Tuesday, October 15, 2019

11. Basic Phrases (3)

Basic Phrases (3)

Possessive case (-ရဲ့ ပါတဲ့စကားစု)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
# (-ရဲ့) ပါတဲ့စကားစုဆိုပေမယ့် စကားပြောတဲ့အခါမှာ ရဲ့ ကပျောက်နေတတ်ပါတယ် #

ဥပမာ .. ငါ့ယုံကြည်ချက် ( = ငါ့ရဲ့ယုံကြည်ချက်)
သူတို့ကိစ္စ ( = သူတို့ရဲ့ကိစ္စ)

အဲလိုစကားစုတွေကို အင်္ဂလိပ်ဘာသာစကားမှာ
Possessive case လို့ခေါ်ပါတယ်...
ဒါက အဓိပ္ပါယ်...

သူ့ရဲ့ဖွဲ့စည်းပုံက..

Possessive case
°°°°°°°°°°°°°°°°
1. Possessive adjective + noun
2. (-'s / -s') ➳ လူ
3. (the) noun of (the) noun ➳ တိရစ္ဆာန် / သက်မဲ့

•••••••••••••••••••••••••••••••••••••••••••••••••••••••

1. Possessive adj + noun
°°°°°°°°°°°°°°°°°°°°°°°°°°
# possessive adjective ဆိုတာ pronoun ဇယားကွက်ရဲ့
တတိယ အကွက်က စကားလုံးတွေပါ #
(my,our,your,their,his,her,its)

Examples
°°°°°°°°°°
➳ ငါတို့ကျောင်း ( = ငါတို့ရဲ့ + ကျောင်း)
Our school

➳ သူတို့ဦးလေး ( = သူတို့ရဲ့ + ဦးလေး)
Their uncle

➳ သူ့ပြဿနာ ( = သူ့ရဲ့ + ပြဿနာ)
His/Her problem

••••••••••••••••••••••••••••••••••••••••••••••••••••••••••

2. (-'s / -s') ➳ လူ
°°°°°°°°°°°°°°°°°
# (ငါ့ရဲ့ / ငါတို့ရဲ့) ဆိုတာမျိုးတွေက pronoun ထဲမှာရှိနေပေမယ့်
( Julia ရဲ့ / Mary ရဲ့ ) တို့ကျတော့ pronoun ထဲမှာမရှိလို့...
အဲလိုဟာမျိုးကျရင် (-'s) ဒါမှမဟုတ် (-s') ကိုသုံးပါတယ်...

Examples
°°°°°°°°°°
➳ Justin ရဲ့ဖုန်း
( Justin's phone )

➳ Mary ရဲ့သား
( Mary's son )

** သုံးမယ့် noun က -s နဲ့ဆုံးနေတာဆိုရင် (-s') ကိုသုံးပါ **

➳ ယောက်ျားလေးတွေရဲ့အခန်း
( boys' room )

➳ သူငယ်ချင်းတွေရဲ့မြို့
( friends' town )

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

3. (the) noun of (the) noun ➳ တိရစ္ဆာန် / သက်မဲ့
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(of) က -ရဲ့ လို့အဓိပ္ပါယ်ယူပါ...
# ဒီပုံစံကအခက်ဆုံးပါ #
# noun နှစ်ခုမှာ အရှေ့က noun က ဆိုလိုရင်း လို့မှတ်ပါ #

# possessive case က -ရဲ့ ဆိုတဲ့စကားလုံးကို အဓိကယူပြီး
ဖွဲ့စည်းပုံရွေးရတာပါ #

# ကိုယ်သုံးမယ့် -ရဲ့ က pronoun ထဲမှာရှိရင် pronoun ထဲက
ယူမယ် မရှိရင် လူ လား တိရစ္ဆာန်/သက်မဲ့ လား ခွဲမယ် #

Examples
°°°°°°°°°°
➳ ပုလင်းအဖုံး ( = ပုလင်းရဲ့ အဖုံး)
အဲဒီ ပုလင်းရဲ့ ဆိုတဲ့စကားလုံးက pronoun ထဲမှာမရှိပါ..
ပုလင်းက လူ မဟုတ်လို့ (-'s / -s') လည်းမရပါ... ဒါကြောင့်..
တတိယပုံသေနည်းဖြစ်တဲ့ (the) noun of (the) noun ကိုပဲ ရွေးရမှာပါ... ရွေးပြီးတဲ့အခါမှာ ပုလင်းအဖုံး ဆိုတာ ပုလင်းကိုပြောချင်တာလား အဖုံး ကိုပြောချင်တာလားတွေးပါ ဆိုလိုရင်းက အဖုံး ပါ... ဒါကြောင့် noun နှစ်ခုရှိတဲ့အထဲက ဆိုလိုရင်း noun ကို အရှေ့မှာထားရပါတယ်...

အဖြေက...✌ the lid of the bottle

# ဒီပုံစံက (the) တွေနဲ့သုံးရတဲ့ပုံစံပါ.. (the) ထည့်လို့မရတဲ့ noun တွေကျရင်တော့ ဖြုတ်ရပါမယ် #

## နိုင်ငံတွေ မြို့တွေရှေ့မှာ (the) မထည့်ရပါဘူး ##
* The United States နဲ့ တစ်ချို့နိုင်ငံတွေကတော့ချွင်းချက်ပါ *

Possessive Case ရဲ့ပုံသေနည်း (3) ခုကို (3) ခေါက်ရေးပြီးမှ လေ့ကျင့်ခန်းကိုဖြေပေးပါ.. (Don't be lazy)

==============================

Exercises

1. သူတို့ရွာ
2. မင်းအစ်ကို
3. Maria ရဲ့ လိပ်စာ
4. သူ့ညီတွေရဲ့ကျောင်း
5. မင်းအိမ်တံခါး
6. ငှက်တောင်ပံ (wing . n : တောင်ပံ)
7. မြန်မာ့အလှ
8. ပုလင်းအဖုံး (lid . n : အဖုံး)
9. သူ့အိပ်ခန်းပြူတင်းပေါက်
10. မင်းဦးလေးသူငယ်ချင်းရဲ့အိမ်
11. လှိုင်းသံ (wave. n : လှိုင်း)

No comments:

Post a Comment