Tuesday, February 7, 2017

8 Parts of Speech ( ဝါစင်္ဂ ၈ မျိုး )


English Grammar မှာတော့ 8 Parts of Speech ( ဝါစင်္ဂ ၈ မျိုး ) လို့ ခေါ်ကြတာပေါ့ ။

1. Noun
2. Pronoun
3. Adjective
4. Verb
5. Adverb
6. Preposition
7. Conjunction
8. Interjection

အခြေခံ ခြုံမိအောင် ဒီပုံစံ ၈ မျိုးကို လျှပ်ပြီးပဲ အရင် ပြောပါမယ် ။
နောင်မှ အသေးစိတ် ဆက်သွားတာပေါ့ ။

၁။ Noun ( နာမ် )
နာမည် အခေါ်အဝေါ်မှန်သမျှကို ခေါ်တာပါ ။
တစ်ဦးချင်းဆိုင်တဲ့ - ကျော်ကျော် ၊ သီတာ ( Kyaw Kyaw , Thida ) 
ခြုံငုံပြီး အများနဲ့ဆိုင်တဲ့ - လူသား ၊ မိန်းမ ၊ ကလေးငယ် ( Human , Woman , Baby )
စိတ်ခံစားချက် ၊ ထိတွေ့ ကိုင်တွဲမရတဲ့ - ချစ်ခြင်း ၊ မုန်းခြင်း ( Love , Hate/Hatred )
အစုလိုက်ကို ဖော်ပြတဲ့ - မိသားစု ၊ ကုမ္ပဏီ ( Family , Company )
စတာတွေ အားလုံးဟာ Noun ( နာမ် ) တွေပါပဲ ။

၂။ Pronoun ( နာမ်စား )
အခုနက ပြောတဲ့ Noun ( နာမ် ) တွေကို စကားပြော ၊ စာရေးတဲ့အခါ
ထပ်ကျော့မသုံးချင်လို့ အစားထိုးပြီး သုံးတဲ့ စကားလုံးတွေကို Pronoun ( နာမ်စား ) လို့ ခေါ်ပါတယ် ။
Kyaw Kyaw အစား "He" သုံးမယ် ။
My job အစား "It" သုံးမယ် ။ စသဖြင့်ပေါ့ ။
Kyaw Kyaw is a student. Kyaw Kyaw is hardworking. လို့ သုံးမယ့်အစား
Kyaw Kyaw is a student. *He* is hardworking. လို့ သုံးပေးရတာမျိုးပေါ့ ။

၃။ Adjective ( နာမ ဝိသေသန )
အခုနက Noun/Pronouns တွေ ရဲ့ အရည်အချင်းတွေ ဂုဏ်သတ္တိတွေကို
ထည့်သွင်း ပြောဆိုတဲ့ စကားလုံးတွေကို Adjective ( နာမ ဝိသေသန ) လို့ ခေါ်ပါတယ် ။
သူတို့က Noun/Pronouns တွေကို ထပ်မံ ဖြည့်စွက် ပုံဖော်ပေးတာပေါ့ ။

" A hat " ဆိုတဲ့ ဦးထုတ် တစ်လုံးကို
အနက်ရောင် ဦးထုတ် တစ်လုံး " a black hat " လို့ ပြောလိုက်တဲ့ အခါမှာ
" black " ဟာ Adjective ( နာမ ဝိသေသန ) ပေါ့ ။

" a woman "  ဆိုတဲ့ " မိန်းမ တစ်ယောက် " ကို
" a beautiful woman " ဆိုပြီး " မိန်းမလှ တစ်ယောက် " လို့ ပြောလိုက်တဲ့အခါ
" beautiful " - လှပသော - ဆိုတာဟာ Adjective ( နာမ ဝိသေသန ) ပေါ့ ။

၎။ Verb ( ကြိယာ )
အခုန Nouns/Pronouns တွေက တစ်ခုခု ထလုပ်ပြီ ၊ ဖြစ်ပြီ ၊ ရှိပြီ ဆိုရင်တော့
အဲ့လို လုပ်ကြောင်း ၊ ဖြစ်ကြောင်း ၊ ရှိကြောင်း ပြတဲ့ စကားလုံးတွေကို Verb ( ကြိယာ ) လို့ ခေါ်ရတာပေါ့ ။

