frightened, living, alone, sleeping ဒီစကားလုံးတွေ သုံးရတယ်။
ဝါကျတွေကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါ။

1.1 He looks ILL.
သူ နေမကောင်းတဲ့ပုံပဲ။
1.2 He’s a SICK man.
သူက နေမကောင်းတဲ့သူပါ။
2.1 Your mother is very WELL.
မင်းရဲ့အမေ သိပ်ကျန်းမာရေးကောင်းတယ်။
2.2 She’s a HEALTHY woman.
သူက ကျန်းမာတဲ့ အမျိုးသမီးပါ။
3.1  She’s ASLEEP.
သူအိပ်ပျော်နေတယ်။
3.2  A SLEEPING baby
အိပ်နေတဲ့ ကလေး

♥ အတိုင်းအတာတွေကို ဖော်ပြရင်တော့ အတိုင်းအတာပြတဲ့နာမ် (measurement-noun) နောက်မှာ ရေးရတယ်
two metres HIGH (NOT high two metres)
ten years OLD
two miles LONG

ဆရာစည်သူထက်
Ref: Basic English Usage

တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား

Adjective အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=881601158693369&id=576981195822035

Adjective အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=881602575359894&id=576981195822035

Adjective အပိုင်း (၃)
https://m.facebook.com/story.php?story_fbid=881604712026347&id=576981195822035

Adjective အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=881605395359612&id=576981195822035

Adjective အပိုင်း (၂)

Adjective အပိုင်း (၂)

Adjective တွေကို ဘယ်လိုစဉ်ကြမလဲ?
===================

Adjective တွေရဲ့ နေရာအကြောင်းကို ရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါက Adjective အစီအစဉ် (order) အကြောင်းကို ပြောချင်ပါတယ်။

Noun တစ်ခုရဲ့ ရှေ့မှာ Adjective တွေကို ပုံသေအစီအစဉ်နဲ့ ထားပါတယ်။
စည်းမျဉ်းအတိအကျတွေကတော့ ရှုပ်ထွေးပါတယ်။ ဒီတော့ အရေးအကြီးဆုံးပုံစံကိုပဲ မှတ်သားရအောင်ပါ။

♥ (1) colour (အရောင်)၊ origin (ပင်ရင်း= တစ်စုံတစ်ခု ဘယ်ကလာသလဲဆိုတာ)၊ material (ပစ္စည်း)၊ purpose (ရည်ရွယ်ချက်) ဒါတွေက အစဉ်အတိုင်း လာပါတယ်။
အောက်ကပုံစံလေး မှတ်သားပါ။

COLOUR   ORIGIN    MATERIAL PURPOSE NOUN
red   Spanish     leather riding boots

♥ (2) တခြား Adjective တွေကတော့ အရောင်ကိုပြတဲ့ Adjective တွေ (colour-adjectives) ရှေ့မှာလာပါတယ်။
a big black cat (NOT a black big cat)
the round glass table (NOT the glass round table)

♥ first (ပထမဆုံး)၊ last (နောက်ဆုံး)၊ next (လာမည့်၊ နောက်) ဆိုတဲ့ စကားလုံးတွေကတော့ ကိန်းဂဏန်း (number) တွေရဲ့ ရှေ့မှာလာလေ့ရှိပါတယ်။
the first three days (NOT the three first days)
my last two jobs (NOT my two last jobs)

Adjectives without nouns
====================

Adjective တွေကို noun နဲ့ တွဲသုံးရမယ်ချည်း မှတ်လာခဲ့တော့ noun မပါဘဲ သုံးနိုင်တယ်ဆိုတဲ့အခါ ဟုတ်မှဟုတ်ပါ့မလားလို့ တွေးမိနေမယ်ထင်တယ်။ တကယ်တော့ ခြွင်းချက်လေးတွေ ရှိပါတယ်။

