Lesson { 5 }
*** ခုထိ စာလုံး တစ်လုံးတည်းသာရှိတဲ့ နာမ်
အကြောင်းတွေပဲ လေ့လာခဲ့တယ်။ စာလုံးတစ်လုံးထက် ပိုတဲ့ တစ်ချို့နာမ်တွေကိုတော့ Noun Phrase
(နာမ်စကားစု) လို့ခေါ်ပါတယ်။
e.g
- World population _ကမ္ဘာ့ လူဦးရေ
- Some children_တစ်ချို့ကလေးတွေ
- A difficult riddle_ခက်ခဲ့တဲ့စကားထာ
- The way home_ အိမ် အပြန်လမ်း
- The middle sun_မွန်းတည့်နေ
The girl inred_အနီရောင်နဲ့ ကောင်မလေး
*** ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကို
ရှင်းပြဖို့ Noun Phrase ကို တစ်စုံတစ်ယောက်ရဲ့ နာမည်ရှေ့မှာ သုံးတယ်။
e.g
- My sister Yadanar_ကျွန်တော့်ညီမ ရတနာ
- My brother Aung Aung_ ကျွန်တော့် အစ်ကို အောင်အောင်
- Her husband Thu Ra_ သူယောက်ျား သူရ
- My best friend Kyaw Soe_
ကျွန်တော် သူငယ်ချင်းကောင်း ကျော်စိုး
- Our teacher Daw thandar_
ကျွန်ုပ်တို့ ဆရာမ ဒေါ်သန္တာ
*** တစ်ခါ တစ်လေ ရှင်းလင်းချက် အနေနဲ့
Noun Phrase ကို နာမည် တစ်ခုရဲ့
နောက်မှာ Comma ထည့်ပြီး ရေးလေ့ ရှိတယ်။ ( Nouns in Apposition )
e.g
-U Kyaw Lwin, Our football coach. ကျွန်ုပ်တို့ အားလုံးရဲ့ နည်းပြ ဦးကျော်လွှင်
- Zaw min, a cousin of mine.
ကျွန်ုပ် ညီအစ်ကို ဝမ်းကွဲ ဇော်မင်း
- Ko Ko and Zaw Zaw, my friends. ကျွန်တော့် သူငယ်ချင်း ကိုကိုနဲ့ ဇော်ဇော်
- U Tun, Our team leader, is a good swimmer.
တို့အသင်းခေါင်းဆောင် ဦးထွန်းက ရေးကူးသမားကောင်း တစ်ယောက်ပါ
- Thin Zar, my friend at school,
met with an accident.
ကျောင်းက ကျွန်တော်သူငယ်ချင်း သဉ္ဇာ မတော် တဆ
ထိခိုက်မှု ကြုံခဲ့တယ်။
Here go and study
https://www.facebook.com/groups/1453774208271497/permalink/1715103265471922/
မေတ္တာ စေတနာဖြင့် M W Z
No comments:
Post a Comment