Adjectives တွေမှာ အဆင့် သုံးခုရှိပါတယ်။
(1) Positive Degree (သာမန်အဆင့်)
(2) Comparative Degree (နှိုင်းယှဉ်အဆင့်)
(3) Superlative Degree (အမြင့်ဆုံး အဆင့်)
✏ လူနှစ်ယောက်၊ ပစ္စည်းနှစ်ခု စတာတွေကို နှိုင်းယှဉ်ဖော်ပြမယ်ဆို Comparative Degree သုံးတယ်။ Comparative ပုံစံပြောင်းတာက လွယ်ပါတယ်။ -er ပေါင်းပေးလိုက်ပါ။
The blue dress is cheaper than the green one.
အပြာရောင် ဝတ်စုံက အစိမ်းရောင်လေးထက် ပိုဈေးပေါတယ်။
နှိုင်းယှဉ်ချင်တာက The blue dress နဲ့ the green one (dress) ပေါ့။ ပိုဈေးပေါတာကို ပြောချင်တာမို့ cheap + er သုံးလိုက်တယ်။
✏ Adjectives တွေက နှစ်သံထက်ပိုရင် -er ပေါင်းပေးလို့မရတော့ဘူး။ ရှေ့ကနေ more ထည့်ပေးရတယ်။
Korean movies are more interesting than Indian movies.
ကိုရီးယားဇာတ်ကားတွေက အိန္ဒိယဇာတ်ကားတွေထက် ပိုစိတ်ဝင်စားစရာကောင်းတယ်။
တချို့ Adjectives တွေကျတော့ -er / more ထည့်ပေးရုံနဲ့ မရတော့ဘူး။ ပုံစံပြောင်းပေးရတယ်။
ဥပမာ-
good - better
bad - worse
ဒါကို အမှုမဲ့ အမှတ်မဲ့နေမိရင် ကျွန်တော်တို့ ပြုံးစရာလေးတွေ ကြုံပါလိမ့်မယ်။ Yoo Bro က ပုံလေးတွေဖတ်ကြည့်ပြီး ပြုံးလိုက်ပါဦး :-)
ဆရာစည်သူထက်
……………………………………………………………
အင်္ဂလိပ်စာ မရှိမဖြစ်လိုနေတဲ့ခေတ်မှာ အင်္ဂလိပ်စာကို ပေါ့ပေါ့ပါးပါးလေး လေ့လာရင်း တိုးတက်ဖို့ အင်္ဂလိပ်စာဗဟုသုတလေးတွေကိုလည်း စာအုပ်မြို့တော်က တင်ဆက်ပေးသွားမှာပါ :-)
No comments:
Post a Comment