Tuesday, February 7, 2017

Verb to be = ရှိ ဖြစ် ကြိယာ

★★★ Verb to be = ရှိ ဖြစ် ကြိယာ★★★
ရှိသည် ရှိလိမ့်မည် ရှိရမည် ၊ ဖြစ်သည် ဖြစ်လိမ့်မည် ဖြစ်ရမည် စသည်ဖြင့် မြန်မာဘာသာ၌ ရှိ ဆိုသော ဖြစ် ဆိုသော အသံပါရှိသည့် ကြိယာကို Verb to be =ရှိ ဖြစ် ကြိယာဟုခေါ်သည်။
      ✨✨✨Verb to be table✨✨✨
✴အခြေခံလေ့လာသူများအတွက်✴
(am) is➡ ရှိသည် ဖြစ်သည်။
are➡ရှိကြသည် ဖြစ်ကြသည်။
was➡ရှိခဲ့သည် ဖြစ်ခဲ့သည်။
were➡ရှိခဲ့ကြသည် ဖြစ်ခဲ့ကြသည်။
shall be➡ရှိခဲ့လိပ့်မည် ဖြစ်ခဲ့လိမ့်မည်။(ကြ)
will be➡ရှိခဲ့လိမ့်မည် ဖြစ်ခဲ့လိမ့်မည်။(ကြ)
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
✴အခြေခံရပြီးသူအတွက်✴
Should be➡ရှိခဲ့ ဖြစ်ခဲ့လိမ့်မည်။(ကြ)
Would be➡ရှိခဲ့ ဖြစ်ခဲ့လိမ့်မည်။(ကြ)
May be➡ရှိချင်ရှိ ဖြစ်ချင်ဖြစ် နိုင်သည်။
Might be➡ရှိချင်ရှိ ဖြစ်ချင်ဖြစ် နိုင်ခဲ့သည်။
Can be➡ရှိနိုင် ဖြစ်နိုင် သည်။
Could be➡ရှိနိုင် ဖြစ်နိုင် ခဲ့သည်။
Must be➡ရှိရ ဖြစ်ရ မည်။
Should be➡ရှိသင့် ဖြစ်သင့်/ထိုက် သည်။
Ought to be➡ရှိသင့် ဖြစ်သင့် /ထိုက်သည်။
Used to be➡ရှိလေ့ရှိ ဖြစ်လေ့ရှိ ခဲ့သည်။

✨✨✨Be able to = နိုင်သည်။✨✨✨
(am) is able to➡ ရှိ/ဖြစ် နိုင်သည်။
are able to➡ရှိ/ဖြစ် နိုင်ကြသည်။
was able to➡ရှိ/ဖြစ် နိုင်ခဲ့သည်။
were able to➡ရှိ/ဖြစ် နိုင်ခဲ့ကြသည်။
Shall be able to➡ရှိ/ဖြစ် နိုင်လိမ့်မည်။(ကြ)
Will be able to➡ရှိ/ဖြစ် နိုင်လိမ့်မည်။(ကြ)

✨✨✨Be about to =တော့မလို့။✨✨✨
(am) is about to be➡ရှိ/ဖြစ် တော့မလို့။
are about to be➡ရှိ/ဖြစ် ကြတော့မလို့။
was about to be➡ရှိ/ဖြစ် ခဲ့တော့မလို့။
were about to be➡ရှိ/ဖြစ် ခဲ့ကြတော့မလို့။
Future tense -အနာဂတ်ကာလမရှိ။

✨✨✨Going to =လိမ်မည် သေချာသည်။✨✨✨
(am) is going to be➡ရှိ/ဖြစ် လိမ်မည်။
are going to be➡ရှိ/ဖြစ် ကြလိမ့်မည်။
was going to be➡ရှိ/ဖြစ် ခဲ့လိမ့်မည်။
were going to be➡ရှိ/ဖြစ် ခဲ့ကြလိမ့်မည်။
future tense -အနာဂတ်ကြိယာမရှိ။

✨✨✨Have to=ရသည်။✨✨✨
has to be➡ရှိရ /ဖြစ်ရ သည်။
have to be➡ရှိကြ/ဖြစ်ကြ ရသည်။
had to be➡ရှိခဲ့/ဖြစ်ခဲ့ ရသည်။
had to be➡ရှိခဲ့/ဖြစ်ခဲ့ ကြရသည်။
Shall have to be➡ရှိ/ဖြစ်ရလိမ့်မည်။(ကြ)
Will have to be➡ရှိ/ဖြစ် ရလိမ့်မည်။(ကြ)

✨✨✨Want to =ချင်သည်။✨✨✨
Wants to be➡ရှိ/ဖြစ် ချင်သည်။
Want to be➡ရှိ/ဖြစ် ချင်ကြသည်။
Wanted to be➡ရှိ/ဖြစ် ချင်ခဲ့သည်။
Wanted to be➡ရှိ/ဖြစ် ချင်ခဲ့ကြသည်။
Shall want to be➡ရှိ/ဖြစ် ချင်လိမ့်မည်။(ကြ)
Will want to be➡ရှိ/ဖြစ် ချင်လိမ့်မည်။(ကြ)