> I swim every day. မှာ ပါတဲ့ "swim" ဟာ လုပ်ကြောင်း ကို ပြတယ် ။

> I am a swimmer. မှာ ပါတဲ့ " am " ဟာ ဖြစ်ကြောင်း ကို ပြတယ် ။

> I have a swimsuit ( ရေကူးဝတ်စုံ ) . မှာ ပါတဲ့
" have " ဟာ ရှိကြောင်း ကို ပြတယ် ။

ဒါတွေဟာ Verb ( ကြိယာ ) တွေပေါ့ ။

၅။ Adverb ( ကြိယာဝိသေသန )
အခုနက Verb ( ကြိယာ ) ရဲ့ အကြောင်းကို
ပိုမို ဖြည့်စွက် ချဲ့ထွင် ဂုဏ်တင်ပေးတဲ့ စကားလုံးတွေဟာ Adverb ( ကြိယာဝိသေသန ) တွေပေါ့ ။
He is working hard. မှာပါတဲ့ "hard"
She is walking slowly. မှာပါတဲ့ "slowly" စတာတွေဟာ
Adverb ( ကြိယာဝိသေသန ) တွေပါ ။
( Adverb ဆိုရင် -ly နဲ့ ဆုံးတယ်လို့တော့ အသေ မမှတ်စေချင်ဘူး ။ )


ကျွန်တော်က English စကားလုံးတွေကို အတင်း ဘာသာလိုက်ပြန်ပြီး
အမြဲ အသေ လိုက်မှတ်တာမျိုးကို မကြိုက်ဘူး ။
အခု " Adverb = ကြိယာဝိသေသန " မျိုးဆို ပိုဆိုးတယ် ။
ဘာဖြစ်လို့လဲ ဆိုတော့
တကယ်က Adverb ဆိုတာ Verb ကိုတင် မဟုတ်ပဲ
Adjective ကို ၊
နောက် Adverb တစ်ခုကို ၊
စာကြောင်း တစ်ကြောင်းလုံးကို ထပ်မံ ဖြည့်စွက်တာတွေလည်း ရှိသေးတယ် ။
ဒါကြောင့် " ကြိယာဝိသေသန " ဆိုတဲ့ နာမည်နဲ့ မလိုက်ဘူး ။
ဒီနေရာမှာ ပြောရင် ရှုပ်မှာစိုးလို့ နောင်မှ ပဲ ထပ်မှတ်ပါ တော့ ။

၆။ Preposition ( ဝိဘတ် )
Preposition ( ဝိဘတ် ) ဆိုတာ အချိန် ၊ နေရာ ၊ ဦးတည်ရာ တွေကို ပြဖို့အတွက်
Nouns , Pronouns , Gerunds ( V-ing ပုံစံ နဲ့ Noun ) တွေရဲ့ ရှေ့မှာ ထားသုံးရတဲ့ စကားလုံးတွေပေါ့ ။
" in the class " မှာ ပါတဲ့ " in "
" at 9 o'clock " မှာ ပါတဲ့ " at "
" I am afraid of swimming " မှာ ပါတဲ့ " of " စတာတွေဟာ
Preposition ( ဝိဘတ် ) တွေပေါ့ ။

ဒီမှာလည်း " Preposition = ဝိဘတ် " ဆိုတာ မရှိလို့သာ သုံးလိုက်ရတာပဲ ။
စိတ်တိုင်းတော့ သိပ်မကျဘူးရယ် ။
မြန်မာ မှာ ဝိဘက် ဆိုတာက နောက်ဆက် ကိုး ။
သူက အနောက်က ဆက်တာ ။ ( ကျောင်း"မှာ" ၊ ရုံး"ကို" စသဖြင့် )
English မှာက အရှေ့က ဆက်တာ ။ အဲ့ဒါ သတိထားပေါ့ ။

၇။ Conjunction ( သမ္ဗန္ဓ )
Words (  စကားလုံးတွေ ) , phrases ( စကားစုတွေ ) , or clauses ( ဝါကျကဏ္ဍတွေ ) တွေကို 
အချင်းချင်း ဆက်ပေးတဲ့ စကားလုံးတွေကို သမ္ဗန္ဓ လို့ ခေါ်တာပေါ့ ။
" and, yet, but, for, nor, or " စတာတွေပေါ့
She is so beautiful and intelligent. မှာ ပါတဲ့ " and "
He is handsome but stupid. မှာ ပါတဲ့ " but " စတာတွေဟာ Conjunction ( သမ္ဗန္ဓ ) တွေပေါ့ ။