♥ 1. မတူညီတဲ့အမျိုးအစားနှစ်ခု သို့မဟုတ် သုံးခု (ဥပမာ- ကား၊ နွားနို့၊ စီးကရက်၊ ပေါင်မုန့်) ကို ရွေးချယ်တဲ့အကြောင်းပြောတဲ့အခါ Noun ကို ထည့်မပြောလည်း ရပါတယ်။
“Have you got any bread?” “Do you want white or brown?”
ခင်ဗျားမှာ ပေါင်မုန့်ရှိလား။ မင်းက အဖြူလိုချင်တာလား၊ အညိုလိုချင်တာလား။
(ပေါင်မုန့်အဖြူ၊ ပေါင်မုန့်အညို ဆိုပြီး noun ထည့်မပြောလည်း ရတယ်။)

♥ 2. အဓိပ္ပာယ်က ရှင်းနေမယ်ဆိုရင် အသာလွန်ဆုံးအဆင့်နာမဝိသေသန (superlative adjective) တွေကို noun မပါဘဲ သုံးနိုင်တယ်။
I’m the TALLEST in my family.
ကျွန်တော့်မိသားစုမှာ ကျွန်တော်က အရပ်အရှည်ဆုံး။
“Which one shall I get?” “The CHEAPEST.”
"ကျွန်တော်ဘယ်ဟာကို ရမလဲ။" "ဈေးအပေါဆုံးကိုပေါ့။"

♥ 3. သီးခြားအခြေအနေတွေမှာရှိတဲ့လူတွေအကြောင်းကို ပြောပြဖို့ Adjective ကို the နဲ့ တွဲပြီးသုံးနိုင်တယ်။
He’s collecting money for THE BLIND.
သူက မျက်မမြင်တွေအတွက် ပိုက်ဆံစုဆောင်းနေတယ်။

◊ ဒီပုံစံက အားလုံးကို ခြုံငုံမိတဲ့ အများကိန်းပုံစံရှိတယ်ဆိုတာ သတိထားပါ။ the blind ဆိုတာ မျက်မမြင်အားလုံးကို ပြောတာပါ။ မျက်မမြင်တစ်ယောက်၊ ဒါမှမဟုတ် တချို့မျက်မမြင်တွေကို ပြောတာမဟုတ်ပါဘူး။
ဒီလိုမျိုးအတွေ့ရများတဲ့ ပုံစံတွေကတော့-

the dead (လူသေများ)
the sick (မကျန်းမာသူများ)
the blind (မျက်မမြင်များ)
the deaf (နားမကြားသူများ)
they rich (လူချမ်းသာများ)
the poor (လူဆင်းရဲများ)
the unemployed (အလုပ်လက်မဲ့များ)
the young (လူငယ်များ)
the old (လူကြီးများ)
the handicapped (မစွမ်းမသန်သူများ)
the mentally ill (စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူများ)

ဆရာစည်သူထက်
Ref: Basic English Usage

တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား

Adjective အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=881601158693369&id=576981195822035

Adjective အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=881602575359894&id=576981195822035

Adjective အပိုင်း (၃)
https://m.facebook.com/story.php?story_fbid=881604712026347&id=576981195822035

Adjective အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=881605395359612&id=576981195822035

Adjective အပိုင်း (၃)

Adjective အပိုင်း (၃)

