ဒီတစ်ခါ ဘာသာပြန်တဲ့အပိုင်းကိုလေ့ကျင့်ပါမယ်..
၀ါကျတစ်ခုကို မြင်တာနဲ့ Tense ခွဲနိုင်ပြီဆိုရင် အကောင်းဆုံးပုံစံ (or) အနီးစပ်ဆုံးမှန်နိုင်မယ့်ဘာသာပြန်တဲ့ပုံစံကို သိထားဖို့လိုပါတယ်..
ကျွန်တော်တို့ဘာသာစကားမှာ main verb က အမြဲ နောက်ဆုံးမှာရှိနေပါတယ်.. အဲဒါကြောင့် အင်္ဂလိပ်စကားကိုဘာသာပြန်တဲ့အခါမှာ verb ကိုနောက်ဆုံးမှာထားပြီးပြန်ရပါတယ်.. ပြီးတော့ verb တစ်လုံးရဲ့အဓိပ္ပာယ်ဖြာထွက်ပုံကိုလည်း မြင်တတ်အောင်လုပ်ရပါမယ်..ဥပမာတွေကိုကြည့်ပါ..
Write (v) : ရေး (....)
verb တစ်ခုဟာ မူရင်းအဓိပ္ပာယ်ကတစ်မျိုးတည်းဆိုပေမယ့် နောက်ကဆက်တဲ့စကားလုံးတွေပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးဖြာထွက်သွားပါတယ်.. အခု write ဆိုတဲ့စကားလုံးရဲ့မူရင်းအဓိပ္ပာယ်ဖြစ်တဲ့ -ရေး ဆိုတဲ့နောက်မှာ စကားလုံးတွေဆက်ကြည့်ပါမယ်..
ရေး (တယ်)
ရေး (ခဲ့တယ်)
ရေး (မယ်)
ရေး (နေတယ်)
ရေး (ပြီးပြီ)
ရေး (ထားတယ်)
ရေး (နေတာကြာပြီ)
ရေး (ပြီးလောက်ပြီ)
အဲလိုနည်းနဲ့အဓိပ္ပာယ်တွေဖြာထွက်ပါတယ်.. အဲဒါကို verb tenses တွေလို့ခေါ်တာပါ.. အင်္ဂလိပ်ဘာသာစကားမှာ tense 12 ခုရှိတယ်ဆိုတော့ verb တစ်လုံးက အဓိပ္ပာယ် 12 ခုဖြာထွက်သွားနိုင်တယ်ဆိုတဲ့သဘောပေါ့.. ဒါကိုသေသေချာချာသဘောပေါက်အောင်တွေးဖို့တော့လိုပါတယ်.. အဲဒါကိုသဘောပေါက်ရင် ဒီဘာသာစကားကိုသင်ယူနိုင်မယ့်စာရင်းထဲမှာ ကိုယ်ပါနေပြီလို့သာယူဆပါ..
ဒါတွေကို သဘောပေါက်ပြီဆိုရင် ဘာသာပြန်တဲ့ နောက်ဆက်တွဲစကားလုံးလေးတွေကို tense အလိုက်အလွတ်ရအောင်ကျက်ထားဖို့လိုပါတယ်.. အကောင်းဆုံးက ရေးကျက်တာဖြစ်လို့ အဲဒီနည်းကိုပဲသုံးပါမယ်.. ဒီအချိန်ခဏလေးမှာ ကိုယ့်ကိုယ်ကို မညှာကြပါနဲ့ဗျား.. ရေးဆိုရင် အခေါက်ရေပေးထားရင်လည်း အခေါက်ရေအပြည့်သာရေးပေးပါ.. မပေးထားရင်လည်း ကိုယ့်ကိုယ်ကို ကျေနပ်တဲ့အထိရေးပါ ပြီးရင်လည်း အကြိမ်ကြိမ်ပြန်ရေးကြည့်နေရမှာပါ..
===================================
Situation (4) မျိုးကိုအကုန်လုံးတစ်ပြိုင်တည်းမလေ့ကျင့်ပဲ နည်းနည်းချင်းစီခွဲပြီးလေ့ကျင့်ပါမယ်..
Simple
(present) - တယ်
(past) - ခဲ့တယ် / -တယ် / - သေးတယ် / - ခဲ့သေးတယ်
(future) - မယ် / - မှာ / - လိမ့်မယ်
Progressive
(present) - နေတယ် / - နေပြီ
(past) - နေတယ် / - နေပြီ
(future) - နေမယ် / - နေမှာ / - နေလိမ့်မယ် / - နေလောက်ပြီ
--------------------------------------------------
Perfect
(present) - ပြီးပြီ / - ဖူးတယ် / - ထားတယ် / - လိုက်ပြီ / - လိုက်တယ် / - သွားပြီ
(past) -
(future) - ပြီးလောက်ပြီ
Perfect Progressive
(present) - နေတာ (- ရှိပြီ ၊ - ကြာပြီ ၊ - ကတည်းက)
(past) -
(future) - နေတာ - လောက်ရှိနေလောက်ပြီ
====================================
ဒီနေ့သင်ခန်းစာအသစ်သင်တာမျိုးမလုပ်ပါဘူး.. ဒီပုံသေနည်းကိုပဲရေးကျက်ရပါမယ်.. ပထမနာရီ၀က်မှာ နှစ်ခု ဒုတိယနာရီ၀က်မှာ နောက်ထပ်နှစ်ခု အားလုံးလေးခုကို အပြီး အရကျက်ရပါမယ်.. အခုပေးထားတဲ့ပုံသေနည်းတွေကို စာအုပ် / စာရွက် တစ်ခုခုမှာပဲရေးပေးပါ .. အရင်ကျက်ပြီးမှ ချရေးပါ.. ရေးနေရင်းနဲ့မေ့သွားတဲ့နေရာတွေရှိရင် မမှန်မချင်းအစအဆုံးပြန်ရေးပါ
# များများရေးနိုင်လေ ပိုကောင်းလေပေါ့ဗျာ
No comments:
Post a Comment