Wednesday, February 8, 2017

အတိတ်ကာလ ဖြစ်/ရှိ ကိုလေ့လာရအောင်

ပစ္စုပ္ပန်ကာလ ဖြစ်/ရှိ ပြီးသွားပြီဆိုတော့ ဒီနေ့ အတိတ်ကာလ ဖြစ်/ရှိ ကိုလေ့လာရအောင် ... ။

အတိတ်ကာလ ဖြစ် / ရှိ ဆိုတာ ပြီးခဲ့တဲ့အချိန်တွေမှာ ဖြစ်ခဲ့ ရှိခဲ့တဲ့ အကြောင်းအရာတွေကို ရေးချင် ၊ ပြောချင်တဲ့အခါမှာ သုံးရပါတယ်။

ဥပမာ -
၁ ။ ကျွန်တော်သည် လွန်ခဲ့သော သုံးနှစ်က ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ ( ဖြစ်ခဲ့တဲ့ အကြောင်းပေါ့ )

၂ ။ သူသည် လွန်ခဲ့သော ရှစ်နှစ်က မိတ္ထီလာမြို့မှာ ရှိခဲ့သည်။ ( ရှိခဲ့တဲ့ အကြောင်းပေါ့ )

             အတိတ်ကာလ ဖြစ်/ရှိ ကြိယာ
            _________________________    

                          was / were

အများကိန်း ကတ္တား များနှင့် ( You ) ကတ္တားတို့အတွက် ( were ) ကိုသုံး၍ ကျန်အနည်းပြကတ္တားတို့အတွက် ( was ) ကို အသုံးပြုရပါမည် ။  

စကားကြီးခြောက်မျိုး ပုံသေနည်းက သိပြီးသားမို့ ထပ်မပြောတော့ဘူးနော် ။

ဥပမာ ။  ။

1. I was a doctor last year.

2. Was I a doctor last year?

3. I was not a doctor last year.

4. Was I not a doctor last year?

5. I was a doctor last year, wasn't I?

6. I was not a doctor last year, was
I?
.......................................................

နံပါတ် ၅ ၊ ၆ မှာရှိတဲ့ ( First tag question ) နဲ့ ( Second tag question ) ဟာ
ပထမ ၀ါကျ ( ကော်မာ ရှေ့ကစာကြောင်း ) မှာ အဟုတ်ဝါကျနဲ့ရေးထားရင် tag မှာ အငြင်းနဲ့ ရေးရပါတယ်။

ဥပမာ - He was a soldier, wasn't he?
            
သူ စစ်သားတစ်ယောက်ဖြစ်ခဲ့တယ် ၊ မဟုတ်ဘူးလား ။

ပထမ ၀ါကျမှာ အငြင်းနဲ့ ရေးထားရင် tag မှာ အဟုတ်နဲ့ မေးရပါတယ် ။

ဥပမာ ။  ။

He was not a soldier, was he?

သူစစ်သားတစ်ယောကမဖြစ်ခဲ့ဘူး ( မဟုတ်ခဲ့ဘူး ) ၊  ဟုတ်သလား ။

နောက်တစ်ခုမှတ်ရမှာက အင်္ဂလိပ်စကားမှာ ၀ါကျနှစ်ကြောင်းသုံးရပြီး ( Subject ) တူတာနှစ်ခုထပ်နေခဲ့ရင် ဒုတိယစာကြောင်းမှာရှိတဲ့ ( Subject )ကို နာမ်စား ( pronoun ) ပြောင်းသုံးပါတယ် ။ နှစ်ခါထပ်မရေးပါဘူးနော် ။

ဥပမာ ။ ။

Hla Hla was a nurse last year, wasn't she?

( Hla Hla ) ဟာ မိန်းလေးဖြစ်တဲ့ အတွက် ကတ္တားနာမ်စား ( She ) ကိုသုံးပါတယ် ။ ကတ္တားနေရာမှာ အစားထိုးသုံးတာဖြစ်လို့ ကတ္တားနာမ်စားကိုပဲ သုံးရပါတယ် ။
( She ) ဆိုတာ ကတ္တားနာမ်စား ( Subject pronoun ) ဖြစ်တယ်ဆိုတာ ( Pronoun ) အခန်းမှာ လေ့လာပြီးပြီနော် ... မှတ်မိတယ်မို့လား ... မမှတ်မိရင် ပြန်ကြည့်နော် ...

.......................................................

