Wednesday, February 8, 2017

A, AN, The အပိုင်း ( ၁ ) 

A, AN, The အပိုင်း ( ၁ ) 
---------------------------
ဆရာကြီး ဦးသာနိုး သင်ကြားမှုများကို မှတ်မိသလို  ပြန်ရှင်းပြထားပါသည်။

ကျွန်တော်တို့တွေ  အင်္ဂလိပ်စာ ရေးကြတဲ့ နေရာ၊ အင်္ဂလိပ်စကား ပြောကြတဲ့နေရာမှာ တကယ့် အရေးကြီးသော
The Article လို့ ခေါ်တဲ့ A, An ,The ,.....,အသုံး အခြေခံကို လွဲကြတယ်။ သေးသေးလေး ဆိုတော့  ပေါ့ပေါ့တန်တန်လည်း သဘောထား ကြပါတယ်။ ဒါကြောင့် မှားကြပါတယ်။

ရွှေတိဂုံမှာ  The  ထည့်မရေးတာမျိုး ၊  ဧရာဝတီမြစ်ကို  The ထည့််မရေးတာမျိုး စသည့်  တို့ကို တွေ့ရပါတယ်။

တကယ်တော့ A,An,The, ... .. ဟာအလွန် အရေးကြီး ပါတယ်။ သူ့ကို ပြီပြီပြင်ပြင် သုံးတတ်ဖို့အခြေခံမှ စပြီး စလေ့လာကြ ရအောင်။

ကျွန်တော်တို့တွေဟာ  Article ကို မနိုင်ကြဘူး။ ဒါဟာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။အကြောင်းက မြန်မာစာမှာ A,An,the နဲ့ ညီတဲ့ စကားလုံး မရှိဘူးလို့ ဆိုရမယ်။ ဒါပေမယ့် အင်္ဂလိပ်စာရဲ့ တကယ့်အရေးကြီးတဲ့ အခြေခံမှာ သူဟာ ပါဝင်တာမို့ စပြီးလေ့လာ ကြည့်ရအောင်။

မြန်မာလို့...ကားက အသစ်ကြီး.လိုပြောလိုက်တယ် ဆိုပါစို့..

ကားက ..Car .. သစ်တာက new.. အဲ့ဒီတော့
Car is new. ဖြစ်ကုန်ရော.အမှန်က The car is new. ကဲ .အဲ့ဒီ The ဆိုတာကြီးက ဘယ်ကပေါ်လာတာမှန်း မသိဘူး ။သူနဲ့ ညီတဲ့ စကား  မြန်မာမှာ မရှိဘူး။ အဲ့ဒါဆို ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။

The ဆိုတာ မိမိစိတ်ထဲမှာ ရည်စူးထားတယ်၊ သတ်မှတ်ပြီးသား
>> We have in mind which one it is. ကျွန်တော်တို့ စိတ်ထဲမှာ ဘယ်အရာလည်းဆိုတာ ရှိတယ်၊ သတ်မှတ်ထားတယ်
၊ ဒါမို့သူ့ကို Definite Article လို့ခေါ်တယ်။ မြင်ရတာ လည်းဖြစ်နိုင်သလို၊ မမြင်ရတာလည်း ဖြစ်နိုင်တယ်၊ သတ္တ၀ါ အရာဝတ္ထု ပစ္စည်း၊ လူ ၊မိမိစိတ်ထဲမှာ ရှိပြီးသားဟာမျိုးပေါ့။

တစ်ခုထပ်ပြီး ပြောပြချင်တာက အင်္ဂလိပ်စာမှာ ရေတွက်လို့ရတဲ့ နာမ် ၊ တစ်ခုကိန်းတွေမှာ A, an , the .. တစ်ခုခု မပါဘူးဆိုရင် မှားနေပြီဆိုတာ
စိတ်ထဲ ယေဘုယျ ထည့်ထားပါ။ မပါဘူးဆိုရင် သူ့ရဲ့သီးသန့် အသုံးကိုမှတ်ပါ။

Definite Article (the )
................................
We have in mind which one it is .

