ဒီနေ့တော့ ဝါစင်္ဂ ( ၈ ) မျိုးထဲက ( Pronoun ) အ
ကြောင်း မတင်ခင် (Article) လို့ခေါ်တဲ့ ( a , an , the ) အသုံးပြုပုံလေးတွေ တင်ပေးပါမယ် ။
. ARTICLE ( a , an , the )᠌᠌᠌
________________________
နာမ်၏ ရှေ့တွင်ထား၍ နာမ်၏ ယေဘုယျသဘောကို ဖေါ်ပြသော ( a , an , the ) တို့ကို article ဟုခေါ်သည် ။
( a , an ) အသုံးပြုပုံ
_________________
( a , an ) ကို တိတိကျကျ မသိရသော အနည်းကိန်း နာမ်များ၏ ရှေ့မှ ထား၍သုံးသည် ။
ဥပမာ ။ ။
1. a cow = နွားတစ်ကောင်
2. a car = ကားတစ်စီး
3. an ox = နွားထီးတစ်ကောင်
4. an apple = ပန်းသီးတစ်လုံး
ဒီမှာ မှတ်ရမှာ တစ်ခုရှိပါတယ် ။
(a) = တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်
(an) = တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်
နှစ်ခုလုံးက အဓိပ္ပါယ် အတူတူပါပဲ ။
သုံးတဲ့အခါကျရင်တော့
( a ) ဟာ ( အ )အသံမထွက်တဲ့ ဗျည်းနဲ့စတဲ့ အနည်းကိန်းနာမ်တွေရဲ့ ရှေ့မှာ ထားသုံးရပါတယ် ။
ဥပမာ ။ ။
1. a book = စာအုပ်တစ်အုပ်
2. a pencil = ခဲတံတစ်ချောင်း
3. a ruler = ပေတံတစ်ချောင်း
( an ) ဟာ ( အ ) အသံဖြင့် စ ထွက်တဲ့
အနည်းကိန်းနာမ်တွေရဲ့ ရှေ့မှာထား သုံးရပါ
တယ် ။
ဥပမာ ။ ။
1. an orange = လိမ္မော်သီးတစ်လုံး
2. an oven = ဒယ်အိုးတစ်လုံး
3. an elephant = ဆင်တစ်ကောင်
4. an hour = တစ်နာရီ
********************************************
( a , an ) မသုံးရသည့် နေရာများ
____________________________
1. ရေတွက် မရ နာမ်များ၏ ရှေ့မှ မသုံးရ
2. အများကိန်း နာမ်များ၏ ရှေ့မှ မသုံးရ
3. ကိုယ်ပိုင် အမည်၏ ရှေ့မှ မသုံးရ
===============================
( The ) အသုံး
____________
(1) တိတိကျကျ သိရသော နာမ်၏ ရှေ့မှထား၍
သုံးသည် ။
ဥပမာ ။ ။
a teacher = မည်သူ/မည်သည့်ကျောင်း
စသည် မတိကျ ။
the teacher = မည်သူ/မည်သည့်ကျောင်း
စသည် တိကျ ။
(2) အနည်းကိန်း/အများကိန်း နာမ်တို့၏ရှေ့မှ
ထား၍ သုံးသည် ။
ဥပမာ ။ ။
1. the pen ( နာမ် အနည်းကိန်း )
2. the pens( နာမ် အများကိန်း )
(3) ရေတွက်ရ နာမ် / ရေတွက်မရ နာမ် တို့၏
ရှေ့မှထား၍ သုံးသည် ။
ဥပမာ ။ ။
1. the dog ( ရေတွက်ရ နာမ် )
2. the milk ( ရေတွက်မရ နာမ်)
(4) ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိသော အ
ရာဝတ္ထုများ / နေရာဒေသ တစ်ခုမှာ တစ်မျိုး
တည်းသာရှိသော နာမ်များ၏ ရှေ့မှထား၍
သုံးသည်။
ဥပမာ ။ ။
1. the sun
2. the moon
3. the Minister of health
4. the kitchen
(5) မြစ်များ ၊ သမုဒ္ဒရာများ ၊ တောင်တန်းများ၏
ရှေ့မှထား၍ သုံးသည် ။
ဥပမာ ။ ။
1. the Ayeyawady
2. the Indian Ocean
3. the Bago Yoma
(6) ပြည်ထောင်စု တိုင်းပြည်များ / သတင်းစာ
များ / ထင်ရှားသော အဆောက်အဦများ ရှေ့
မှ ထား၍ သုံးသည် ။
ဥပမာ ။ ။
1. the Union of Myanmar
2. the new light of Myanma
3. the Lucky Hotel
(7) ဘုရား ၊ စေတီပုထိုးများ ၊ အမြတ်စား နာမဝိ
သေသနများ ၊ အမည်ပြ နာမဝိသေသနများ
၏ ရှေ့မှ ထား၍သုံးသည် ။
ဥပမာ ။ ။
1. the Mahamuni pagoda
2. the cleverest girl
3. the Mandalay hill
********************************************
( The ) မသုံးရသည့် နေရာများ
__________________________
( 1 ) ကိုယ်ပိုင် အမည်များ၏ ရှေ့မှ မသုံးရ ။
( 2 ) တိုင်းပြည် ၊ မြို့ ၊ ရွာ တို့၏ ရှေ့မှ မသုံးရ ။
( 3 ) school / church / bed စသည့် ရည်ရွယ်
ချက်အတိုင်း လုပ်ဆောင်ရသော နာမ်များ
၏ ရှေ့မှ မသုံးရ ။
(၃)ဥပမာ ။ ။
မောင်မောင်သည် ကျောင်းသို့သွားသည်ဟူ
သော ဝါကျ၌ မောင်မောင်သည် (ကျောင်း
သားတစ်ယောက် ဖြစ်၍) စာသင်ရန် သွား
တာဖြစ်လျှင် ကျောင်းသို့၌ ( to school ) ဟု
ရေးရမည် ။ ( to the school ) ဟုရေးလျှင်
စာသင်ရန်မဟုတ် အခြားကိစ္စဖြင့် သွားသည်
ဟု အဓိပ္ပါယ်ရသည် ။
ထို့အတူပဲ ( to the bed ) ဟုရေးလျှင် အိပ်
ရန်မဟုတ် တခြားကိစ္စတစ်ခုခုနှင့် သွားတာ
ဖြစ်ပါတယ် ။ ဂျပိုးသတ်ဖို့ သွားတာလည်း ဖြစ်
ရင် ဖြစ်မှာပေါ့ 😜 ...
No comments:
Post a Comment