Adjective အပိုင်း (၂)
Adjective တွေကို ဘယ်လိုစဉ်ကြမလဲ?
===================
Adjective တွေရဲ့ နေရာအကြောင်းကို ရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါက Adjective အစီအစဉ် (order) အကြောင်းကို ပြောချင်ပါတယ်။
Noun တစ်ခုရဲ့ ရှေ့မှာ Adjective တွေကို ပုံသေအစီအစဉ်နဲ့ ထားပါတယ်။
စည်းမျဉ်းအတိအကျတွေကတော့ ရှုပ်ထွေးပါတယ်။ ဒီတော့ အရေးအကြီးဆုံးပုံစံကိုပဲ မှတ်သားရအောင်ပါ။
♥ (1) colour (အရောင်)၊ origin (ပင်ရင်း= တစ်စုံတစ်ခု ဘယ်ကလာသလဲဆိုတာ)၊ material (ပစ္စည်း)၊ purpose (ရည်ရွယ်ချက်) ဒါတွေက အစဉ်အတိုင်း လာပါတယ်။
အောက်ကပုံစံလေး မှတ်သားပါ။
COLOUR ORIGIN MATERIAL PURPOSE NOUN
red Spanish leather riding boots
♥ (2) တခြား Adjective တွေကတော့ အရောင်ကိုပြတဲ့ Adjective တွေ (colour-adjectives) ရှေ့မှာလာပါတယ်။
a big black cat (NOT a black big cat)
the round glass table (NOT the glass round table)
♥ first (ပထမဆုံး)၊ last (နောက်ဆုံး)၊ next (လာမည့်၊ နောက်) ဆိုတဲ့ စကားလုံးတွေကတော့ ကိန်းဂဏန်း (number) တွေရဲ့ ရှေ့မှာလာလေ့ရှိပါတယ်။
the first three days (NOT the three first days)
my last two jobs (NOT my two last jobs)
Adjectives without nouns
====================
Adjective တွေကို noun နဲ့ တွဲသုံးရမယ်ချည်း မှတ်လာခဲ့တော့ noun မပါဘဲ သုံးနိုင်တယ်ဆိုတဲ့အခါ ဟုတ်မှဟုတ်ပါ့မလားလို့ တွေးမိနေမယ်ထင်တယ်။ တကယ်တော့ ခြွင်းချက်လေးတွေ ရှိပါတယ်။
♥ 1. မတူညီတဲ့အမျိုးအစားနှစ်ခု သို့မဟုတ် သုံးခု (ဥပမာ- ကား၊ နွားနို့၊ စီးကရက်၊ ပေါင်မုန့်) ကို ရွေးချယ်တဲ့အကြောင်းပြောတဲ့အခါ Noun ကို ထည့်မပြောလည်း ရပါတယ်။
“Have you got any bread?” “Do you want white or brown?”
ခင်ဗျားမှာ ပေါင်မုန့်ရှိလား။ မင်းက အဖြူလိုချင်တာလား၊ အညိုလိုချင်တာလား။
(ပေါင်မုန့်အဖြူ၊ ပေါင်မုန့်အညို ဆိုပြီး noun ထည့်မပြောလည်း ရတယ်။)
♥ 2. အဓိပ္ပာယ်က ရှင်းနေမယ်ဆိုရင် အသာလွန်ဆုံးအဆင့်နာမဝိသေသန (superlative adjective) တွေကို noun မပါဘဲ သုံးနိုင်တယ်။
I’m the TALLEST in my family.
ကျွန်တော့်မိသားစုမှာ ကျွန်တော်က အရပ်အရှည်ဆုံး။
“Which one shall I get?” “The CHEAPEST.”
"ကျွန်တော်ဘယ်ဟာကို ရမလဲ။" "ဈေးအပေါဆုံးကိုပေါ့။"
♥ 3. သီးခြားအခြေအနေတွေမှာရှိတဲ့လူတွေအကြောင်းကို ပြောပြဖို့ Adjective ကို the နဲ့ တွဲပြီးသုံးနိုင်တယ်။
He’s collecting money for THE BLIND.
သူက မျက်မမြင်တွေအတွက် ပိုက်ဆံစုဆောင်းနေတယ်။
◊ ဒီပုံစံက အားလုံးကို ခြုံငုံမိတဲ့ အများကိန်းပုံစံရှိတယ်ဆိုတာ သတိထားပါ။ the blind ဆိုတာ မျက်မမြင်အားလုံးကို ပြောတာပါ။ မျက်မမြင်တစ်ယောက်၊ ဒါမှမဟုတ် တချို့မျက်မမြင်တွေကို ပြောတာမဟုတ်ပါဘူး။
ဒီလိုမျိုးအတွေ့ရများတဲ့ ပုံစံတွေကတော့-
the dead (လူသေများ)
the sick (မကျန်းမာသူများ)
the blind (မျက်မမြင်များ)
the deaf (နားမကြားသူများ)
they rich (လူချမ်းသာများ)
the poor (လူဆင်းရဲများ)
the unemployed (အလုပ်လက်မဲ့များ)
the young (လူငယ်များ)
the old (လူကြီးများ)
the handicapped (မစွမ်းမသန်သူများ)
the mentally ill (စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူများ)
ဆရာစည်သူထက်
Ref: Basic English Usage
တဆင့်ဖြန့်ဝေသူ
တက္ကသိုလ်စာသင်သား
Adjective အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=881601158693369&id=576981195822035
Adjective အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=881602575359894&id=576981195822035
Adjective အပိုင်း (၃)
https://m.facebook.com/story.php?story_fbid=881604712026347&id=576981195822035
Adjective အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=881605395359612&id=576981195822035
No comments:
Post a Comment