Word Power
Part (1)
လေ့ကျင့်ခန်းတွေကိုဖြေတဲ့နေရာမှာ ကိုယ်ရတာတွေကိုပဲအရင်ဖြေသွားပါ.. ပြီးမှမရတဲ့ဟာတွေကို answer key နဲ့တိုက်ပြီးမှတ်ပါ.. ပြီးရင်နောက်တစ်ခေါက်ထပ်ဖြေပါ.. အမှားပါနေသရွေ့ထပ်ဖြေပါ..
အဖြေပြန်ပြစရာမလိုပါ.. ဒါက စကားလုံးကျက်ရတဲ့အပိုင်းပါ
အဖြေတစ်မျိုးတည်းမှတ်မိရုံနဲ့တော့ ဘာမှအကျိုးမရှိနိုင်ပါဘူး.. ကွက်လပ်မှာဖြည့်ရတဲ့စကားလုံးပဲသိရမှာမဟုတ်ပါဘူး ဝါကျမှာသုံးသွားတဲ့ စကားလုံးအတွဲအစပ်တွေကိုပါသိအောင်လုပ်ရမှာပါ..
ဖြေနေရင်းနဲ့လည်း အသုံး၀င်မယ့်စကားလုံး / စကားစုတွေကိုမှတ်သွားပါ ဥပမာ .. pictures အခန်းမှာဆိုရင် ဗယ်ဘက် / ညာဘက် အသုံးလေးတွေမှာဆိုရင် preposition (on) ကိုသုံးရတယ်ဆိုတာမျိုးကိုစာအုပ်တစ်ခုမှာထုတ်ပြီးမှတ်ရကျက်ရပါမယ်..
အကောင်းဆုံးနည်းကတော့ ဗမာလိုပြန်ထားပြီး ကိုယ်က အင်္ဂလိပ်လိုပြန်ရေးကြည့် / ပြောကြည့်ရပါမယ် တော်တော်ပင်ပန်းမယ့်နည်းဆိုပေမယ့် ထိရောက်မှုကတော့ အများကြီးရှိပါတယ်
Derivatives လေ့ကျင့်ခန်းကိုတော့ မဖြေပါနဲ့ ကျန်တာတွေဖြေပါ.. အားလုံးပြီးသွားတော့မှ သူ့ကိုအေးအေးဆေးဆေးဖြေရမှာပါ..
Derivative ဆိုတာ word family ကိုပြောတာပါ.. စာလုံးအစောင်းနဲ့ပေးထားတဲ့စကားလုံးကိုပဲသုံးပြီးတော့ ကွက်လပ်ကိုဖြည့်ရတာပါ.. ဒါပေမယ့် ကိုယ်က ကွက်လပ်မှာ noun ဖြစ်ရမှာလား verb ဖြစ်ရမှာလား ဆိုတာမျိုးကိုသိထားရမှာပါ.. သူက grammar နဲ့တွဲထားတဲ့အပိုင်းပါ
ဥပမာ ရှေ့မှာစာလုံးစောင်းနဲ့ပေးထားတာက beauty ပဲထားပါတော့ နောက်ကကွက်လပ်မှာ ဖြစ်ရမှာက adj ဆိုရင် beautiful .. verb ဖြစ်ရမှာဆိုရင် beautify .. အဲလိုပုံစံမျိုးနဲ့ဖြေရတာပါ.. တစ်ချို့စကားလုံးတွေကျတော့ speech သာပြောင်းသွားတာ စကားလုံးကမပြောင်းတာမျိုးလည်းရှိပါတယ်
စာအုပ်၀ယ်လို့အဆင်ပြေတဲ့သူတွေက စာအုပ်၀ယ်လိုက်ပါ အဲဒါဆိုသိပ်အလုပ်မရှုပ်တော့ပါဘူး.. မ၀ယ်ဖြစ်တဲ့သူတွေက ဒီကနေ download ယူပါ
Word Power
https://drive.google.com/open?id=0B6xqa3_73zjSWVNYQ0RKVVNHQVE
Answer Keys
https://drive.google.com/open?id=1dKCw2pcOdcNm9y0EqroJ6XX93fEJF1rL
No comments:
Post a Comment