Tuesday, February 7, 2017

အွန်လိုင်အင်္ဂလိပ်

Present Tense = ပစ္စုပ္ပန်​ကာလ
Past Tense = အတိတ်​ကာလ
Future Tense = အနာဂတ်​ကာလ
.......ဆိုပြီး ကာလ ၃ မျိုး ရှိတယ်​ဆိုတာ အားလုံး သိပြီးသားပါ။ အဲ့ကာလ ၃ ခုကို ဖြန့်​လိုက်​ရင်​ ကာလ ၁ ခုစီကို ၄ မျိုးစီ ထွက်​လာတဲ့အတွက်​ အားလုံး​ပေါင်း ကာလ ၁၂ မျိုးထွက်​လာပါတယ်​...အားလုံး အသိ​ပေါ့...😃😃 မသိလည်း မှတ်​ 😃😃
Ok...တစ်​ခုစီ ဖြန့်​ကြည့်​မယ်​....အရှင်းဆုံးဖြစ်​​အောင်​​တော့ စီထားပါတယ်​ မရှင်းရင်​လည်း ​မေတ္တာ ​ရှေ့ထား​ပေးပါ.....😃😃

(Present Tense) ပစ္စုပ္ပန်​ ကာလ
(1) Simple Present Tense(ရိုးရိုး ပစ္စုပ္ပန်​ ကာလ) (S + V + O)
** I study English
** ငါ အင်္ဂလိပ်​စာ ​လေ့လာတယ်

(2) Present Continuous Tense(ပစ္စုပ္ပန်​ ဖြစ်​ဆဲ ကာလ)
(S+am,is,are+Ving+ O)
**I'm studying English
**ငါ အင်္ဂလိပ်​စာ ​လေ့လာ​နေတယ်

(3) Present Perfect Tense(ပစ္စုပ္ပန်​ ဖြစ်​ပြီး ကာလ)(S+have,has+ V3+O)
**I have studied English
**ငါ အင်္ဂလိပ်​စာ ​လေ့လာပြီးပြီ

(4) Present Perfect Continuous Tense(ကြာ​နေပြီဖြစ်​​သော အချိန်​ပိုင်း)
(S+have,has+been +Ving)
** I have been studying English for two years
** ငါ အင်္ဂလိပ်​စာ ​လေ့လာ​နေတာ ၂ နှစ်​ရှိပြီး
(လွန်​ခဲ့တဲ့ ၂နှစ်​တည်းက ​လေ့လာ​နေတာ ခုလည်း ​လေ့လာ​နေတုန်းပဲ)

(Past Tense)အတိတ်​ကာလ
(1) Simple Past Tense(ရိုးရိုး အတိတ်​ကာလ)(S+V+O)
**I studied English
**ငါ အင်္ဂလိပ်​စာ ​လေ့လာခဲ့တယ်

(2) Past Continuous Tense(အတိတ်​ဖြစ်​ဆဲကာလ)
(S+was,were+Ving+O)
**I was studying English
**ငါ အင်္ဂလိပ်​စာ ​လေ့လာ​နေခဲ့တယ်

(3) Past Perfect Tense(အတိတ်​ဖြစ်​ပြီးကာလ)(S+had+V3+O)
** I had studied English
** ငါ အင်္ဂလိပ်​စာ ​လေ့လာပြီးခဲ့ပြီ

(4) Past Perfect Continuous Tense (အတိတ်​တွင်​ ကြာ​နေ​သော အချိန်​ပိုင်း)(S+ had+ been+ Ving+ O)
** I had been studying English fow 5 years
**ငါ အင်္ဂလိပ်​စာ ​လေ့လာ​နေခဲ့တာ ၅ နှစ်​ကြာပြီး(လွန်​ခဲ့တဲ့ ၅ နှစ်​တည်းက ​လေ့လာ​နေခဲ့တာ ခုလည်း​လေ့လာ​နေတုန်းပဲ)

(Future Tense) အနာဂတ်​ကာလ
(1) Simple Future Tense(ရိုးရိုး အနာဂတ်​ကာလ)(S+shall/will+V+O)
** I will study English next year
**လမည့်​နှစ်​မှာ ငါအင်္ဂလိပ်​စာ ​လေ့လာမယ်​(ခု မ​လေ့လာရ​သေးဘူး)

(2) Future Continuous Tense(အနာဂတ်​ဖြစ်​ဆဲ ကာလ)
(S+ will be + Ving + O)
** I will be studying English tomorrow
**ငါ အင်္ဂလိပ်​စာ ​လေ့လာ​နေလိမ့်​မယ်​ မနက်​ဖြန်

(3) Future Perfect Tense(အနာဂတ်​ဖြစ်​ပြီး ကာလ)(S+will+have+ V3+O)
** I will have studied English
**ငါ အင်္ဂလိပ်​စာ ​လေ့လာပြီး ဖြစ်​လိမ့်​မယ်

(4) Future Perfect Continuous Tense(အနာဂတ်​မှာ ကြာ​နေမည့်​အချိန်​ပိုင်း)
ဒီtense ကို အသုံးနည်းပါတယ်​ မသုံးသ​လောက်​ပါပဲ

(S+ will + have + been+ Ving)
** At the end of next year, we will have been studying English for 5 years
**လာမည့်​နှစ်​ ကုန်​ရင်​ ငါတို့ အင်္ဂလိပ်​စာ ​လေ့လာ​နေတာ ၅ နှစ်​ပြည့်​ပြီ
** I will have been studying English
** ငါ အင်္ဂလိပ်​စာ ​လေ့လာ​နေ​နေအုံးမှာ
( ခုလည်း​လေ့လာ​နေတယ်​ ​နောင်​လည်းခုလိုပဲ ​လေ့လာ​နေလိမ့်​အုံးမှာ)

😃😃U YAN😃😃

No comments:

Post a Comment