ရုပ်ရှင်ကြည့်ပြီး အင်္ဂလိပ့်စာလေ့လာနည်း( ၇ )ချက်
1. ရုပ်ရှင်ကြည့်ခါနီးတိုင်း ပျော်ရွင်မှူတစ်ခုအတွက်ကြည့်တာမဟုတ်ပဲ အင်္ဂလိပ့်စာတိုးတတ်ချင်လို့ဆိုတဲ့ရည်ရွယ်ချက်လေးထားပါ။ ဒါက သင့်ကို စိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုက ရုပ်ရှင်ကို အပျော်သက်သက်ပဲကည့်ချင်ကြတာများလို့ပါ။ ဒါပင်မဲ့ သင်က အင်္ဂလိပ့်စာ တိုးတတ်ချင်တာမဟုတ်လား။အရင်တုန်းက ဂရုမစိုက်ခဲ့ရင်တောင် အခု ဒီစာလေးကို ဖတ်ပြီးချိန်ကစပြီး အာရုံစိုက်ကြည့်ပါ။
2. အင်္ဂလိပ့်ရုပ်ရှင်တစ်ခုကို သင်ရိုညွန်းတမ်းလို သဘောထားပြီး ကြည့်ပါ။ ပထမဆုံးတစ်ခေါက်မှာ မြန်မာစာတန်းထိုးနဲ့ကြည့်ပါ။ ပထမဆုံးတစ်ခေါက်မှာ ရုပ်ရှင်ရဲ့ရသကိုခံစားလို့ရပါတယ်။ ဒါပင်မဲ့သင်မမေ့ဖို့က သင်ဟာ အင်္ဂလိပ့်စာလေ့လာချင်လို့ ကြည့်နေတယ်ဆိုတာပါ။ လူအများစုက ကြည့်ပြီးသားရုပ်ရှင်ကို ပြန်မကြည့်ချင်ကြပါဘူး။ ဒါပင်မဲ့သင်က ပြန်ကြည့်ရပါလိမ့်မယ်၊ နောက်တစ်ခေါက်မှာ အင်္ဂလိပ့်စာတန်းထိုးနဲ့ကြည့်ပါ၊ ဒီတစ်ခေါက်မှာ မှတ်စုစာအုပ် ၂ အုပ်ထားပါ။
3. ပထမတစ်အုပ်မှာ လက်တွေ့အသုံးဝင်နိုင်တဲ့ ဝါကျတွေကိုရွေးမှတ်ပါ။ ဥပမာ Anybodyhome? (`အိမ်ရှင်တို့´ ဆိုတဲ့သဘောတရာမျိုးပါ။ တိုက်ရိုက်ပြန်ရင်တော့ ``အိမ်မှာလူရှိလား´´ လို့ပြောတာပါ)Tell me about it! (တိုက်ရိုက်ဘာသာပြန်ရင်ငါ့ကိုပြောပြစမ်းပါလို့ပြောတာဖြစ်ပြီး အသံအနိမ့်အမြင့်သုံးတဲ့နေရာပေါ် မူတည်ပြီး တစ်စုံတစ်ယောက်ပြောတာကို ``မှန်လိုက်လေ´´ ဆိုတဲ့သဘောနဲ့သုံးတာလည်းရှိတတ်ပါတယ်) ဒါဟာ ဥပမာ၂ ခုပဲဖစ်ပြီး ရုပ်ရှင်ထဲမှာ အသုံးဝင်ဝါကျများစွာ သင်တွေ့ပါလိမ့်မယ်။ ဒါမင်မဲ့မှတ်ရုံနဲ့မပြီးပါဘူး။ လူအများစုက ဒီအဆင့်မှာပဲရပ်သွားလေ့ရှိပါတယ်။ စာအုပ်ထဲက ဝါကျကိုခေါင်းမှာ မှတ်မိဖို့ဆိုတာ ပြောပြီးလေ့ကျင့်မှရပါတယ်။ သင်တတ်နေတဲ့ အင်္ဂလိပ့်တစ်ခုခုရှိပါသလား။ သင်နဲ့အင်္ဂလိပ့်လိုပြောနေကျ သူငယ်ချင်းတစ်ယောက်ရှိပါသလား၊ ရှိတယ်ဆိုရင်သူတို့နဲ့စကား ပြောချိန်ကျရင် သင်မှတ်ထားတဲ့ ဝါကျတွေကိုအသုံးချပါ။ အခါအခွင့်သင့်တိုင်းထိုဝါကျတွေကိုပြောပေးပါ။ မဟုတ်ရင်တော့ သင့်မှတ်စုစာအုပ်ထဲက စကားလုံးတွေဟာ ဘယ်တော့မှ သင့်ခေါင်းထဲရောက်လာမှာမဟုတ်ပါဘူး။ ခဏခဏ သုံးပေးရင်းသင့်ခေါင်းထဲမှာစွဲလာပါလိမ့်မယ်။ သင့်အခြေအနေကစကားပြောစရာမရှိတဲ့အခြေအနေဆိုရင်တော့ မှန်ရှေရပ်ပြီးလေ့ကျင့်ပါ။ မရှက်ပါနဲ့။ တစ်ခုခုကို ပြင်းပြင်းပြပြမလိုချင်သရွေတော့ သင်ရမှာမဟုတ်ပါဘူး။ သင့်ဘဝတိုးတတ်ဖို့လုပ်နေတာကိုသတိရပါ။
4. မှတ်စုစာအုပ် ၂ အုပ်လို့ပြောခဲ့တဲ့အတွက်ကျန်တဲ့တစ်အုပ်က ဘာလုပ်ဖို့လဲဆိုတာပြောပြပါမယ်။ ကျန်တဲ့တစ်အုပ်က ရုပ်ရှင်ထဲမှာပါတဲ့စကားလုံး အသစ်တွေကိုမှတ်ဖို့ပါ။ သင်မသိသေးတဲ့စကားလုံးအသစ်တစ်ခုတွေ့တိုင်းတစ်ခါရပ်ပြီး ထိုစကားလုံးကိုသင့်မှတ်စုစာဘအုပ်ထဲမှာ ချမှတ်ပါ။မှတ်တဲ့အခါ Dictionary ပါသုံးပြီး Phonetic Symbol ပါထည့်မှတ်ပါ၊ နောက်တစ်ချက်က မှတ်တဲ့အခါ စကားလုံးတစ်လုံးတည်းကိုသာထည့်မမှတ်ပါနဲ့။ ဝါကျတစ်ကြောင်းလုံးကိုချမှတ်ပါ။ ဒါမှစကားလုံးကို ဘယ်နေရာမှာ သုံးလဲဆိုတာ တွဲပီးမှတ်မိနေမှာပါ။ စာလုံးတွေချမှတ်လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့မပြီးနိုင်ဘူးဖြစ်နေရင်လည်း မစိုးရိမ်ပါနဲ့။ တစ်နေ့တည်းအပြီးကြည့်ရမယ်လို့ ဥပဒေမှမရှိတာ၊ Study Hour တစ်နာရီလောက်ဆို လုံလောက်ပါတယ်။ မပြီးသေးရင် နောက်နေ့ကျရင် ဆက်ကြည့်နိုင်ပါတယ်။ မအားဘူးလို့ ဆင်ခြေမပေးပါနဲ့ Facebookတို့ Mobile league တို့အတွက်တောင် အချိန်ရှိရင် မိမိဘဝအတွက် အသုံးဝင်မယ့်အရာအတွက်တော့ အချိန်ပေးသင့်ပါတယ်။
5. အရေးကြီးဆုံးကတော့ သင့်မှတ်စုစာအုပ်ထဲက စကားလုံးတွေကို သင်အင်္ဂလိပ့်စကားပြောလို့ အခါအခွင့်သင့်တိုင်း ထည့်ပြောဖို့ပါ။ သင်မသုံးမပြုရင်တော့ ဗလာစာအုပ်ဖိုး၊ ဘောပင်ဖိုးနဲ့အချိန်တွေကုန်သွားတာပဲ အဖက်တင်ပါလိမ့်မယ်။ ထိုစာလုံးတွေကို အသုံးမချရင် စာရွက်ပေါ်မှာ ရှိနေတတ်ပါတယ်၊ယ၊ များများအသုံးပြုမှခေါင်းထဲကိုရောက်တာပါ။
6. စာလုံးတွေမှတ်တဲ့အကြောင်းပြောပြီးတော့ Listening Skill အကြောင်း နည်းနည်းလောက်ပြောပါမယ်၊ ရုပ်ရှင်ကြည့်ခြင်းရဲ့အကြီးဆုံးအကျိုးကျေးဇူးက Speaking ကောင်းလာခြင်းပဲမဟုတ်ပါဘူး၊ Listening Skill ပါတိုးတတ် လာခြင်းပါပဲ။ ဒါပင်မဲ့ သင်ရုပ်ရှင်ကြည့်နေတာကြာပြီ ဘာလို့ Listening