Adjective Clauseအကြောင်းလေ့လာရန်………
```Adjective Clause´´´

Subjectနဲ့verbပါတဲ့စကားစုကိုClauseလို့ခေါ်တယ်။Adjective Clauseကိုလေ့လာမယ်ဆိုရင်Relative PronounအသုံးကRelative Clauseရေးနည်းကိုသိထားရင်လွယ်ပါတယ်။Adjective Clauseတို့ဟာnounကိုအထူးပြုပြီးadjectiveရဲ့အလုပ်ကိုလုပ်တယ်။ဘာသာပြန်တဲ့အခါ"သော/တဲ့"စသဖြင့်ဘာသာပြန်ရတယ်။Adjective Clauseကသူအထူးပြုတဲ့nounရဲ့နောက်မှာလိုက်တယ်။
Relative Pronounပုံစံနဲ့တူပါတယ်သေလာချာလေ့လာပါ……
ကျွန်တော်ရှင်းပြတဲ့အခါAdjective Clauseကိုသိသာအောင်Capital Letterနဲ့ဖော်ပြပေးပါ့မယ်။

Eg(1)The girl won six distinctions.(မိန်းကလေးကဂုဏ်ထူးခြောက်ဘာသာထွက်တယ်)
She is Su Su.(သူမကစုစုဖြစ်တယ်)
ကဲဒီဝါကျနှစ်ကြောင်းမှာကြည့်မယ်………
အထက်ပါဝါကျနှစ်ကြောင်းကိုမြန်မာလိုစဉ်းစားမယ်တစ်ကြောင်းတည်းဖြစ်အောင်ဆက်ကြည့်မယ်။"ဂုဏ်ထူးခြောက်ဘာသာထွက်သောမိန်းကလေးသည်စုစုဖြစ်သည်"ရေးမလား"ဂုဏ်ထူးခြောက်ဘာသာထွက်သောစုစုသည်မိန်းကလေးဖြစ်သည်"ရေးမလား။ပထမအကြောင်းကတော့ပိုအဆင်ပြေမယ်။ကဲဒါဆို"ဂုဏ်ထူးခြောက်ဘာသာထွက်သောမိန်းကလေး"ဆိုတာကိုဖြစ်အောင်the girlရဲ့နောက်မှာလူဖြစ်တော့whoကိုသုံးမယ်။ဂုဏ်ထူးခြောက်ဘာသာထွက်သည်(won six distinctions)ရှေ့မှာwhoထည့်လိုက်ရင်"ဂုဏ်ထူးခြောက်ဘာသာထွက်သော(who won six distinctions)"လို့ဖြစ်မယ်။အဲဒါကthe girlကိုအထူးပြုချင်တဲ့အတွက်the girlရဲ့နောက်မှာရေးမယ်"The girl WHO WON SIX DISTINCTIONS(ဂုဏ်ထူးခြောက်ဘာသာထွက်သောမိန်းကလေး)"လို့ဖြစ်ပြီးနောက်ဝါကျနဲ့ဆက်မယ်။နောက်ဝါကျမှာရှိတဲ့Sheကthe girlနဲ့တူတော့sheနေရာမှာthe girlရောသူ့ကိုအထူးပြုတဲ့clauseရောရေးမယ်ဆိုရင်………
The girl WHO WON SIX DISTINCTIONS is Su Su.
(ဂုဏ်ထူးခြောက်ဘာသာထွက်သောမိန်းကလေးသည်စုစုဖြစ်သည်)
လို့ဖြစ်သွားမယ်။အဲမှာWHO WON SIX DISTINCTIONS.ဆိုတဲ့Clauseသည်the girlကိုအထူးပြုပြီးadjectiveရဲ့အလုပ်ကိုလုပ်တဲ့clauseဖြစ်လို့adjective clauseလို့ခေါ်တယ်။Relative တွေနဲ့စရေးလို့Relative Clauseလို့လည်းခေါ်တယ်။

နောက်တစ်ခုလေ့လာမယ်………
The man is a famous writer.
(လူကြီးကနာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တယ်)
The boy met him yesterday.
(ယောက်ကျားလေးကသူ့ကိုမနေ့ကတွေ့ခဲ့တယ်)
ဒီဝါကျနှစ်ကြောင်းမှာပထမဝါကျရှိthe manကဒုတိယဝါကျမှာရှိတဲ့himနဲ့တူတူပဲဖြစ်တယ်။
