possessive case မှာ ပုံသေနည်း (2) နဲ့ (3) က ရောတတ်ပါတယ်.. ခွဲနည်းကတော့ အဓိကဆိုလိုရင်း noun ကိုအရင်ရှာရပါမယ် (နောက်ဆုံးမှာပဲရှိတာပါ အဲလိုမှတ်တာက thinking ဘက်ကသွားတဲ့ပုံစံမဟုတ်လို့ အဓိပ္ပာယ်ကိုပဲစဉ်းစားတဲ့နည်းကိုသုံးပါ) .. ပြီးရင် သူနဲ့ကပ်လျှက်ရှိနေတဲ့ စကားလုံးကိုစဉ်းစားကြည့်ပါ.. အဲဒီစကားလုံးက လူ ဆိုရင် ပုံသေနည်း (2) လူမဟုတ်ရင် (3) ပေါ့ဗျာ..
မင်းဦးလေးသူငယ်ချင်းရဲ့အိမ်
ဆိုလိုတာက (အိမ်) .. သူနဲ့ကပ်လျှက်က (သူငယ်ချင်း) .. သူငယ်ချင်းဆိုတော့ (လူ).. ဒါဆိုရင် ပုံသေနည်း (2)
your uncle's friend's house
မင်းကားတံခါး
ဆိုလိုတာက (တံခါး) .. ကပ်လျှက်ရှိနေတဲ့စကားလုံးက (ကား) .. လူမဟုတ်လို့ ပုံသေနည်း (3)
the door of your car
====================================
grammar point ဘက်ကနေသွားရင် မှန်အောင်လို့ပုံသေနည်းတွေပေးထားပေမယ့် တစ်ကယ်သုံးရင် (2) နဲ့ (3) က အပြန်အလှန်သုံးလို့ရပါတယ်.. ဒါပေမယ့် အခြေအနေပေါ်မူတည်ပြီးသုံးရတာပါ
No comments:
Post a Comment