၈။ Interjection ( အာမေဍိတ်ပြ စကား )
ပြင်းထန်တဲ့ စိတ်ခံစားချက် တွေ ၊
ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို
ဖော်ပြဖို့ သုံးလေ့ရှိတဲ့ စကားလုံးတွေကို
Interjection ( အာမေဍိတ်ပြ စကား ) လို့ မှတ်ထားနိုင်ပါတယ် ။
အရေးမှာတော့ အဲ့ဒီ စကားလုံးတွေရဲ့ အနောက်မှာ
" ! " ( Exclamation mark/point ) ပါတယ်လေ ။

Wow ! You look great! မှာ ပါတဲ့ " Wow "
Oh, no! I've left my keys in the car! မှာ ပါတဲ့ " Oh " စတာတွေဟာ
Interjection ( အာမေဍိတ်ပြ စကား ) တွေပေါ့ ။

လောလောဆယ်တော့ ဒီလောက် အကြမ်းဖျဉ်းလေး သိထားရင် လုံလောက်ပါတယ်ဗျာ ။
နောက်နေ့တွေမှာ နည်းနည်းချင်း ဆက်ပြီး တင်ပေးသွားပါ့မယ် ။
:)

ရေးတုန်းကတော့ ဟိုး အခြေခံသမားတွေအတွက်ပဲ ။
ဝသီက ပါပြီး နည်းနည်း ချဲ့မိတာတွေ ပါသွားတယ် ။
အတတ်နိုင်ဆုံး ၊ နားလည်လွယ်အောင် ၊ ရိုးရှင်းအောင် ရေးပေးထားတာမို့လို့
ကြိုးစားဖတ်ရင်တော့ အဆင်ပြေမှာပဲ လို့ မျှော်လင့် ယုံကြည်မိပါတယ်ဗျာ ။

English ဘာသာစကားစွမ်းရည်များ တစ်နေ့တခြား တိုးတက်လာပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။

စေတနာဖြင့်
ကိုဇင်ဇေ

===========

အခု တင်ထားတာနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေလည်း ဆက်တင်ပေးသွားမှာမို့လို့
အခြေခံအားနည်းသူတွေ မလွတ်တမ်းစောင့်ဖတ်ချင်ရင် အောက်ပါ အဆင့်အတိုင်း လုပ်ထားလိုက်ပါဗျာ ။

၁။ Page ကို  Like အရင် လုပ်ပါ ။
( https://www.facebook.com/activeenglish.basicgrammar/ )

၂။ Liked - ခလုတ်ကို ထပ်နှိပ်ပြီး  See First ကို ရွေးပါ ။

၃။ Get Notification ( All posts ) ကို ရွေးပါ ။

အားနည်းတဲ့လူတွေအတွက် ရည်ရွယ်တာမို့လို့
အခြေခံ ကျကျလေးတွေကို တင်ပေးမှာပါ ။
အားကောင်းတဲ့လူတွေအတွက် ဒီ Page က သိပ် မလိုပါဘူးဗျာ ။

တကယ်လေ့လာချင်တဲ့လူတွေကလည်း
Page ကို လာပြီးရင် လေ့လာလေ့ကျင့်မှုတွေ
တတ်နိုင်သလောက် ဝင် ဝင်လုပ်သွားကြပါ ။
လေ့လာတဲ့လူ ရှိနေသေးသ၍တော့ ကျွန်တော် ဒီ Page မှာ
သင်ခန်းစာတွေ နည်းနည်းချင်း တင်ပေးသွားပါ့မယ်ဗျာ ။
:)

စေတနာဖြင့်
- ကိုဇင်ဇေ ( Active English သင်တန်း )

=====


English စာ လေ့လာရန် ဖုန်း Apps နှင့် စာအုပ်များကို ဒီ Page မှာ သွားယူနိုင်ပါတယ်ဗျာ ။
English စာ လေ့လာရန် ဖုန်း Apps နှင့် စာအုပ်များ
https://www.facebook.com/activeenglishapp/?fref=ts


သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊
၁၆၇ လမ်း (ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

♦  ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174

♦  Website - www.activeenglishmyanmar.com

♦  Main Facebook Pages :
Active English သင်တန်း  &
English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ဖို့

♦  Personal Account : https://www.facebook.com/zin.zae

No comments:

Post a Comment