Main Situation (2) and Extra Exercises
Simple / Perfect
၀ါကျတစ်ခုကို အခြေအနေကြီးနှစ်ခုခွဲလိုက်လို့ progressive ဆိုရင် ဘယ်လိုစဉ်းစားရမလဲဆိုတာပြောပြီးပါပြီ.. ဒီတစ်ခါ Simple ဘက်ကိုတွေးကြည့်ပါမယ်..
Simple ဆိုရင် simple ကိုရွေးရမှာလား perfect ကိုရွေးရမှာလားဆိုတာကို အတိအကျသိဖို့ မလွယ်ပါဘူး.. အဲဒါကကျတော့ ဘာသာပြန်တဲ့ပုံသေနည်းကို အားကိုးရင် ပိုကောင်းပါတယ်.. ဒါပေမယ့်လည်း ရသလောက်စဉ်းစားကြည့်ပါမယ်..
Examples
ငါတို့တွေ မနေ့က လှည်းတန်းမှာ ငါးကင် စားကြသေးတယ်
ပြောတဲ့အကြောင်းအရာထဲမှာ -နေ ဆိုတာမပါတော့ main situation အရ (simple) လို့အရင်သတ်မှတ်လိုက်ပါမယ်.. ပြီးတော့ ကာလ ကိုစဉ်းစားကြည့်ပါမယ်.. မနေ့က ဆိုတော့ (past)
ဒီနေရာမှာ အခြေခံအဆင့်အတွက်မှတ်ထားရမှာက ကိုယ်ပြောမယ့်စကားရဲ့ကာလက past ဖြစ်နေပြီဆိုရင် perfect ဆိုတာကြီးကို မေ့ထားလို့ရပါတယ်.. ရဲရဲတင်းတင်း simple ကိုသာရွေးချယ်လိုက်ပါ.. perfect ကို present မှာပဲ အသုံးများပါတယ်.. နောက်တစ်ချက်က perfect ကို past မှာသုံးရင် (အတိတ်ရဲ့ အတိတ် လို့အဓိပ္ပာယ်ထွက်ပါတယ်) အဲဒီတော့ အခုဝါကျက past simple ဆိုတဲ့ပုံစံနဲ့ တည်ဆောက်လိုက်ရင် အဆင်ပြေသွားပါပြီ
We / had / grilled fish in Hledan yesterday.
We / ate / grilled fish in Hledan yesterday.
ဒါလေးကိုလည်း အလွတ်ကျက်ထားလိုက်ပါအုံး
# Simple ကို present အနေနဲ့သုံးရင် ထွက်သွားတဲ့အဓိပ္ပာယ်က အလေ့အကျင့် အလေ့အထ / အမှန်တရား
# Perfect ကို present အနေနဲ့သုံးရင် အဓိပ္ပာယ်က အတိတ်
More Examples
ငါ သူ့ကိုပြောလိုက်ပါမယ်
(-နေ ဆိုတာမပါလို့ အကြမ်းအာဖြင့် simple) ကာလနဲ့ပက်သက်တဲ့စကားလုံးဘာမှမပါပေမယ့် စဉ်းစားကြည့်လိုက်တာနဲ့တင် အနာဂတ်မှန်းသိသာပါတယ်.. perfect ကို အနာဂတ်အနေနဲ့သုံးရင် တစ်ခုခုပြီးဆုံးမယ့်အချိန်ကိုပြောတဲ့နေရာမှာပဲသုံးတာဖြစ်ပါတယ်.. ဝါကျမှာကိုက .. ပြီးလောက်ပြီ လို့ ပါပါလိမ့်မယ်.. အခုဝါကျက တစ်ခုခုပြီးမယ့်အချိန်ကိုပြောတာမဟုတ်လို့ (simple) ဆိုတာသေချာနေပါပြီ..
အဲဒီတော့ ဒီဝါကျက future simple
I / will tell / him.
သူတို့မင်းကို ဖိတ်ပါလိမ့်မယ်
They / will invite / you.
သဘောတရားကို နားလည်ရုံလောက်ပဲရည်ရွယ်ပါတယ်.. လေ့ကျင့်ရင်းနဲ့ အဆင်ပြေသွားကြမှာပါ.. မသိတာကို မမေးဘူးဆိုရင်တော့ ဘယ်လောက်ပဲလေ့ကျင့် လေ့ကျင့် ကျွမ်းကျင်ဖို့ခက်ပါလိမ့်မယ်..