✨✨✨Want (obj) to=ကို စေချင်သည်။✨✨✨
Wants (obj) to be➡ရှိ/ဖြစ် စေချင်သည်။
Want (obj) to be➡ရှိ/ဖြစ် စေချင်ကြသည်။
Wanted (obj) to be➡ရှိ/ဖြစ် စေချင်ခဲ့သည်။
Wanted (obj) to be➡ရှိ/ဖြစ် စေချင်ခဲ့ကြသည်။
Shall want (obj) to be➡ရှိ/ဖြစ် စေချင်လိမ့်မည်။
Will want (obj) to be➡ရှိ/ဖြစ် စေချင်လိမ့်မည်။

✨✨✨Seem to=ပုံရှိသည် ပုံပေါ်သည်။✨✨✨
Seems to be➡ရှိ/ဖြစ် ပုံပေါ်သည်။
Seem to be➡ရှိ/ဖြစ် ပုံပေါ်ကြသည်။
Seemed to be➡ရှိ/ဖြစ် ပုံပေါ်ခဲ့သည်။
Seemed to be➡ရှိ/ဖြစ် ပုံပေါ်ခဲ့ကြသည်။
Future tense -အနာဂတ်ကာလမရှိ။

✔✔Verb to be သုံးနည်း ၂ မျိုး✔✔
  Verb to be ကြိယာများကို "ဖြစ်သည်/ရှိသည်” "ဖြစ်ကြသည်/ရှိကြသည်” ဟုအဓိပ္ပါယ် နှစ်မျိုးစီပြန်ဆိုနိုင်၏။ အဓိပ္ပါယ် နှစ်မျိုးရှိသကဲ့သို့ ဝါကျတည်ဆောက်ပုံလည်း နှစ်မျိုးရှိလေသည်။
၁။ဖြစ်သည် ဟုအဓိပ္ပါယ်ဖြင့် သုံးသောအခါ
Subject+Verb to be+Complement
ကတ္တားပထမ ဖြစ်ကြိယာဒုတိယ ဖြည့်ပုဒ်တတိယ SVC အစဉ်တိုင်းထား၍ ရေးရမည်။
✔✔ပုံစံ✔✔
Subject             Verb                     Complement
……………………………………………………………………………………
He                          is                      a boy.
သူသည်           ဖြစ်သည်          လူကလေးတစ်ယောက်
You                       are                    a girl.
သင်သည်        ဖြစ်သည်         မိန်းကလေးတစ်ယောက်
I                            was                   a teacher.
ကျွန်တော်သည်    ဖြစ်ခဲ့သည်     ဆရာတစ်ယောက်

၂။ ရှိသည် ဟူသောအဓိပ္ပါယ်ဖြင့်သုံးသောအခါ
(1)the,this,that,those,these ပါသော ကတ္တား
(2)I,We,You,He,She,They,It ပါသောကတ္တား
(3)My,Our,His,Her,Their ပါသောကတ္တား များကို
Subject+Verb to be+Place
ကတ္တားပထမ ရှိကြိယာဒုတိယ နေရာပြပုဒ်တတိယ SVP အစဉ်တိုင်းထား၍ ရေးရမည်။
✔✔ပုံစံ✔✔
Subject             Verb             Place(complement)
……………………………………………………………………………………
The boy               was            here.
လူကလေး       ရှိခဲ့သည်               ဒီနေရာမှာ
My book                is              on the table.
ကျွန်တော်စာအုပ်    ရှိသည်     စားပွဲပေါ်မှာ
You                       are             in the class.
သင်တို့                ရှိကြသည်     အတန်းထဲမှာ

မှတ်ချက်။   ။အထက်ပါဇယားများတွင် အင်္ဂလိပ်နှင့် မြန်မာ ဝါကျအနေထားသိနိုင်ရန် အင်္ဂလိပ်ဝါကျအတိုင်း
သူသည် ဖြစ်ခဲ့သည် လူကလေးတစ်ယောက်၊ သင်တို့သည် ရှိကြသည် အတန်းထဲမှာ ဟုဘာသာပြန်ထား၏။အမှန်မှာ သူသည် လူကလေးတစ်ယောက် ဖြစ်သည်။ သင်တို့သည် အတန်းထဲမှာ ရှိကြသည် ဟုမြန်မာဘာသာပြန်ဆိုရမည်ကို သတိပြုပါ၊

Time = အချိန်
Time adverb နှင့် Time adverb Phrase များကို
(က)ဝါကျ၏ ရှေ့ဆုံးမှာ ဖြစ်စေ၊
(ခ)ဝါကျ၏ နောက်ဆုံးမှာဖြစ်စေ
ထား၍ ရေးရ၏ ဝါကျအလယ်တွင်မည်သည့်အခါမှ မထားရ။ နောက်တွင် အထားများ၏။
Next year you will be a teacher.(T.S.V.C)
You will be a teacher next year.(S.V.C.T)
နှောင်နှစ်တွင် သင်သည် ဆရာတစ်ယောက် ထြစ်မည်။
Yesterday he was in the class.(T.S.V.P)
He was in the class yesterday.(S.V.P.T)
မနေ့က သူအတန်းထဲမှာ ရှိခဲ့သည်။

✔✔ဇယား၏ နမူနာဝါကျများ ထပ်ပြဦးမည်✔✔
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
https://m.facebook.com/OnlineLearnEnglishGrammar/

No comments:

Post a Comment