ကဲဒါဆိုရင်ဒုတိယဝါကျရှိhimနေရာမှာobjမလို့whomထည့်လိုက်ရင်"The boy met whom yesterday"လို့ရေးမယ်။အဲမှာRelative Pronounဖြစ်တဲ့whomကိုဝါကျရှေ့ပို့ရင်Whom the boy met yesterdayလို့ဖြစ်မယ်။whomကပထမဝါကျရှိthe manအစားသုံးထားတာဖြစ်လို့သူနောက်မှာကပ်ရေးမယ်။"The man WHOM THE BOY MET YESTERDAY.(ယောက်ကျားလေးမနေ့ကတွေ့ခဲ့သောလူကြီး)"လို့ဖြစ်သွားမယ်။အဲဒါကိုပထမဝါကျနဲ့ရဲ့ကျန်ဝါကျနဲ့ဆက်တော့…………
The man WHOM THE BOY MET YESTERDAY is a famous writer.
(ယောက်ကျားလေးမနေ့ကတွေ့ခဲ့သောလူကြီးသည်နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်သည်)လို့ဖြစ်သွားမယ်။အဲမှာwhom the boy met yesterdayဆိုတဲ့clauseကthe manကိုအထူးပြုပြီးadjectiveရဲ့အလုပ်ကိုလုပ်တဲ့clauseဖြစ်လို့adjective clauseလို့ခေါ်တယ်။whomဆိုတဲ့relative pronounနောက်မှာsub+verbပါတဲ့အတွက်Omissiomအရwhomကိုဖြုတ်ထားနိင်တယ်။
The man THE BOY MET YESTERDAY is a famous writer.
လို့ဖြစ်သွားမယ်။

Relative pronounတစ်ခုကsubjectအစားသုံးထားရင်သူနောက်မှာverbလိုက်လိမ့်မယ်။objectအစားသုံးထားရင်subject+verbပုံစံရှိနေလိမ့်မယ်ဆိုတာသတိပြုပါ။

နောက်ဝါကျလေးတွေဆက်ကြည့်မယ်………
Eg(1)Mg Mg was born in the year 1948 WHEN MYANMAR GAINED THE INDEPENDENCE.
(မြည်မာပြည်လွတ်လပ်ရေးရသော1948ခုနှစ်မှာမောင်မောင်ကိုမွေးခဲ့တယ်)

Eg(2)Ko Ko died in the village WHERE HE WAS BORN.
(ကိုကိုမွေးတဲ့ရွှာမှာပဲကိုကိုသေသွားခဲ့တယ်)

Eg(3)This is the reason WHY I CANNOT COME TO YOU.
(ဒါကကျွန်တော်သင့်ထံမလာနိင်တဲ့အကြောင်းဖြစ်တယ်)
အထက်ပါဖော်ပြတဲ့စာကြောင်းမှာရှိတဲ့when/where/whyတို့ဟာadjective clauseတွေပါ။သူတို့ကRelative Adverbပါ။Relative pronounမဟုတ်ပါ။

Adjective Clauseကို(2)မျိုးခွဲထားသေးတယ်။
(1)Defining clause
(2)Non-defining clauseဆိုပြီးခွဲထားတယ်။

(1)Defining Clauseဆိုတာအပေါ်မှာရှင်းပြပေးတဲ့ဟာတွေကိုပြောတာပါ။"သော/တဲ့"လို့ဘာသာပြန်ရတယ်။Defining clauseကnoumတွေကိုသီးခြားထုတ်ပြတယ်။
Eg.I spoke to the man WHO OWNS THE HOTEL.
(ကျွန်တော်ဟော်တယ်ပိုင်တဲ့လူကိုစကားပြောခဲ့တယ်)
Defining clauseမှာwhich/whomရှေ့မှာprepositionကိုထားသုံးနိင်တယ်။
Eg.The book is here.(စာအုပ်ကဒီမှာ)
You are looking for it.(မင်း၎င်းကိုရှားနေတယ်)
ကဲဒါကိုရေးရင်ရှေ့ဝါကျကthe bookကနောက်ဝါကျရှိitနဲ့တူတယ်။ဒါဆိုitနေရာမှာသက်မဲ့ဖြစ်လို့whichထည့်မယ်။You are looking for which.ပေါ့။whichကိုဝါကျရှေ့ပို့မယ်။which you are looking for.လို့ဖြစ်မယ်။အဲနောက်ရှေ့ဝါကျရှိthe bookနောက်ထားမယ်။