1. They were farmers.

2. Were they farmers?

3. They were not farmers.

4. Were they not farmers?

5. They were farmers, weren't they?

6. They were not farmers, were they?

( They ) ဆိုတဲ့ ( Subject ) ကအများကိန်းဖြစ်လို့ ( Verb ) အများကိန်း ( were ) ကို သုံးရပါတယ် ။

Subject က အများကိန်းဖြစ်တဲ့အတွက် Complement ကိုလည်း အများကိန်းသုံးပေးရပါတယ် ။

မြန်မာလိုဆိုရင်လည်း ...

သူတို့သည် လယ်သမားများ ဖြစ်ခဲ့ကြသည်။

သူတို့ = အများကိန်း ကတ္တား( တို့ ဆိုတာပါတယ်နော် )

လယ်သမားများ = အများကိန်း အဖြည့်စကား ( များ ဆိုတာပါတယ်နော် )

ဖြစ်ကြသည် = အများကိန်း ကြိယာ ( ကြ ဆိုတာပါတယ်နော် )

အဲဒီတော့ ပြောချင်တာက အများဆို အများ ၊ အနည်းဆို အနည်း ဆီလျော်အောင် သုံးပေးရပါတယ် ။

ဆီလျော်အောင် မသုံးဘူးဆိုရင် ကြားရတာ မကောင်းသလို နားလည်ရလည်းခက်ပါတယ်။ ပြီးတော့ အဓိပ္ပါယ်လေးနက်မှုလည်း လျော့သွားပါတယ်။

ဥပမာ ။  ။

သူသည် ကျောင်းသားများ ဖြစ်ခဲ့ကြသည်။

ငါတို့သည် ကလေး ဖြစ်ခဲ့သည်။

အဲဒီလိုဆိုရင် ကြားရတာ မကောင်းသလို ၊ လေးနက်မှုလည်း မရှိတော့ဘူးနော် ။ .......................................................

1. You were a driver.

2. Were you a driver?

3. You were not a driver.

4. Were you not a driver?

5. You were a driver, weren't you?

6. You were not a driver, were you?

You ကတော့ ချို့ယွင်းချက်အနေနဲ့ မှတ်ထားပါ ။ ( You )ရဲ့နောက်မှာ (Verb) အများကိန်းပဲ လိုက်ပါတယ် ။ အဲဒါကြောင့် ( were ) ကိုသုံးထားတာပါ ။

*************************************

အောက်မှာပေးထား
တဲ့ မြန်မာဝါကျတစ်ကြောင်းစီကို အင်္ဂလိပ်ဝါကျ ( ၆ ) မျိုးရေးကြည့်ပါ ။

၁ ။ သူသည် လွန်ခဲ့သောနှစ်က ဆရာဝန်တစ်ယောက် ဖြစ်ခဲ့သည်။

၂ ။ သင်သည် လွန်ခဲ့သောနှစ်က ၀သောလူကလေးတစ်ယောက် ဖြစ်ခဲ့သည်။

၃ ။ ငါသည် လွန်ခဲ့သောနှစ်က မိုက်မဲသောလူကလေးတစ်ယောက် ဖြစ်ခဲ့သည်။

၎ ။ စိုးစိုးသည် လှပသော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်။

၅ ။ မျိုးမျိုးသည် ပိန်သောမိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်။

၆ ။ တိုးတိုးသည် ငါ၏သူငယ်ချင်း  ဖြစ်ခဲ့သည်။

၇ ။ ငါတို့သည် ကျောင်းသားများ ဖြစ်ခဲ့သည်။

၈ ။ ကျော်ကျော်၏အဖေသည် ချမ်းသာသောလူကြီးတစ်ယောက် ဖြစ်ခဲ့သည်။

၉ ။ သင်တို့သည် ဆရာဝန်များ ဖြစ်ခဲ့ကြသည်။

၁၀ ။ ဦးလှသည် ကျွန်တော်၏ဦးလေး ဖြစ်ခဲ့သည်။

၁၁ ။ ဇော်ဇော်သည် ဆရာတစ်ယောက်ဖြစ်ခဲ့သည်။

၁၂ ။ ဦးဘသည် လယ်သမားတစ်ယောက်ဖြစ်ခဲ့သည်။

၁၃ ။ ငါတို့သည် လူကလေးများ ဖြစ်ခဲ့ကြသည်။

၁၄ ။ သင်တို့သည် မိန်းကလေးများ ဖြစ်ခဲ့ကြသည်။

၁၅ ။ ကျော်ကျော်သည် ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။

×××××××××××××××××××××××××××××

No comments:

Post a Comment