( I ) ကို am,is,are,was,were တို့နှင့် တွဲသုံးနိုင်ပုံ
***********************************
အရင်က တင်ပေးဖူးတဲ့ ပို့စ်အဟောင်းလေးပါ။သိသူများ ကျော်သွားပေးပါခင်ဗျာ။
( I )ကို am,is,are,was,were
အားလုံးနဲ့တွဲသုံးနိုင်ပါတယ်။
အောက်ပါ ဥပမာများနဲ့ရှင်းလင်းချက်များကို လေ့လာကြည့်ပါခင်ဗျာ။
1. I am Tun Tun.
I am a student.
( I ) ကို pronoun(နာမ်စား) အနေနဲ့ သုံးတဲ့ အခါ
( am ) နဲ့တွဲသုံးရပါမယ်။
2. I eat a cake.
In this sentence, I is a subject.
I is a vowel. ( vowel = သရ )
ဒီဝါကျတွေမှာဆိုရင် ( I )က နာမ်စားမဟုတ်ပါဘူး။
A to Z ထဲမှာပါဝင်တဲ့ အက္ခရာသက်သက်ပါပဲ။
( I ) ကို နာမ်စားအနေနဲ့မသုံးဘဲ A to Z ထဲက
( I ) အက္ခရာကိုပဲ ရည်ညွှန်းသုံးမယ်ဆိုရင် ( is ) နဲ့တွဲသုံးရပါမယ်။
3. Both Su Su and I are hardworking students.
ဒီမှာဆိုရင် ( I ) ကို am နဲ့လည်းမတွဲ is နဲ့လည်း မတွဲပါ။
စုစုနဲ့ကျွန်တော်နှစ်ယောက်လုံး ဆိုတော့ အများကိန်းပါ။
ဒါကြောင့် are နဲ့တွဲသုံးပေးရပါမယ်။
Both I and Su Su are လို့မရေးရပါဘူး။
( I )နဲ့ အခြားသူယှဉ်လာရင် အခြားသူကို ဦးစားပေးအရင်ရေးရပါမယ်။ ( I ) ကို နောက်ကပဲရေးပေးပါ။
4. I was born in 1996.
ဒီ was နဲ့တွဲသုံးတဲ့ ပုံစံကိုတော့ အားလုံးသိကြမယ်
ထင်ပါတယ်။ပုံမှန်အားဖြင့်
was,were ဆိုရင် ( I )ကို was နဲ့ပဲတွဲသုံးရပါတယ်။
5. If I were a bird, I would fly to you.
ငါသာ ငှက်ကလေးဖြစ်ရင် မင်းဆီကို ပျံသန်းလာမှာပေါ့။
If I were you, I would marry her.
ငါသာမင်းဆိုရင် သူမကို လက်ထပ်ယူမှာ။
တကယ်မဖြစ်နိုင်တာကို စိတ်ကူးယဉ်တင်စားတဲ့အခါမှာ
( were ) နဲ့တွဲသုံးပေးရပါမယ်။
ဒီလိုအခြေအနေမျိုးမှာ ( I ) မှမဟုတ်ပါဘူး။
you,they,he,she,… စတဲ့စကားလုံးတွေအားလုံးကို
(were) နဲ့တွဲသုံးလို့ရပါတယ်။
If you were a flower,I would wear you in my hair.
မင်းသာပန်းကလေးဆိုရင် ငါ့ခေါင်းထက်မှာပန်ထားမှာပေါ့။
If ကို ဖြုတ်ပြီး were ကို ဝါကျရဲ့ရှေ့ဆုံးကို ထုတ်ပြီးလည်း ရေးလို့ရပါတယ်။
Were you a flower, I would wear you in my hair.
************************************************
တတိယအကြိမ်မြောက်
ပြန်လည်တင်ပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။
အင်္ဂလိပ်စာကိုလေ့လာရင်း အင်္ဂလိပ်စာအရည်အသွေး
တစ်နေ့တစ်ခြား တိုးတက်ကောင်းမွန်နိုင်ကြပါစေခင်ဗျာ။
~ စေတနာမေတ္တာများစွာဖြင့် ~
#ဆရာဦးသိုက်ထွန်း-အင်္ဂလိပ်စာ
No comments:
Post a Comment