the book which you are looking forဖြစ်မယ်။နောက်ဝါကျမှာရှိတဲ့lookingနောက်ကforဆိုတဲ့prepositionကိုRelative pronounရှေ့ပို့မယ်။The book for which you are looking.လို့ဖြစ်မယ်။ရှေ့ဝါကျရဲ့နောက်မှာရှိတာနဲ့ဆက်မယ်။The book FOR WHICH YOU ARE LOOKING is here.လို့ဖြစ်မယ်။နေ့စဉ်သုံးမှာတော့prepositionကိုverbနောက်မှာပဲThe book WHICH YOU ARE LOOKING FOR is here(မင်းရှာနေသောစာအုပ်ဒီမှာ)လို့ရေးပါတယ်။

(2)Non-defining clauseဆိုတာadjective clause/relative clauseတစ်ခုကိုရှေ့နောက်comma(,)နှစ်ခုခံရေးတယ်။အဲလိုရေးတဲ့အခါ"သော/တဲ့"လို့ဘာသာပြန်ရင်အဆင်မပြေဘူး။defining clauseမှာတော့comma(,)ခံစရာမလိုဘူး။Non-defining clauseကိုအရေးမှာပဲသုံးပါတယ်။defining clauseကိုအရေးရောအပြောပါသုံးတယ်။
eg.Mg Mg's father,WHO IS 72,takes a bath every day.
(မောင်မောင်အဖေကအသက်၇၂နှစ်ရှိပြီ။သူကနေ့တိုင်းရေချိုးတယ်)
ကဲအဲnon-defining clauseကိုcommaဖြုတ်လိုက်ရင်defining clauseဖြစ်ရော………

မှတ်ချက်
*defining clauseမှာလူsubအတွက်whoနဲ့thatနှစ်မျိုးသုံးနိင်တယ်။non-defining clauseမှာလူsubအတွက်whoပဲသုံးရတယ်။thatသုံးမရပါ။
*defining clauseမှာလူobjအတွက်who,whom,thatတွေကိုသုံးလို့ရတယ်။ဒါပေမဲ့objအတွက်သုံးတဲ့အခါမှာwho,whom,thatတို့ကိုမထည့်ပဲမြှပ်ရေးနိင်တယ်။none-defining clauseမှာတော့objအတွက်whomကိုပဲသုံးတယ်။
*defining clauseမှာသက်မဲ့အရာဝတ္တုsubအတွက်which,thatနှစ်ခုလုံးသုံးနိင်တယ်။non-defining clauseမှာသက်မဲ့subအတွက်whichကိုပဲသုံးတယ်thatကိုမသုံးဘူး။
*defining clauseမှာသက်မဲ့အရာဝတ္တုobjအတွက်which,thatနှစ်ခုလုံးသုံးနိင်တယ်။objအတွက်ရေးတဲ့အခါwhich,thatကိုမထည့်ဘဲမြှပ်ရေးတယ်။non-defining clauseမှာသက်မဲ့objအတွက်whichကိုပဲသုံးတယ်။မြှပ်ရေးလို့မရပါ
…………………
နားလည်လောက်ပြီထင်ပါတယ်
May all beings be peaceful!
With the best intentions,
***Si Thu Aung***
တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား

Adjective အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=881601158693369&id=576981195822035

Adjective အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=881602575359894&id=576981195822035

Adjective အပိုင်း (၃)
https://m.facebook.com/story.php?story_fbid=881604712026347&id=576981195822035

Adjective အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=881605395359612&id=576981195822035

Adjective အပိုင်း (၄)

Adjective အပိုင်း (၄)

Adjective Clause - နာမဝိသေသန စကားစု

