Tuesday, February 7, 2017

Article=အာတီကယ်လ်

Article=အာတီကယ်လ်
  ''a'' နှင့် ''an''ကို Indefinite Article ဟုခေါ်၍ ''the'' ကို Definite Article ဟုခေါ်သည်။
   အင်္ဂလိပ်ဘာသာ ဝါကျတစ်ခုတွင် နာမ်ပုဒ်တစ်ပုဒ်ကို အသုံးပြုသောအခါ--
(a)ရံခါ Article လုံးဝမပါဘဲ သုံးရ၏။
(b)ရံခါ ''a'' (သို့) ''an'' နှင့်တွဲသုံးရ၏။
(c)ရံခါ ''the'' နှင့်တွဲသုံးရ၏။
  မည်သည့်အခါ Article မပါဘဲသုံး၍ မည်သည့်အခါ ''a'' (သို့) ''an'' ကိုသုံးပြီးလျှင် မည်သည့်အခါ ''the'' နှင့်တွဲသုံးရမည်းဟု တိတိကျကျ ကွဲကွဲပြားပြား သိရန်အလွန်အရေးကြီး၏။
   မြန်မာဘာသာ ပါဠိဘာသာနှင့် အခြားဘာသာများတွင်  နာမ်ပုဒ်ကို Article နှင့်တွဲ၍ ရေးရိုး ပြောရိုး မရှိသဖြင့် Article အကြောင်းသင်ကြားရာ၌များစွာ အခက်တွေ့ရသည်။
   ဗြိတိသျှကောင်စီ၏ ကမ္ဘာလှည့်ကထိက ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက အင်္ဂလိပ်လူမျိုး Mr.Morgan ကိုယ်တိုင်က Article အကြောင်းကိုနားလည်အောင် သင်ပြရန် သူကိုယ်တိုင် အခက်ခဲတွေ့ရကြောင်းနှင့် တပည့်များအဖို့လည်း သိရန်မလွယ်လှကြောင်းကို အောက်ပါမှတ်ချက်ချ၍ သတိပေးထားလေသည်။
  The use of three little words gives most students more trouble than anything else in the learning of English.
  It's no use pretending that the mater is easy.
I find the use of articles one of the most difficult things to teach, so it is plainly not one of the easiest things to learn.
  သို့ရာတွင် သဒ္ဒါကျမ်းပေါင်း ၂၀ ကျော်ကို လေ့လာပြီးမှတီထွင်ထားသော အောက်ပါမူသေဥပဒေသုံးသပ်ချက်ကို မှတ်မိနားလည်ထားလျှင် သင်သည်အာတီကယ်လ်ကို နားလည်စွာသုံးနိုင်ပါလိမ့်မည်။(နည်းသစ်ကော့လိပ်ကျောင်အုပ်-ဦးသုမန)
                 Uncountable Noun
                               &
                  Countable Noun
ဥပဒေသ(1)
    1)ကမ္ဘာပေါ်ရှိ အားလုံးကို ခြုံ၍ ပြောဆိုသော Uncountable Noun များနှင့် Countable Noun ဗဟုဝုစ်ကိန်းများရှေ့တွင် လည်းကောင်း။
   2)ဝါကျတွင် ပထမဆုံး သာမည ပြောဆိုသော Uncountable Noun နှင့် Countable Noun ဗဟုဝုစ်ကိန်းများရှေ့တွင် လည်းကောင်း Article လုံးဝမရှိရ။
Exam; Cotton is lighter than water.
             Gold is more valuable than silver.
             Tigers live in dense forests.
             Women like flowers.
  အထက်ပါ ဝါကျများတွင် ကမ္ဘာပေါ်ရှိ  ဝါကွမ်း ရေ ရွှေ  ငွေ ကျား မိန်းမ များအကြောင်းကို ပြောသောကြောင့် ၄င်းနာမ်များရှေ့တွင် Article မပါ။
   I take tea.
   She drinks milk everyday.
   There are books on my desk.
   Students are in the class.
  ကမ္ဘာပေါ်ရှိ လက်ဘက်ရည် နို့ငိုမသောက် စားပွဲစောင်းနှင် အတန်းထဲတွင် ကမ္ဘာပေါ်ရှိစာအုပ်များ ကျောင်းသားများရှိသည်မဟုတ် ဝါကျတွင် ပထမဆုံးသာမညပြောဆို၍ Article မပါဘဲ သုံးရသည်။
ဥပဒေသ(2)A&An
   အမျိုးတူ အများထဲမှတစ်ခုကို ပထမဆုံးအကြိမ် သာမညပြောဆိုသောအခါ Countable Noun ဧကဝုစ်ရှေ့တွင် ''a'' (သို့) ''an'' ရှိရမည်။''a'' နှင့် ''an'' သုံးပုံကို ပြခဲ့ပြီးသည့်နှင် ဆက်စပ်၍ ကြည့်ပါ။
Exam:
   Open a window.
    ပြတင်းပေါက် အများကြီးရှိတဲ့ အထဲကမှ တစ်ပေါက်ကို ဖွင့်လိုက်ပါဟု ဆိုလိုသည်။
   U Mya is painting a chair.
    ကုလားထိုင် အများရှိသည့် အနက် တစ်လုံးကိုသာ ဆေးသုတ်နေသည်။
