အင်္ဂလိပ်ဘာသာစကားမှာ (12) Tenses လို့ခေါ်တဲ့ စကားပြောအခြေအနေ 12 ခုရှိပါတယ်.. ပထမဦးဆုံးလုပ်ရမယ့်အလုပ်က အဲဒီ Tense 12 ခုရဲ့နာမည်တွေကို အလွတ်ရအောင် လုပ်ရမှာပါ
1. Present Simple
2. Present Progressive
3. Present Perfect
4. Present Perfect Progressive
5. Past Simple
6. Past Progressive
7. Past Perfect
8. Past Perfect Progressive
9. Future Simple
10. Future Progressive
11. Future Perfect
12. Future Perfect Progressive
ဒါတွေကိုအလွတ်ချရေးဖို့ လိုပါတယ် ရေးတဲ့အခါမှာ present လေးခု past လေးခု future လေးခုစီအရင်ရေးထားပြီးမှ နောက်ကနေ simple, progressive, perfect, perfect progressive လေးမျိုးကို # အစဉ်လိုက်# ဖြည့်ပေးပါ.. ဒါကို နှစ်ခေါက်ရေးပေးပါ
အဲဒါကြောင့် tense 12 ခုကိုသိဖို့ဆိုရင် 12 ခုကျက်စရာမလိုပါဘူး simple, progressive, perfect, perfect progressive လေးမျိုးကိုပဲကျက်ဖို့လိုပါတယ် ကာလသုံးမျိုးမှာ အစဉ်လိုက်တွဲပေးလိုက်ရင် ပွဲသိမ်းပါတယ်..
ဖတ်ချိန် + ကျက်ချိန် + ရေးချိန် (15 mins)
No comments:
Post a Comment