v  Adjective clause ဟာသာမာန်  adjလိုပဲ နာမ်နဲ့နာမ်စားများကိုအထူးပြုနိုင်ပါတယ်။
v  Adjective Clause မှာ subject , verb, object အစုံရှိသောလည်း ဝါကျမဟုတ်သော စကားစုများဖြစ်ပါတယ်..


·         Who လူပုဂ္ဂိုလ်အားအထူးပြုရန်
·         Whom ကံပုဒ်ဖြစ်တဲ့ လူအားအထူးပြုရန်
·         Whose လူတစ်ဦးရဲ့ပိုင်ဆိုင်မှုကိုဖော်ပြရန်
·         Which တိရစ္ဆာန်၊ပစ္စည်းများကိုအထူးပြုရန် (လူအားလည်းသုံးနိုင်)
·         That လူ၊ပစ္စည်း၊တိရစ္ဆာန်များကိုအထူးပြုရန်(လူအားအထူးပြုတဲ့အသုံးနည်းပါး)
·         Where  -နေရာကိုအထူးပြုရန်
·         When  တိုဖြစ်ကြပါတယ်…အချိန်ကိုအထူးပြုရန်

မြန်မာလို  ကျွန်နော်ချစ်သောကေါင်မလေး လို့ရေးချင်ရင်…..The girl whom I love လို့ရေးနိုင်ပါတယ်..ဒါပေမဲ့ The girl whom I love ကဝါကျတစ်ခုမဟုတ်သေးပါဘူး..စကားစုသာဖြစ်ပါတယ်….ဝါကျတစ်ခုဖြစ်ရန်..main verb တစ်ခုအနည်းဆုံးသေးပါတယ်..

ကျွန်နော်ချစ်တဲ့ကေါင်မလေးက သဘောကေါင်းတယ် ကို အင်္ဂလိပ်လိုရေးမယ်ဆိုရင်…

The girl who I love is good-natured. လို့ရေးရပါမယ်၊ ဒီဝါကျတွင် The girl who I love ဆိုတဲ့ adjective clause ဟာ subjectဖြစ်ပြီး ၄င်း၏ verbကတော့ is ဖြစ်ပါတယ်။

Who--ဖြင့်အထူးပြုပုံ

The girl who I like ကျွန်နော်ကြိုက်တဲ့ကေါင်မလေး

The teacher who I respect most ကျွန်နော်အရိုသေရဆုံးဆရာ

The actor who is my favorite ငါ့ရဲ့အကြိုက်ဆုံး သရုပ်ဆောင်မင်းသား

Whose - ဖြင့်အထူးပြုပုံ

Su Su whose mother lives abroad - သူ့အမေနိုင်ငံခြားမှာနေတဲ့စုစု

The people whose names are on the list စာရင်းမှာနာမည်ပါတဲ့လူများ

ဒီစကားစုမှာ စုစုရဲ့အမေ သို့မဟုတ် စုစုပိုင်ဆိုင်တဲ့အရာကို whose ဖြင့်အထူးပြုလိုက်တာဖြစ်ပါတယ်

Which - ဖြင့်အထူးပြုပုံ

The color which I love most  ကျွန်နော်အကြိုက်ဆုံးအရောင်

The movie which I will watch today ကျွန်နော်ဒီညကြည့်မယ်ဇာတ်ကား

That -ဖြင့်အထူးပြုပုံ

The book that I am reading now - ကျွန်နော်အခုဖတ်နေတဲ့စာအုပ်

The city that I live ကျွန်နော်နေသောမြို့

The company that I work for ကျွန်နော်အလုပ်လုပ်တဲ့ကုမ္ပဏီ

That နဲ့ which ဘာကွဲလဲ

That နဲ့ which ဟာပစ္စည်း၊တိရစ္ဆန်စတဲ့အရာဝတ္ထုတွကိုအထူးပြုတာချင်းတူပါတယ်..ဒါပေမဲ့ which ကပိုပြီးတိကျပါတယ်..ဥပမာ လူတစ်ယောက်ရဲ့ choice ကိုဖော်ပြတဲ့အခါမျိုးမှာ which ကိုသုံးပါတယ်…အရောင်တွေထဲကမှ အဝါရောင်ကိုကိုက ကြိုက်တယ်လို့တိကျဖော်ပြတဲ့အခါမျိုးမှာ which ကိုအသုံးများပါတယ်..that ကိုလည်းသုံးနိုင်ပါတယ်..

