Verb ( ကြိယာ) ဆိုသည်မှာ ကတ္တား၏ ပြုခြင်း၊ ဖြစ်ခြင်း၊ရှိခြင်း၊ခံစားခြင်း တရပ်ရပ်ကို ဖော်ပြသော စကားလုံးဖြစ်သည်။
Kinds of Verb
1. Transitive and Intransitive Verb
Transitive Verb (ကံယူ ကြိယာ)
Verb တစ်လုံး၏နောက်တွင် Object ( ကံ) တိုက်ရိုက် လာနိုင်လျှင် ထိုကြိယာကို Transitive Verb (ကံယူ ကြိယာ)ဟုခေါ်သည်။
E.g. we eat rice . ကျွန်ုပ်တို့ ထမင်းစားသည်
They drink tea . သူတို့ လက်ဖက်ရည် သောက်
သည်။
She sees a snake. သူမမြွေတစ်ကောင်ကိုမြင်
သည်။
He likes her.သူက သူမကို ကြိုက်သည် ။
အထက်ပါ ဥပမာ များတွင် ........ eat=စားသည် ဆိုသည့် verb နောက်တွင် Object မလိုက်လျှင် ဘာကိုစားသည်ဟု မပါ၍ စာကြောင်း၏ အဓိပ္ပါယ်မှာလည်း ပြည့်စုံမည် မဟုတ်ပါ။ ထိုနည်းတူပင် ............
drink,sees,likes တို့နောက်တွင်လည်း Object မလိုက်လျှင် ဘာကိုသောက်သည် ၊ ဘာကိုမြင်သည် ၊ ဘယ်သူ့ကို ( ဘယ်အရာကို)သဘောကျ ၊နှစ်သက်သည် မပါ၍ စာကြောင်း၏ အဓိပ္ပါယ် မပြည့်စုံပါ။ ထို့ကြောင့် eat,drink,see,like,..... စသည့် verb များကို Transitive ဟုခေါ်သည်။
Intransitive Verb အကြောင်းကို ဆက်လက်ဖော်ပြပါမည်။
#ဒေါက်တာမင်းတင်မွန် Good English စာအုပ်မှ မှီငြမ်း ဖြည့်စွက်ထားပါသည်။
Admin.Thu Thu Min
Tuesday, February 7, 2017
Verb ( ကြိယာ) ဆိုသည်မှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment