Tuesday, February 7, 2017

စု တု ပြု" အင်္ဂလိပ်စာ လေ့ကျင့်ကြည့်ပါ

"စု တု ပြု" အင်္ဂလိပ်စာ လေ့ကျင့်ကြည့်ပါ

Good evening!

အသုံးများပြီး သိထားရမယ့် usage လေးတွေ၊ ဝါကျလေးတွေကို အတွေးပေါ်လာတဲ့အခါတွေမှာ စာဖတ်ရင်း သတင်းနားထောင်ရင်းတွေ့ကြုံ သတိပြုမိတဲ့ အခါတွေမှာ ကျွန်တော့်ရဲ့ စာဖတ်သူတွေနဲ့ ဒီမှာပြန်ဝေမျှဖို့ မှတ်စုလေးတွေရေးထားတတ်တယ်။ အများကြီးပါပဲ။

နည်းနည်းချင်း post လုပ်ပေးမယ်။ နမူနာတွေနဲ့ လုံလောက်အောင်ရှင်းပြမယ်။ ကိုယ်တိုင်လည်း စုတုပြုကြ၊ လိုက်လေ့ကျင့်ကြပါလို့ပြောပါရစေ။

1. ***He is sitting with his back to me.
သူ ငါ့ကို ကြောပေးပြီးထိုင်နေတယ်။

Children, please don't sit with your back to the monk.
ခလေးတွေ..ဘုန်းဘုန်းကို ကြောပေးပြီးမထိုင်ပါနဲ့။

Who is that man sitting with his back to me?
ငါ့ကို ကြောပေးပြီးထိုင်နေတာ ဘယ်သူလဲ။

I didn't see you at the party last night.
မနေ့ညက ပါတီမှာ မင်းကိုမတွေ့ဘူး။
Yes, I was sitting with my back to your table.
ဟုတ်တယ်။ ငါက မင်းတို့စားပွဲကို ကြောပေးထိုင်နေလို့။

2. ***Chances are slim.
ဖြစ်နိုင်ခြေအရမ်းနဲပါတယ်။

Chances of my brother getting into a good university are slim.
ငါ့ညီ တက္ကသိုလ်ကောင်းကောင်းဝင်ခွင့်ရဖို့ ဖြစ်နိုင်ခြေအရမ်းနဲတယ်။

Chances of the police finding the real culprit behind the murder are slim.
လူသတ်မှုနောက်ကွယ်က တကယ့်ရာဇဝတ်ကောင်ကို ရဲကရှာတွေ့နိုင်ခြေ အရမ်းနဲတယ်။

3. *** Wonders never cease.
အံ့သြကုန်နိုင်ဖွယ်။

Iphone 8 is coming out soon!
Well, wonders never cease.
Iphone 8 လာတော့မယ်တဲ့။
အင်း...အံ့သြကုန်နိုင်ဖွယ်။

My friend can speak 5 foreign languages.
Wow! Wonders never cease.
ငါ့သူငယ်ချင်းဟာ နိုင်ငံခြားဘာသာစကား ၅ခုပြောတတ်တယ်။
အိုး...တယ်အံ့သြစရာပဲ။

4. *** The baby has a little sniffle.
ခလေးက နှာတရှုံ့ရှုံ့နဲ့။

sniff ကို သိကြလား။ နှာခေါင်းတရှုံ့ရှုံ့နဲ့ အနံ့ခံကြည့်တာလေ။
sniffle ကတော့ အအေးမိလို့ နှာခေါင်းလေးတရှုံ့ရှုံ့ဖြစ်နေတာ။
The baby has a slight cold.
ခလေးအအေးနဲနဲမိနေတယ်။
The baby has a runny nose.
ခလေးနှာစေးနေတယ်။
runny nose, running nose ၂မျိုးလုံးသုံးပါတယ်။
My nose is running. လည်းမှတ်ထားပါ။ နှာခေါင်းက ထွက်ပြေးနေတာမဟုတ်-:) ငါနှာစေးနေတယ် လို့ဆိုတာ။

5. *** say something to one's face
မင်းရှေ့မှာ ပေါ်တင်ပြောတာ။ မျက်နှာတည့်တည့်ကြည့်ပြီးပြောတာ

Yesterday when you were not here, the boss complained so much about you.
မနေ့ကမင်းမရှိတော့ သူဌေးက မင်းမကောင်းကြောင်းအပြစ်တွေပြောလိုက်တာ။
Yes, I'm not surprised. But he would never say it to my face.
အေး။ ငါမအံ့သြပါဘူး။ ဒါပေမယ့် သူ ငါ့မျက်နှာတည့်တည့်ကြည့်ပြီး ဘယ်တော့မှမပြောဘူး။
(ကွယ်ရာမှာသာပြောတာ)

If you dislike him so much, why don't you say it to his face?
မင်းသူ့ကို ဒီလောက်သဘောမကျရင်လည်း မျက်နှာချင်းဆိုင်ပြောပြစ်လိုက်ကွာ။

With love,
Dr.Soe Than

No comments:

Post a Comment