Wednesday, February 8, 2017

မနေ့က အတိတ်ကာလ ဖြစ် / ရှိ ကြိယာ

မနေ့က အတိတ်ကာလ ဖြစ် / ရှိ ကြိယာ လေ့လာခဲ့ပြီးတော့ ( ဖြစ် ) အကြောင်း လေ့ကျင့်ခန်း လုပ်ခဲ့ပြီးပြီနော် ။
ဒီနေ့ ( ရှိ ) အကြောင်း လေ့ကျင့်ခန်းလုပ်ရအောင် ...

အတိတ်ကာလ ဖြစ် / ရှိ ကြိယာတွေကတော့ ဘာတွေလဲဆိုတာ
သိပြီးပြီနော်။ ( was / were ) ပါ ။
ကတ္တားကအနည်းကိန်း ဆိုရင် ( was ) ကိုသုံးပြီးတော့ ၊ ( You ) အပါအ၀င် အများကိန်း ကတ္တားတွေဆိုရင် ( were ) ကိုသုံးရတယ်ဆိုတာလည်း သိပြီးပြီနော်။

ဥပမာ ။ ။

ဆရာဝန်တစ်ယောက်သည် မနေ့က ဆေးရုံထဲမှာ ရှိခဲ့သည်။

1. A doctor was in the hospital yesterday.

2. Was a doctor in the hospital yesterday?

3. A doctor was not in the hospital yesterday.

4. Was a doctor not in the hospital yesterday?

5. A doctor was in the hospital yesterday, wasn't he?

6. A doctor was not in the hospital yesterday, was he?

.......................................................

လေ့ကျင့်ခန်း လုပ်ကြည့်ပါ ။ တစ်ကြောင်းကို ( ၆ ) မျိုးနော် ။

၁ ။ ဆရာတစ်ယောက်သည် မနေ့က ကျောင်းထဲမှာ ရှိခဲ့သည်။

၂ ။ ဇော်ဇော်သည် မနေ့က ဥယျာဉ်ထဲမှာ ရှိခဲ့သည်။

၃ ။ စာအုပ်တစ်အုပ်သည် မနေ့က စားပွဲပေါ်မှာ ရှိခဲ့သည်။

၎ ။ ခွေးတစ်ကောင်သည် သစ်ပင်အောက်မှာ ရှိခဲ့သည်။

၅ ။ ကြောင်တစ်ကောင်သည် စားပွဲအောက်မှာ ရှိခဲ့သည်။

၆ ။ ငါတို့သည် မနေ့က အတန်းထဲမှာ ရှိခဲ့ကြသည်။

၇ ။ လှပသောငှက်တစ်ကောင်သည် မနေ့က ဥယျာဉ်ထဲမှာ ရှိခဲ့သည်။

၈ ။ သူမသည် မနေ့က ကျောင်းထဲမှာ ရှိခဲ့သည်။

၉ ။ ငါ၏အမေသည် မနေ့က ဈေးထဲမှာ ရှိခဲ့သည်။

၁၀ ။ သူတို့သည် မနေ့က ကျောင်းအောက်မှာ ရှိခဲ့ကြသည်။

×××××××××××××××××××××××××××××

No comments:

Post a Comment