အောက်ပါနမူနာဝါကျများကိုသေချာလေ့လာပါ

Ø  Pizza which most people love, is not very healthy.
Ø  လူအများစုကြိုက်တဲ့ ပီဇာဟာ ကျမ်းမာရေးအတွက်သိပ်မကေါင်းပါဘူး

Ø  The people whose names are on the list will go to camp.
Ø  စရင်းမှာနာမည်ပါတဲ့လူတွေ..စခန်းသို့သွားရမယ်

Ø  Grandpa remembers the old days when there was no television.
Ø  အဖိုးက TV မရှိခဲ့တဲ့အရင်ခေတ်ကိုမှတ်မိတယ်

Ø  Fruit that is grown organically is expensive.
Ø  သဘာဝအလျှောက်ပေါက်တဲ့အသီးတွေဟာဈေးကြီးတယ်

Ø  Students who are intelligent get good grades.
Ø  ညာဏ်ကေါင်းတဲ့ကျောင်းသားတွေဟာ အဆင့်ကေါင်းကေါင်းရကြတယ်

Copy #Shwe English Lessons
တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား
#########

Adjective Clause (object)

အခုရှင်းပြမှာက Adjective Clauseရဲ့ object က subject ကို referလုပ်​ပုံ​လေးပါ။

For example

The man whom I trust
ငါယုံကြည်​တဲ့လူတစ်​​ယောက်

အဲဒီစာ​ကြောင်းကလုံးဝမပြည့်​စုံ​သေးပါဘူး။ဘာ​ကြောင့်​whomထည့်​ရသလဲဆို​တော့​နောက်​က the man သည်​ငါယုံကြည်​ခြင်းကိုခံရတဲ့သူဖြစ်​​သော​ကြောင့်​ဖြစ်​ပါတယ်​။အဲဒါဆိုရင်​ငါယုံကြည်​တဲ့လူတစ်​​ယောက်​ကဘာဆက်​ဖြစ်​လဲစဉ်းစားရမယ်​။

The man is very kind.
လူတစ်​​ယောက်​ကအရမ်းကြင်နာ​တယ်​။

The man should be admired by all people.
လူတစ်​​ယောက်​ကိုလူ​တွေအားလုံးကအားကျသင့်​တယ်​။

ပေါင်စပ်​ပုံ

The man whom I trust is very kind.
ငါယုံကြည်​တဲ့လူတစ်​​ယောက်​ကအရမ်းကြင်​နာတယ်​။

The man whom I trust should be admired by all people.
ငါယုံကြည်​တဲ့လူတစ်​​ယောက်​ကိုလူ​တွေအားလုံးကအားကျသင့်​တယ်​။

With love,
Ei Khin Khin Kyaw

တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား
Clause

1. Noun Clause
https://bit.ly/2tR6d9K

2. Adjective Clause
https://bit.ly/2JugvEf

3. Adverb Clause
https://bit.ly/2sWYPpz

4. If Clause
https://bit.ly/2l3P8Ch

Adjective အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=881601158693369&id=576981195822035

Adjective အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=881602575359894&id=576981195822035

Adjective အပိုင်း (၃)
https://m.facebook.com/story.php?story_fbid=881604712026347&id=576981195822035

Adjective အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=881605395359612&id=576981195822035