ကျွန်တော်လက်ထဲမှာ Marker တစ်ခုကိုင်ထားတယ်၊ ဘေးက သူငယ်ချင်းက ပြောတယ် Marker ကအသစ်ကြီးပဲ ..ဒါဆိုရင် ..သူလည်းသိ ၊ကျွန်တော်လည်းသိတဲ့ Marker ပေါ့. ကျွန်တော်တို့ စိတ်ထဲမှာ သိတဲ့ Marker . We have in mind which marker it is .
ဒါမို့ .The maker is new.
လွယ်လိုက်တာလို့ ထင်ကောင်းထင်မယ်။ စာတွေဖတ်ကြည့်ပါ ။ Article အမှားတွေနဲ့ ရေးထားတဲ့ စာတွေကို အများဆုံးတွေ့ရပါလိမ့်မယ်။

စာအုပ်ကြီးက ထူလိုက်တာ .( ထူတယ်ဆိုမှတော့ ဘယ်ဟာလည်း စိတ်ထဲ ရည်စူးပြီးသား ) The book is thick.

အတန်းထဲက ဘေးမှာ ထိုင်တတ်တဲ့ အရပ်ရှည်ရှည်နဲ့ ကောင်မလေး ကျောင်းပျက် တယ်ဆိုပါစို့ ။ ဆရာကလည်း သူကျောင်းမလာဘူး ဆိုတာ သိတယ်။ သူ့ အတန်းဖော်တွေ လည်း သိတယ်။ အဲ့တော့ ဆရာက ကျောင်းသားတွေကို ကောင်မလေး ကျောင်းမလာ ဘူးနော်လို့ပြောတော့ .
>The girl is absent.
သူနောက်တန်းက ကောင်မလေးတွေ လည်းမလာတာကို တွေ့ရတော့ ..ကောင်မလေးတွေ ဒီနေ့ ကျောင်းပျက် ကြပါလား ဆိုရင်
>The girls are absent today ပေါ့။
တစ်ခုကိန်းလား၊ တစ်ခုထက်ပိုလား ၊ ရေတွက်လို့ရလား မရလား စိတ်မ၀င်စားဘူး ။ ပြောသူ ၊နားထောင်သူ သိတဲ့ တိကျတဲ့ (Definite ) ဖြစ်တာ ပဲစိတ်ဝင်စားတယ်။ The ထည့်ဖို့ မမေ့သင့်ဘူး။

ကဲဒါဆိုရင် ..

ကော်ဖီက အေးနေပြီဆိုရင် ..coffee is cold ဆိုတဲ့ ပေါက်ကရ အမှားမျိုး မလုပ်မိတော့ ဘူးထင်ပါတယ်။
>The coffee is cold . ကိုယ်သောက်နေတာ၊ ဒါမှမဟုတ် သူများကို ဧည့်ခံထားတဲ့ ကော်ဖီ စသည်နေမှာပေါ့..

ကားကြီးကလည်း ဟောင်းလိုက်တာ.
The car is old.

ကားတွေကလည်း ဟောင်းလိုက်တာ .
The cars are old.

ရေတွေကလည်း ညစ်ပတ်လိုက်တာ.( ကန်တော်ကြီးနား ဖြတ်သွားစဉ်)
The water is dirty.

Indefinite Articles ( A,an, Zero. )
..................................................
zero ဆိုတာ ဘာမှ မထည့်တာကို ပြောတာပါ။

ကဲ ဆက်လေ့လာကြည့်ရအောင်..ငယ်ငယ်က ကျောင်းမှာ

A = တစ်ခု၊ တစ်ကောင် တစ်ယောက်၊ မြန်မာတစ်နိုင်ငံလုံး အဲ့လို့ ရိုက်သွင်းခံရတာကို က စလွဲတာပါပဲ လို့ ဆိုရမလားပဲ  ။
တကယ်တော့ A ရဲ့ ဘယ်လိုနေရာမှာ သုံးရင် ဘယ်လို အဓိပ္ပါယ်ထွက်တယ် ဆိုတာ သင်ပေးသင့်တာ။ ထားပါတော့ .ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပေါ့..

