#Likeနဲ့Asအသုံး
လူတိုင်းအမှားများကြပါတယ်...
သတိထားကြပါကုန်...
#Like
(...ကဲ့သို့၊ ...လိုပဲ)
*** Like ဟာ Preposition ဖြစ်တယ်...
ဒါ့ကြောင့် Like ရဲ့ နောက်မှာ Pronoun နဲ့ Nounပဲလိုက်ရပါတယ်။
(တစ်ခါတစ်လေ Like me , Like this, Like somebody , Like something , doing something တွေလည်း လိုက်ပါတယ်)
What a beautiful house ! It's like a palace.
လှလိုက်တဲ့ အိမ်လေး။ နန်းတော်လိုပဲ။
He is a teacher, like me.
သူက ကျွန်တော့လိုပဲဆရာဖြစ်တယ်။
He looks like an actor.
သူ့ကြည့်ရတာ မင်းသားလိုပဲ ဆင်တူတယ်...
You're very nice , like your mother.
မင်းက မင်းရဲ့အမေလိုပဲ အရမ်းကြည့်ကောင်းနေတယ်..
It's raining again. I hate weather like this.
မိုးရွာပြန်ပြီ။ ဒီလိုရာသီဥတုမျိုးကို ကျွန်တော်မုန်းတယ်ဗျာ။
It sounds like a baby crying.
ထိုအသံက ကလေးငိုသံကဲ့သို့ တူတယ်။
I look like my mum in this photo.
ဒီဓါတ်ပုံထဲမှာ ကျွန်တော်က ကျွန်တော့်အမေကဲ့သို့ တူတယ်။
Like my father , I'm losing my hair.
ငါ့အဖေကဲ့သို့ ငါ့ဆံပင်တွေ မရှိတော့ဘူး။
Stop behaving like animals !
တိရိစ္ဆာန်လို အပြုအမူတွေ ရပ်လိုက်ပါ။
#As
(....ကဲ့သို့၊..သလို၊...အတိုင်း)
***As ဟာ Conjunction ဖြစ်ပါတယ်...ဒါ့ကြောင့် ''ဝါကျအစနဲ့
စကားစပ်နေရာ'' မှာထားသုံးရပါမယ်...
As you know
မင်းသိသလို
As you said
မင်း ပြောခဲ့သလို
As I explain
ကျွန်တော် ရှင်းပြသလို
As I thought
ငါ ထင်ထားခဲ့သလို
Do as I say, Not as I do
ငါပြောသလိုလုပ်,ငါလုပ်သလို မလုပ်နဲ့
I did as I promised.
ကျွန်တော် ကတိပေးထားခဲ့တဲ့အတိုင်း လုပ်ခဲ့တယ်။
You should do it as I show you.
မင်း ဒါကို ငါပြသလို လုပ်သင့်တယ်။
As you know , English is very important for all.
မင်းသိသလိုပဲ အင်္ဂလိပ်စာက အားလုံး
အတွက် အလွန်အရေးကြီးတယ်။
As you expected, I passed the exam.
မင်း မျှော်လင့်ထားသကဲ့သို့ ငါ စာမေးပွဲအောင်ခဲ့တယ်။
#As+ usual (ထုံးစံအတိုင်း)
#As +always (ခါတိုင်းလို)
You're too late as usual.
မင်းကတော့ ထုံးစံအတိုင်းပဲ နောက်ကျလွန်းတယ်။
As always , I was late to go.
ခါတိုင်းလိုပါပဲ ကျွန်တော် သွားဖို့ နောက်ကျတယ်။
(သဒ္ဒါနည်းအသုံးကို နားလည်
သဘောပေါက်နိုင်ကြပါစေ...)
No comments:
Post a Comment