Verb to be ( ဖြစ် / ရှိ ကြိယာ )
___________________________
am , is , are , was , were , be , shall be , will be ( V3 = been , Ving = being )
ကာလသုံးမျိုး ရှိကြောင်း မနေ့က ပြောခဲ့ပြီးပါပြီ ။
ကျွန်တော်တို့ရဲ့ ( ဖြစ် / ရှိ ) တာတွေဟာ
အတိတ်က ဖြစ်ခဲ့ ၊ ရှိခဲ့ တာလား ...
အခုပစ္စုပ္ပန်မှာ ဖြစ်နေ ၊ ရှိနေတာလား ...
အနာဂတ်မှာ ဖြစ်လိမ့် ၊ ရှိလိမ့် မှာလား ...
ဆိုတဲ့ ကာလ သုံးမျိုးရှိပါတယ် ။
ကာလ တစ်ခုစီ တစ်ခုစီမှာ သုံးရတဲ့ ကြိယာ ( Verb ) တွေမတူပါဘူး ။
ပစ္စုပ္ပန် ကာလ
____________
am = ရှိသည် ၊ ဖြစ်သည် ( I နှင့်သာတွဲ )
is = ရှိသည် ၊ ဖြစ်သည် ( အနည်း )
are = ရှိကြသည် ၊ ဖြစ်ကြသည် ( အများ )
အတိတ် ကာလ
_____________
was = ရှိခဲ့သည် ၊ ဖြစ်ခဲ့သည် ( အနည်း )
were = ရှိခဲ့ကြသည် ၊ ဖြစ်ခဲ့ကြသည် ( အများ )
အနာဂတ် ကာလ
_______________
Shall be = ရှိလိမ့်မည် ၊ ဖြစ်လိမ့်မည် ( I , we နှင့်သာတွဲ ၊ နည်း/များ မရှိ )
Will be = ရှိလိမ့်မည် ၊ ဖြစ်လိမ့်မည် ( နည်း/များ မရှိ )
*************************************
ဖြစ်ကြောင်း ဆိုတာ ။
ဥပမာ ။ ။
၁ ။ကျွန်တော်သည် ကျောင်းသားတစ်ယောက်ဖြစ်သည် ။
၂ ။ သူသည် ဆရာဝန်တစ်ယောက်ဖြစ်သည် ။
ဤကဲ့သို့ ဖြစ်ကြောင်းကို ဖေါ်ပြချင်တဲ့အခါမှာ သုံးပါတယ် ။
ရှိကြောင်း ဆိုတာ ။
ဒီနေရာမှာ နားလည်မှုလွဲတတ်ပါတယ် ။
ရှိကြောင်းဆိုတာ တည်ရှိတာကိုပြောတာပါ ။ ( #ပိုင်ဆိုင်မှု_မှာရှိ_တာကိုပြောတာမဟုတ်ပါဘူးနော် )
ငယ်ငယ်က ဆရာကြီးက ပြောပြဖူးတယ် ...
သူငယ်ငယ်ကပေါ့ အင်္ဂလိပ်လိုကလည်း တအားပြောချင် ၊ ရေရေလည်လည် လည်းမပြောတတ်သေးတဲ့ အရွယ်ကပေါ့ ...
သူ့မှာ ခွေးလေးတစ်ကောင်မွေးထားတယ်တဲ့
အဲဒါကို အင်္ဂလိပ်လို ကြွားတာပေါ့ ... သူငယ်ချင်းတွေကို
( I am a dog ... I am a dog ) ဆိုပြီးပေါ့ ...
သူ့စိတ်ထဲကတော့ ငါ့မှာ ခွေးတစ်ကောင်ရှိတယ် ... ငါ့မှာ ခွေးတစ်ကောင်ရှိတယ် ...
လို့ပြောနေတာပေါ့ ...
သူ့ကိုယ်သူ ခွေးလုံးလုံးဖြစ်နေတာကို မသိဘူးတဲ့ 😃😃😃
ဆိုတော့ ရှိကြောင်းဆိုတာ တည်ရှိတာကိုပြောတာပါ ။
ဥပမာ ။ ။
၁ ။ ကျွန်တော် အခန်းထဲမှာ ရှိသည် ။
၂ ။ သူမ အိမ်ထဲမှာ ရှိသည် ။
ဤကဲ့သို့ ရှိကြောင်းကို ပြောချင်တဲ့အခါ သုံးနိုင်ပါတယ် ။
No comments:
Post a Comment