A , An., Zero ရဲ့ အဓိပ္ပါယ်တွေ အများကြီး အနက်မှ ပထမဆုံး လေ့လာမှတ်သားသင့်တာက
သူက any နဲ့ သွားတူတယ်။ မြန်မာလို့ . ဆိုတာ .. ဟူသမျှ .. တိုင်း ... လို့ဆိုနိုင်တယ်။

We don't have in mind which one it is .
အတိအကျ ဘယ်အရာဆိုတာ စိတ်ထဲမှာ မရည်စူးဘူး ၊ ယေဘုယျ သဘော ပြောဆိုတာပါပဲ။.

1.A marker is used for writing
Marker ဆိုတာ ရေးဖို့ သုံးတယ်။

ဘယ် Marker လည်း ၊စိတ်ထဲမှာ မရှိဘူး ၊ မင်းလက်ထဲက ဟာလည်း မဟုတ် ဘူး၊ စင်ပေါ်ကလည်း မဟုတ်ဘူး။ Any Markers ပဲ..၊  Marker ဆိုတဲ့ ဟာကို ယေဘုယျ ပြောတာ ၊  ရေးဖို့ ထုတ်ထားတဲ့ Marker တွေပဲ .

2.Markers are used for writing ..
marker တွေဆိုတာ ရေးဖို့သုံးတယ်။

တစ်ခုထက်ပိုသောကိန်း ( အများကိန်း ) တွေကို ယေဘုယျ သဘောသုံးလျှင် zero article ..ဆိုတဲ့ Article ဘာမှ မထည့်တာကို သုံးရပါတယ်။ ဘယ် Marker တွေလည်း စိတ်ထဲမရှိ any Markers in the world ပဲ.

3.A duster is used for cleaning.
4,Dusters are used for cleaning
.
5.A girl wants to be beautiful
မိန်းကလေးဆိုတာလှချင်တယ်။.ဘယ်မိန်းခလေးလည်း မဆိုပါ .. မည်သူကိုမျှ တိတိကျကျ မပြောဘူး။ Any girls .

6.Girls want to be beautiful.
မိန်းကလေးတွေဆိုတာ လှချင်တယ်။

ဘယ်မိန်းကလေးလည်း မဆိုလိုဘူး . 

7.Water is precious .
ရေဆိုတာ တန်ဖိုးရှိတယ် ။
ဘယ်ရေလည်း ဆိုတာ စိတ်ထဲ မရှိ ၊ Generally ပြောလိုက်တာ .. Any water

8.Coffee is good for memory .
ကော်ဖီဆိုတာ မှတ်ဥာဏ်အတွက်ကောင်းတယ်။

9.Milk is white.
နွားနို့ဟာ ဖြူတယ်။

10.A dog is an animal.
ခွေးဆိုတာ တိရိစ္ဆာန်။

11.Dogs are animals.
ခွေးတွေဆိုတာ တိရိစ္ဆာန်ပဲ။

ခြေလေးချောင်းပါမယ်။ အမြီးပါတဲ့ ဟောင်တတ်တဲ့ အကောင်ကို ပြောတာ . ဘယ်ခွေးရယ် ဘယ်ရယ်လို့ မပြောဘူး။

ကဲဒါဆိုရင် အနှစ်ချုပ်ကြည့်ရအောင်..

A nurse is a person who helps the sick in hospitals.

သူနာပြု တစ်ယောက်ဟာ လို့ ကျွန်တော်တို့ မပြောကြဘူး။
သူနာပြုဆိုတာ လို့ ဘာသာပြန်မှ အဆင်ပြေမယ်။

တစ်ခု၊တစ်ကောင်၊တစ်ယောက် လို့ ကျက်ခဲ့တဲ့ ဆိုးကျိုးတစ်ခုပါ။

Nurses look after patients in hospitals .
သူနာပြုတွေဆိုတာ ဆေးရုံမှာ လူနာတွေကို ပြုစုတယ်။

  (ဘယ်သူနာပြုတွေကိုမှ သီးသန့် မရည်စူးဘူး) Any nurses ပါ.