အခု သုံးလုံးတွဲ ဝါကျတွေအရင်လေ့ကျင့်ကြည့်ပါမယ်.. ဒါက အခု သင်ရိုးသစ်မှာဖြုတ်ထားခဲ့တဲ့အပိုင်းပါ.. ဒါပေမယ့် ဖြေထားသလောက်မှာ အမှားများနေကြလို့ပြန်ထည့်ပေးတာပါ.. အထူးသဖြင့် tense တွေကို အမှားမပါစေချင်တော့ပါဘူး .. ကျွန်တော်တို့ဆက်ပြီးလေ့လာစရာတွေအများကြီးကျန်နေပါသေးတယ်..
အခုပေးထားတဲ့ လေ့ကျင့်ခန်းတွေမှာ Subj, Verb, Obj သုံးခုတည်းပါမှာပါ.. အဓိကကတော့ Tense မှန်အောင်ဖြေနိုင်ဖို့ပဲဖြစ်ပါတယ်.. စဉ်းစားတဲ့နေရာမှာ ဘာသာပြန်တဲ့ပုံသေနည်းဘက်ကဖြေလည်း အဆင်ပြေပါတယ်.. Main Situations နှစ်မျိုးခွဲပြီးဖြေတတ်ရင်တော့ နောက်ပိုင်းလေ့လာမှုအတွက် အထောက်အပံ့ပိုရနိုင်ပါတယ်
အခုလို သုံးလုံးတွဲမှာမှ Tense မမှန်ဘူးဆိုရင် အဲဒီလူတွေအနေနဲ့ စိတ်ရှည်ရှည်ထားပြီး အစကနေတစ်ခေါက် ပြန်လေ့လာပါ..
Exercises
Tenses with subject, verb, and object
Subj (- က) # noun / pronoun
Obj (- ကို) # noun / pronoun
# အခုစာသင်ချိန်အတွင်းမှာ ပြီးသလောက်ဖြေပေးပါ #
1. သူ မုန့် ၀ယ်ခဲ့တယ် (snack . n: မုန့်)
2. ငါ သူ့ကို မေးမယ်
3. သူတို့ မင်းကို သိတယ်
4. သူ ၀တ္ထုစာအုပ် ဖတ်နေတယ် (novel . n: ၀တ္ထုစာအုပ်)
5. ငါ သတင်းစာ ဖတ်ပြီးပြီ
6. မင်းတော့ အမှားတစ်ခု လုပ်လိုက်ပြီ (make,mistake)
7. သူ coffee ကြိုက်တယ်
8. ဆရာမ လေ့ကျင့်ခန်းစာအုပ်တွေ စစ်နေတယ် (check . v: စစ်ဆေး)
9. ငါ ခဲတံတစ်ချောင်းလောက် လိုချင်တယ်
10. သူ ကွန်ပျူတာ ပြင်နေတယ် (fix . v: ပြင်)
11. ငါ့အဖေ TV ကြည့်နေတယ်
12. ငါ အဲဒါကို သိတယ်
13. ငါ အဲဒီအရောင်လေး ကြိုက်တယ်
14. ငါ ရေ ဖြည့်ပြီးပြီ (fill . v: ဖြည့်)
15. သူ ငါ့ကို ဆဲတယ် (curse . v: ဆဲ)
16. ငါ သူတို့ကို တွေ့ခဲ့တယ်
17. ငါ စာရွက်စာတမ်းတွေ စစ်ပြီးပြီ
18. သူ လက်ကို ကုတ်နေတယ် (scratch . v: ကုတ်)
19. ငါ သူ့ကို ပါးရိုက်ပစ်မယ် (slap . v: ပါးရိုက်)
20. သူ ဖုန်းအသစ်တစ်လုံး ၀ယ်မှာ
21. ငါ ဒီအခွင့်အရေးကို ယူမယ် (chance . n: အခွင့်အရေး)
22. ငါ့ဆီမှာ သူ့စာအုပ် ရှိတယ်
23. သူ ငါ့ဖုန်းကို လွှင့်ပစ်လိုက်တယ်
24. သူ အကြီးဆုံးပန်းကို ခူးလိုက်တယ် (pick/ pluck/ cut . v: ခူး)
25. အမေ မင်းကို ဆူလိမ့်မယ် (scold . v: ဆူ)
26. ငါ မင်းကို အသိပေးမှာပါ (inform . v: အသိပေး)
27. သူ စာရွက်စာတမ်းတွေ မိတ္တူကူးထားတယ်/ပြီးပြီ
28. မန်နေဂျာ မင်းကို ပြောလိမ့်မယ်
29. ငါ လေ့ကျင့်ခန်းတွေ လုပ်ပြီးပြီ
========================
Goodnight everyone!
No comments:
Post a Comment