   I give my book to a student.
   ကျောင်းသားအများထဲမှ သာမည တစ်ယောက်ကို ပေးလိုက်၏။
  You can eat a mango.
   သရက်သီး အများ (ဘယ်နှလုံးပဲရှိရှိ)ရှိသည့် အနက် ကြိုက်ရာတစ်လုံးကို  စားဟုဆိုလိုသည်။
ဥပဒေသ(3)The-သုံးပုံ
   1)ရှေ့ဝါကျတွင် တစ်ကြိမ် ရေးသား ပြောဆိုပြီးသည့်နာမ်များ။
  2)Phrase ခေါ်ပုဒ်စု Clause ခေါ် ဝါကျ ကဏ္ဍ တစ်ခုခုဖြင့် တိကျစွာ ပိုင်းခြားထားသောနာမ်များ။
  3)မူလကပင် တစ်ခုတည်းရှိနေ၍  တိကျပြီးဖြစ်သောနာမ်များရှေ့တွင် The ကိုထား၍ ရေးရမည်။
Exam:(1)
a) I took tea.The tea is too sweet.
b) A girl comes to me. The girl is my niece.
c)  There are many books in my cupboard. I have read the books.
ပထမဝါကျတွင် ပထမဆုံးလည်းဖြစ် သာမညလည်းပြောသောကြောင့် ဥပဒေသ (1)အရ Article မပါဘဲ ဥပဒေသ (2)အရ ''A'' ကိုသုံးထား၏။
တစ်ကြိမ်ပြောပြီးဖြစ်သောကြောင့် ဒုတိယဝါကျရှိ ပုဒ်များရှေ့တွင် The ရှိရမည်။
Exam:(2)
a)The book (on my table) is very interesting.
b)The water (in this well) is not pure.
c)The book (which I read) is your.
d)The tea (which my mother made) is too sweet.
e)The students (whom I taught English) will pass exams.
f)Bring me the books (on your table).
   အထက်ပါဝါကျများတွင် ပထမဆုံး ပြောဆိုခြင်း ဖြစ်သော်လည်း သာမညမဟုတ် ၄င်းပုဒ်နောက်မှ လက်သဲကွင်းပြထားသော Phrase/Clause များဖြင့် တိကျစွာ ပိုင်းခြားပြထားသောကြောင့်  The ဖြင့်ရေးရ၏။
Exam;(3)
a)The moon moves round the earth.
b)The earth moves round the sun.
c)Ships are on the sea.
d)Birds can fly in the sky.
e)U Ba is the Minister of Health.
f)U Maung, the Director General went to Mandalay.
  လ ကမ္ဘာ နေ ပင်လယ် ကောင်းကင် ကျန်းမာရေးဝန်ကြီး  ညွှန်ကြားရေးမှုးချုပ်တို့  တစ်ယောက်တစ်ခုသာရှိ၍ The ဖြင့် ရေးရ၏။
Open the door.
ံတံခါးတစ်ခုသာရှိသည်။
Ma Mya sleeps in the room.
သူ့အိမ်မှာ အခန်းတစ်ခုသာရှိသည်။
<<မှတ်ချက်>>
   Exam:(3)ကို ဥပဒေသ(2)နှင့်နှိုင်ယှဉ်ကြည့်ပါ။
     @@@@@အခြားသိမှတ်ဖွယ်ရာများ@@@@@
1)ပင်လယ် မြစ် သမုဒ္ဒရာ တောင်တန်းတို့၏ အမည်များမှာ တစ်ခုတည်းရှိသောကြောင့် ဥပဒေသ(3)Exam;(3)အရ ၄င်းတို့ရှေ့တွင် The ရှိရမည်။
-The red sea=ပင်လယ်နီ။
-The Indian Ocean=အိန္ဒိယသမုဒ္ဒရာ။
-The Ayeyawadi River=ဧရာဝတီမြစ်။
-The Thame=သိမ်းမြစ်။
-The Alps=အဲလ်ပတ်တောင်တန်း။
-The Himalayas=ဟိမဝန္တာတောင်တန်း။
2)နာမည်များနောက်တွင် နာမ်ပုဒ်တစ်ခု ပါသောအခါ တစ်ခုတည်းရှိ၍ ဥပဒေသ(3)Exam;(3)အရ The နှင့်ရေးရမည် Proper Adjective ဟုခေါ်၏။
-The Shwedagon pagoda=ရွှေတိဂုံဘုရား။
-The Mandalay Hill-မန္တလေးတောင်။
-The Yangon City Hall-ရန်ကုန်မြို့တော်ခန်းမ။
-The Dagon Lwin Express=ဒဂုံလွင်အမြန်ရထား။
3)Superlative အမြတ်စားနာမဝိသေသနရှေ့တွင် တစ်ခုတည်းရှိသောကြောင့် The အမြဲပါရမည်။
-The best boy.
-The most beautiful girl.
-The largest box.
4)လူ မြို့ ရွာ နာမည်များရှေ့တွင် Article မသုံးရ။
U Thaung Lwin/Ma Yee/Yangon/England
Mandalay/London/Myeik.
<<ချွင်းချက်>>
The Soviet Union. The United States.
The Union of Myanmar.
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

No comments:

Post a Comment