Wednesday, June 13, 2018

Adjective အပိုင်း (၁)

Adjective အပိုင်း (၁)

Adjective ကို ဘယ်နေရာမှာ ထားကြမလဲ?
=======================

Noun ကို အထူးပြုတဲ့စကားလုံးကို Adjective လို့ခေါ်မှန်း သိပြီးရောပေါ့နော်။ အဲဒီ Adjective ကို ဘယ်နေရာမှာ ထားကြမလဲ။

♥ Adjective အများစုကို  ဝါကျတစ်ကြောင်းထဲက နေရာနှစ်မျိုးမှာ ထားလေ့ရှိတယ်။ ဒီပုံစံပေါ့။
◊ Adjective + Noun
◊ Subject + Linking verb (be, seem, look, etc.) + Adjective

အသေးစိတ် ကြည့်ကြမယ်နော်။

✒ 1. Noun (နာမ်) ရဲ့ရှေ့မှာ

1.1 The NEW secretary doesn’t like me.
အတွင်းရေးမှူးအသစ်က ငါ့ကို သဘောမကျဘူး။
1.2 She married a RICH businessman.
သူက ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။

✒ 2. Linking verb (ချိတ်ဆက်ပေးတဲ့ကြိယာတွေ- be, seem, look, appear, feel နဲ့ တခြားကြိယာတွေ) နောက်မှာ

2.1 That dress is NEW, isn’t it?
ဒီဝတ်စုံက အသစ်။ ဟုတ်တယ်မဟုတ်လား။
2.2 He looks RICH.
သူက ချမ်းသာတဲ့ပုံပဲ။

ဟုတ်ပြီ။ ဒါဆို adjective တိုင်းကို noun ရှေ့၊ verb အနောက် ထားလို့ရလား။ မရပါဘူး။

♥ တချို့ adjective တွေက noun ရှေ့မှာ သုံးနိုင်တယ်။ ဒါပေမဲ့ verb အနောက်မှာ သုံးလေ့မရှိဘူး။

ဥပမာ-
elder, eldest, little
Verb နောက်မှာ သုံးချင်ရင် older, oldest, small ဒါတွေ သုံးရတယ်။
အခု older, oldest နဲ့ elder, eldest ဘာကွာလဲ ဆိုတာပါ ဂရုပြုကြည့်ပေါ့။

1. My ELDER brother lives in Yangon.
ငါ့အစ်ကို ရန်ကုန်မှာနေတယ်။ (အောက်က စာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ)
2. He’s three years OLDER than me.
သူက ငါ့ထက် သုံးနှစ် အသက်ပိုကြီးတယ်။

♥ တချို့ adjective တွေကျပြန်တော့ verb အနောက်မှာပဲ ထားလို့ရတယ်။ noun ရှေ့မှာ သုံးလို့ မရပြန်ဘူး။
အတွေ့ရများတဲ့ စကားလုံးတွေကတော့
ill (နေမကောင်းသော),
well (နေကောင်းသော),
afraid (ကြောက်ရွံ့သော),
alive (အသက်ရှင်သော),
alone (တစ်ဦးတည်းဖြစ်သော),
asleep (အိပ်ပျော်သော)

Noun ရှေ့မှာ သုံးချင်ရင် sick, healthy, frightened, living, alone, sleeping ဒီစကားလုံးတွေ သုံးရတယ်။
ဝါကျတွေကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါ။

1.1 He looks ILL.
သူ နေမကောင်းတဲ့ပုံပဲ။
1.2 He’s a SICK man.
သူက နေမကောင်းတဲ့သူပါ။
2.1 Your mother is very WELL.
မင်းရဲ့အမေ သိပ်ကျန်းမာရေးကောင်းတယ်။
2.2 She’s a HEALTHY woman.
သူက ကျန်းမာတဲ့ အမျိုးသမီးပါ။
3.1  She’s ASLEEP.
သူအိပ်ပျော်နေတယ်။
3.2  A SLEEPING baby
အိပ်နေတဲ့ ကလေး

♥ အတိုင်းအတာတွေကို ဖော်ပြရင်တော့ အတိုင်းအတာပြတဲ့နာမ် (measurement-noun) နောက်မှာ ရေးရတယ်
two metres HIGH (NOT high two metres)
ten years OLD
two miles LONG

ဆရာစည်သူထက်
Ref: Basic English Usage

တဆင့်​ဖြန့်ဝေသူ
               တက္ကသိုလ်​စာသင်​သား

Adjective အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=881601158693369&id=576981195822035

Adjective အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=881602575359894&id=576981195822035

Adjective အပိုင်း (၃)
https://m.facebook.com/story.php?story_fbid=881604712026347&id=576981195822035

Adjective အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=881605395359612&id=576981195822035

No comments:

Post a Comment