''Article''
A/An/The သုံးလုံးကို Article ဟုခေါ်ပါသည်။
မြန်မာဘာသာတွင် ၄င်းအာတီကယ်သုံးလေ့မရှိသောကြောင့် မြန်မာကျောင်းသားအဖို့ အာတီကယ်အသုံးပြုပုံကို ရှင်းရှင်းလင်းလင်း တိတိကျကျ နားလည်သဘောပေါက်ရန်မလွယ်ကူပေ။ဒီ Grammar Part(1)မှာတော့ အာတီကယ်(Article)ကိုသိသင့်သိထိုက်သလောက်တင်ပြ ပေးသွားမှာပါ အကျယ်ကိုတော့ နောက်ပိုင်း ခဲရာခဲဆစ် အဓိပ္ပါယ်အခန်းတွင် ဆက်လက်ရှင်းပြပါမယ်။
(အကြမ်းဥပဒေ)
1)Uncountable Noun ရေတွက်မရသောနာမ်ကို ဝါကျတွင်
(a)ပထမသုံးသောအခါ Article မပါပဲသုံးရ၏။
exam;gold/milk/tea…………
(b)ဒုတိယ တတိယဝါကျတွင်သုံးသောအခါ ''The'' နှင့်တွဲသုံးရ၏။
exam:The gold/The milk/The tea………
2)Countable Noun ဗဟုဝုစ်နာမ်ကို ဝါကျတွင်
(a)ပထမသုံးသော အခါ Article မပါပဲသုံးရ၏။
exam;dogs/books/tomatoes………
(b)ဒုတိယ တတိယဝါကျတွင် ''The'' နှင့်တွဲသုံးရ၏။
exam:The dog/The books/The tomatoes……
3)Countable Noun ဧကဝုစ်နာမ်တွင်
(a)အများထဲမှ တစ်ခုကို ''A/An'' တစ်ခုခုနှင့် အမြဲတွဲဖက်သုံးရ၏။''A/An ကို ''Indefinite Article''ဟုလည်းခေါ်သည် ပြောရမယ်ဆိုရင် မတိကျမသေချာသည့် အာတီကယ်ပေါ့။
exam: A book/A student/An ox/An umbrella…
(b)ထိုနေရာတစ်ဝိုက်တွင် တစ်ယောက်တစ်ခုတည်း ရှိသောအခါ ''The'' ဖြင့် တွဲသုံးရ၏။''The'' ကို Definite Article=တိကျသေချာသော အာတီကယ်ဟုခေါ်ပါသည်။
exam;The teacher/The blackboard/The table…
<<မှတ်ချက်>>
1)Countable Noun ဧကဝုစ်ကို ''A An The'' တစ်ခုခုမပါပဲသုံးလျှင်မှား၏။A နှင့် An မှာ တစ်ခုဟုအဓိပ္ပါယ်ရှိ၍ မမှားသော်လည်း The မှာ အဓိပ္ပါယ်မရှိသဖြင့် ကျောင်းသားများချန်ထားတတ်ကြ၏ မှားတတ်ကြ၏။အထူးသတိပြုပါလေCountable Noun ဧကဝုစ်ရှေ့တွင် (A/An-Indefinite Article & The-Definite Article)တစ်ခုခုပါရမည်ဟု မှတ်ပါ။
2)Article လုံးဝမပါဘဲသုံးသော 1)a နှင့် 2)a တို့ကို Zero Article ဖြင့်သုံးသည်ဟု ခေတ်သစ်သဒ္ဒါဆရာတို့က ဆိုကြသည်။
No comments:
Post a Comment