ဆေးရုံတစ်ခုကို သွားတယ်။ အဲ့ဒီမှာ ..သူနာပြုတွေ က အလုပ်များနေတယ်။ . သူနာပြုတွေ မအားဘူး .
The nurses are busy .ဖြစ်ရမယ်။

Nurses are busy. ဆိုရင် သူနာပြုတွေဆိုတာ အလုပ်များတယ် ဖြစ်သွားမှာပေါ့.
အများကိန်း ယေဘုယျ သဘောဆိုရင် .. zero article ..ဖြစ်တာမို့

The water is dirty . ရေတွေကလည်း ညစ်ပတ်နေတာပဲ..ကန်တော်ကြီးနားဖြစ်ဖြစ်
ကိုယ့်ရှေ့က အိုးထဲက ပဲဖြစ်ဖြစ်ပေါ့. ဒီမှာ ..
The ကျန်ခဲ့လို့ကတော့ Water is dirty. ဆိုရင် ..ရေဆိုတာ ညစ်ပတ်တယ် ဖြစ်သွားမှာပေါ့.ရေတိုင်းကမှ မညစ်ပတ်တာ.
ကိုယ်သိတဲ့ ရေ ညစ်ပတ်တာကို ပြောချင်တာလေ .. The water ..လို့ ပြောဖို့၊ ရေးဖို့ မမေ့ပါနဲ့ .. Coffee is cold လို ပြောရင်လည်း ..ရေတွက်လို့မရတဲ့ နာမ်ကို ယေဘုယျ သဘောဖြစ်မှ zero.article သုံးတာဆိုတာ ကော်ဖီဆိုတာ အေးတယ်ဖြစ်ကုန်မှာပေါ့ . ဒါမို့
The coffee is cold . ဖြစ်ရမယ်။

ရေခဲက အေးတယ်.. ဘယ်ရေခဲလည်း အားလုံးပဲ ဆိုတော့ ဘယ်သူကိုမှ မရည်စူးဘူး။

Ice is cold . Fire is hot . 

(၁)။ singular noun ရေတွက်လို့ရသော နာမ်ကို ယေဘုယျ သဘောသုံးရင် A, or An
(၂)။singular noun၊ ရေတွက်ရသော နာမ် ၊ရယ် Plural Noun ကို ပြောသူသိ၊ နားထောင်သူသိ ၊ ရည်စူးပြီးသာ၊ သတ်မှတ်ပြီးသာအရာ . We have in mind which one . ဆိုရင် The

(၃)။ ရေတွက်မရ တဲ့ နာမ်ကို We have in mind which one it is ဆိုရင်
The . ( definite ဖြစ်လို့ .

(၄)။ ရေတွက်မရတဲ့ နာမ်ကို ယေဘုကျ သဘောသုံးရင် ...zero article .
Plural number..( တစ်ခုထက်ပိုသောကိန်း) ကို ယေဘုယျ သုံးရင်
zero article သုံးပါတယ်။

လေ့ကျင့်ကြည့်မယ်.. အကုန်မှန် ရင် နားလည်လို့ပေါ့။ မမှန်သေးရင်တော့ အကြိမ်ကြီမ်ဖတ်ပါ။

Put a ,an. the,...or ....(zero)
....................

1........... dog is not ours.
2.............dog has four legs.
3.............cat has ..........tail.
4.............cat is from that house.
5..............banana is for you.
6.............banana is sweet.
7............woman is my aunt.
8............woman loves to talk.
9.............man must work.
10.............man is my aunt's No.9 boyfriend.
11. .......veterinarian helps animals .. vet = တိရိစ္ဆာန်ဆရာဝန်
12။ .........veterinarian is busy now.
13............veterinarians are busy now.
14..............veterinarians help animals.
15..............life is complicated.
16..............blood is red.
17..............blood is thicker than.......water.
18..............lion eats......meat.
19..............crows are ......birds
20..............crow is a bird
21..............crow is lame.
22..............crows are lame. (ခြေကျိုးး)
23...............rose is a flower.
24..............roses are flowers.
25.............. rose is for you .
26...............roses are for you.

ဒီ Page  ကိုလည်း  Like  လုပ်ထားပေးပါ။ နောက်ပိုင်း ဒီမှာ အများဆုံး တင်ဖြစ် ပါမယ်။

- https://www.facebook.com/VELCEnglishCenter/

No comments:

Post a Comment