Skill မတိုးတတ်သေးတာလဲလို့မေးလာနိုင်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ ရုပ်ရှင်ကို အပျော်သက်သက်ကြည့်လာခဲ့ခြင်းကြောင့်ပါ။ အခုအချိန်ကစပြီးရုပ်ရှင်ကြည့်တိုင်း အင်္ဂလိပ့် စာတိုးတတ်ချင်စိတ်ပါထည့်ထားပါ။ သင်ရဲ့အင်္ဂလိပ့်စာအရည်အသွေး သိသိသာသာကြီးတိုးတတ်လာပါလိမ့်မယ်။
7. ရုပ်ရှင်ကို အင်္ဂလိပ့်စာတန်းထိုးနဲ့ကြည့်ပြီးပြီဆိုရင် နောက်ဆုံးတစ်ခေါက်အနေနဲ့ စာတန်းထိုးမပါပဲကည့်ပါ။ ဒီတစ်ခေါက်မှာတော့ သူတို့ပြောတာတွေကိုအသေအချာနားထောင်ပါ။ လေယူလေသိမ်းအသံအနိမ့်အမြင့် Body Language တွေကိုလေ့လာပါ။ဥပမာ Come ´on (on ပေါ်မှာအသံဖိသည်)Come`on (Come ပေါ်မှာအသံဖိသည်) စာလုံးပေါင်းတူညီပေမယ့် အသံအနိမ့်အမြင့် ကွာသွားရင် အဓိပ္ပါယ်ကွာသွားတတ်ပါတယ်။ လိုက်လေ့ကျင့်ပါ၊ Speaking ရော Listening ပါ တိုးတတ်လာပါလိမ့်မယ်။
ကျွန်တော်ရဲ့ဘဝ မှာရုပ်ရှင်တွေက အင်္ဂလိပ့်စာတိုးတတ်ဖို့ အဓိက အထောက်အပံပေးခဲ့တာပါ။ တကယ်တော့ ရုပ်ရှင်တွေကြောင့်အင်္ဂလိပ့်စာတိုးတတ်တာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် ရုံးမှာ အင်္ဂလိပ့်စာအရမ်းကောင်းတဲ့ နယ်သာလန်လူမျိုးတွေနဲ့တွေ့ခဲ့ပါတယ်။ သူတို့အင်္ဂလိပ့်စာကောင်းလွန်းလို့ သူတို့ဘာကြောသ့် ဒီလောက်ထိကောင်းရတာလဲ၊ သူတို့နိုင်ငံမှာ လူတိုင်းလိုလို ဒီလိုပဲ အင်္ဂလိပ့်စာကောင်းကြတာလားလို့ ကျွန်တော်မေးကြည့်မိပါတယ်။ သူဖြေခဲ့တာကတော့ သူတို့နိုင်ငံမှရုပ်သံလိုင်းတွေက ဟောလိဝုဒ် ရုပ်ရှင်ကားတွေ၊ကို အင်္ဂလိပ့်စာတန်းထိုး၊အင်္ဂလိပ့်အသံ Audio Track နဲ့ပဲ ထုတ်လွှင့်တာပါ။ (တချို့နိုင်ငံတွေမှာ ဘာသာပြန်စာတန်းထိုးတတ်ကြည့်ပြီးနောက်ခံအသံကလည်းသူတို့ မိခင်ဘာသာစကား Audio track နဲ့ပြောင်းလဲထားတတ်ကြပါတယ်)။ သူတို့အားလုံးဟာ ဇာတ်ကားကောင်ဆိုကြည့်ချင်ပြီး ကြည့်တဲ့အခါမှာလည်း အင်္ဂလိပ့်စာတန်းထိုး အင်္ဂလိပ့်အသံနဲ့ဖြစ်ခဲ့တဲ့အတွက် ငယ်ငယ်တည်းက နားထဲမှာ စွဲနေတာဖြစ်တာကြောင်းကျွန်တော် ကိုရှင်းပြပါတယ်။ အရင်တုန်းက ရုပ်ရှင်မကြည့်လည်း အခုကစပြီး ကြည့်ဖို့အကြံပေးချင်ပါတယ်။ကိုရီးယားကားတွေကြည့်မယ့်အစား အင်္ဂလိပ့်စကားပြောရှင်ရုပ်တွေပိုကြည့်စေချင်ပါတယ်။
တိုးတတ်ချင်ရင်မိမိကိုယ်မိမိပြန်သုံးသပ်ပါ၊
https://m.facebook.com/story.php?story_fbid=894602164045750&id=788676901304944
စကာပုံ များ စုစည်းမှူ (၁)
အင်္ဂလိပ့်ဘာသာစကားကို စနစ်တကျလေ့လာခြင်း (၁)
http://m.facebook.com/story.php?story_fbid=858415507664416&id=788676901304944
အင်္ဂလိပ့်ဘာသာစကားကို စနစ်တကျလေ့လာခြင်း (၂)
https://m.facebook.com/story.php?story_fbid=858511280988172&id=788676901304944
အင်္ဂလိပ့်ဘာသာ စကားကို သင်တန်းမတတ်အား၍ Self Study လုပ်ချင်သူများအတွက်ပါ။
https://m.facebook.com/story.php?story_fbid=848553141983986&id=788676901304944
ဘာသာပြန်ရာတွင် လွယ်ကူစေသောအချက်အလက်များ( သို့ )
ဘာသာပြန်နည်းလမ်းညွန်
Credit
https://m.facebook.com/story.php?story_fbid=877205125785454&id=788676901304944
အီဒီယံ(Idioms) ဆိုတာဘာလဲ နှင့် A နှင့်စသော အီဒီယံ(Idioms) စုစည်းမှူ
https://m.facebook.com/story.php?story_fbid=876246942547939&id=788676901304944
မိမိ (CV) မိမိ CV (Curriculum Vitae)ကို လုပ်ငန်းရှင် စိတ်ဝင်စားအောင်
ဘယ္လိုေးရမလဲ ?
https://m.facebook.com/story.php?story_fbid=871468823025751&id=788676901304944
နားထောင်မှူစွမ်းရည် Listening Skill ကောင်းမွန်စေရန် လေ့ကျင့်သင့်သည် အချက် (၉) ချက်
https://m.facebook.com/story.php?story_fbid=870889096417057&id=788676901304944
Reading Skill ကောင်းမွန်စေရန် လေ့လာသင့်သည့် အဓိက အချက်များ။
https://m.facebook.com/story.php?story_fbid=871087416397225&id=788676901304944
အင်္ဂလိပ့် Speaking တိုးတတ်စေသောအဓိက အချက် ၆ ချက်
https://m.facebook.com/story.php?story_fbid=887334598105840&id=788676901304944
အခြားသော Engilsh ဘာသာစကားနှင့် ပတ်သတ်သော Post များကိုလည်း ဒီ Learning English Language Online Page လေးမှာ တင်ပြပေးသွားမှာ ဖြစ်သည့်အတွက် Follow (or) see first လုပ်ထားကြပါဗျို့။
တဆင့်ဖြန့်ဝေသူ
တက္ကသိုလ်စာသင်သား
No comments:
Post a Comment