Tuesday, October 15, 2019

20.Article (a, an, the)

Article
(a, an, the)

a, နဲ့ an က (one) နဲ့အတူတူပါပဲ.. ပြီးတော့ သူတို့ကို indefinite article လို့ခေါ်ပါတယ်.. မတိကျတဲ့ နေရာမှာသုံးရတာပါ.. မတိကျဘူးဆိုတာက အရေအတွက်ကိုပြောတာမဟုတ်ပါဘူး.. ကိုယ်ပြောချင်တဲ့အကြောင်းအရာကိုပြောတာပါ..
the က definite article ပါ.. တိကျတဲ့နေရာမှာသုံးပါတယ်

Examples
I will wait for you at the tea shop.
ဒီနေရာမှာ the သုံးရတာက အဲဒီဆိုင်ကို သူလည်းသိတယ် ကိုယ်လည်းသိတယ်.. ဒါမှမဟုတ် သွားနေကျဆိုင်

I will wait for you at a tea shop.
ဒီမှာကျတော့ a နဲ့သုံးရတာက ဘယ်ဆိုင်လို့မပြောဘူး.. ကိုယ်ကိုယ်တိုင်လည်းမရွေးရသေးဘူး.. အဲဒါကြောင့် တစ်ဆိုင်ဆိုင် လို့ဘာသာပြန်ရပါတယ်..

go to a beach (ကမ်းခြေတစ်ခုခု)
go to the beach (သွားနေကျကမ်းခြေ)

====================================
အကြောင်းအရာတစ်ခုကို ပထမဆုံးအကြိမ်စပြောရင် a, an ကိုသုံးရပါတယ်… နောက်တစ်ခေါက်ထပ်ပြောတဲ့အခါမှာတော့ the ဖြစ်သွားပါပြီ

We have a cat and a dog. The cat is white and the dog is brown.
====================================
နိုင်ငံ / မြို့တွေမှာ the မထည့်ရပါဘူး (ချွင်းချက်နိုင်ငံတွေရှိပါတယ်)
=======================================
musical instrument တွေရဲ့ရှေ့မှာ the ပါရပါမယ်

She plays the piano very well.
========================================
အလုပ်အကိုင်အကြောင်းပြောရင် a , an ပါရပါတယ်.. အများအနေနဲ့သုံးရင်တော့ မလိုပါဘူး

She is a nurse.
He is an engineer.
They are accountants.

No comments:

Post a Comment