Tuesday, February 7, 2017

Continuous နှင့် non continuous နှစ်မျိုးသုံးလို့ရသော mixed verbs များ (၂)

Continuous နှင့် non continuous နှစ်မျိုးသုံးလို့ရသော mixed verbs များ (၂)
……………………………….
ကျနော် နေမကောင်းဖြစ်တာ အတော်ကြာသွားပါတယ် ၊ ဒီကြားထဲ အချိန်ရမယ်ထင်လို့ online course တစ်ခု ထပ်ပြီး ယူမိတာနဲ့ တစ်လလောက် အသစ်မရေးနိုင်ဖြစ်သွားပါတယ် ၊ အသစ်ရေးတင်လိုခြင်း အာသီသနဲ့ သူ့ကို လွမ်းဆွတ်မှုကြောင့် များလား ထင်မိပါရဲ့ နောက်ဆုံး ဘာသာရပ်မှာ ရမှတ်က ထိုးပြီး ကျသွားတယ် ၊ စိတ်က သူ့ဆီမှာရှိမနေတော့ဘူးလေ ။ ဒါပေမယ့် ပြီးသွားတော့ ပျော်သွားတယ်  Post တွေ ရေးနိုင်တော့မှာမို့လိုပါ ။ အတွေးသစ် အရေးသစ်.. လေးတွေ မထွက်လာသေးတာကြောင့် ရေးလက်စလေးကိုပဲ  ဆက်လိုက်ရပါတယ် ..

(2.1) think (action verb) = consider = တွေးသည် ၊ စဉ်းစားသည်
You are very quiet. What are you thinking about?
ခင်ဗျားက ငြိမ်လိုက်တာ လွန်ပါရော ၊ ဘာအကြောင်းတွေများ တွေးနေတာပါလိမ့်
(ဒီမှာကျတော့ ဦးနှောက်က အလုပ်လုပ်ရတာဖြစ်လို့ continuous verb အဖြစ်သုံးထားပါတယ်)
…………………….
(2.2) think (stative verb) = have an opinion = ထင်မြင်သည် ၊ ယူဆသည်
I think that coffee is great.
ကော်ဖီက ထူးခြားကောင်းမွန်တယ်လို့ ကျနော်ထင်ပါတယ်
(ထင်မြင်နေတယ် ၊ ယူဆနေတယ် ..ဆိုတဲ့ သဘောမျိုးယူချင်လို့ I am thinking that coffee is great. ဆိုတာမျိုး ရေးလို့ မရပါဘူး)
..
အထင်ကြီးလေးစားသည် ၊ အလွန်ချစ်ခင် မြတ်နိုးသည်  ၊ အများကြီးမျှော်လင့်ထားသည် ထင်ထားသည် ..စတဲ့ အဓိပ္ပါယ်တွေ ရတဲ့ ဟောဒီအသုံးဆန်းတွေမှာလည်း  continuous verb အဖြစ် မသုံးပါဘူး ၊ non continuous verb အဖြစ်ပဲ သုံးပါတယ် ၊ မူလ stative verb ကို အခြေခံပြီး တွဲထားတဲ့ စကားလုံးတွေမို့ ဖြစ်ပါတယ် ။
..............
(2.2.1) Think highly of
.
I think highly of Ko Yan Naing Oo.
ကျနော်က ကိုရန်နိုင်ဦးကို အထင်ကြီးလေးစားပါတယ်
(အထင်ကြီး လေးစားနေပါတယ် ..လို့ လုပ်လို့မရပါဘူး
...........
(2.2.2)  Think the world of
Mary thinks the world of her little sister.
မေရီက သူ့ရဲ့ ညီမငယ်လေးကို တစ်ကမ္ဘာထင်မှတ်လို့ အလွန်ချစ်ခင်မြတ်နိုးပါတယ်
............
(2.2.3) Think a lot of
The teacher thinks a lot of Mary and her talents.
ဆရာမက မေရီနဲ့ သူမရဲ့ ပင်ကိုယ်စွမ်းရည် ပါရမီတွေကို အများကြီး တွေးထင်ထားပါတယ်
............
(2.2.4) Think a great deal of
I think a great deal of my son-in-law.
ကျမက ကျမသားမက်ကို အထင်ကြီးထားတာ
.............
(2.2.5) Think much of
I think much of my new book.
ကျနော့်စာအုပ်သစ်အပေါ် အများကြီး မျှော်မှန်းထားပါတယ် ၊ အများကြီး ထင်ထားပါတယ်
………………………………..
ထိုနည်းတူစွာပဲ .. အထင်မကြီးဖြစ်သည် ၊ အထင်သေးသည် .. စသည်ဖြင့် ပြောင်းပြန်သဘောယူလို့ရတဲ့ အသုံးဆန်း Idiom တွေမှာလည်း non continuous အဖြစ်ပဲ သုံးပါတယ်
...........
(2.2.6) (not) think much of
I don't think much of his behaviour.
ကျနော် သူ့အပြုအမူကို အထင်မကြီးမိပါဘူး
…………
(2.2.7) Think poorly of
I would never think poorly of you.
ကျနော် ခင်ဗျားကို ဘယ်တော့မှ မထင်သေးမှာ မဟုတ်ပါဘူးဗျာ
……………
(2.2.8) Think little of
You should not think little of this lesson.
ခင်ဗျား ဒီသင်ခန်းစာကို အထင်မသေးသင့်ဘူးနော်
………………….
ကဲ.. အခုလို ရှင်းနေတာတွေကို ရှုပ်ပေးရတဲ့အတွက် ကျေနပ်မိပါတယ် ၊ ဆက်လက်ရေးသာပါဦးမယ်
..
မေတ္တာဖြင့် <3

No comments:

Post a Comment