Tuesday, October 15, 2019

၀ါကျဖွဲ့ရင်သုံးရမယ့်အချက် (5) ချက်ရယ်

၀ါကျဖွဲ့ရင်သုံးရမယ့်အချက် (5) ချက်ရယ်.. S.V.O.P.T (M.R.P) တစ်ခုချင်းစီဝါကျမှာပါ၀င်ပုံနဲ့ ပုံသေနည်းရယ်ကို အလွတ်ရပြီဆိုရင် ဝါကျဖွဲ့လို့ရပါပြီ.. အလွတ်ရတဲ့သူတွေက အမှား လုံး၀ ကင်း / အမှားမရှိသလောက်နည်းပါလိမ့်မယ်..

အရေးကြီးတဲ့အချက်တွေမှာထားပါရစေ.. လေ့ကျင့်ခန်းတွေကိုဖြေတဲ့နေရာမှာ ပေးထားတဲ့ပုံသေနည်းကိုပဲအသုံးချရပါမယ်.. ဘယ်လောက်လွယ်တဲ့ ဝါကျပဲဖြစ်ဖြစ် ပုံသေနည်းနဲ့ပဲသွားပါ.. အဲဒီအချက်ကသိပ်အရေးကြီးပါတယ်.. ပြီးတော့ လေ့ကျင့်ခန်းဖြေတာဟာ စာမေးပွဲဖြေတာနဲ့မတူပါဘူး.. စာမေးပွဲကတော့ အမှတ်တစ်မှတ်ပိုရင်လည်း တစ်မှတ်အကျိုးရှိလို့ ဖြီးမယ်ဆိုလည်း ဖြီးထိုက်ပါတယ်..အခုကတော့အဲလိုလုံး၀လုပ်လို့မဖြစ်ပါဘူး.. ကိုယ့်ရဲ့အားနည်းချက်တွေကို အမိအရဖော်ထုတ်ရမှာဖြစ်ပါတယ်

မသိတဲ့နေရာကို ကွက်လပ် (…………..) ထားခဲ့တာပဲဖြစ်ဖြစ်.. ဗမာလိုပဲပြန်ရေးတာပဲဖြစ်ဖြစ်လုပ်ရပါမယ်.. စကားစုတစ်စုဖြစ်စေ စကားလုံးတစ်လုံးဖြစ်စေ မသိတာပါနေရင် ဝါကျတစ်ကြောင်းလုံးကိုမရေးပဲထားခဲ့တာမျိုးမလုပ်ပါနဲ့ အဲဒီမသိတဲ့နေရာကိုပဲ ကွက်ပြီးချန်ခဲ့ပါ ဒါမှ ကိုယ့်လိုအပ်ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်ရလို့ တိတိကျကျပြန်လေ့လာနိုင်မှာပါ.. အဲဒါအမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံးစာလေ့လာတဲ့ပုံစံပါ..

ဒီနေ့က လေ့ကျင့်ခန်းတစ်ခုပဲပေးမှာပါ ပုံသေနည်းတွေကိုလက်တွေ့အသုံးချနိုင်မချနိုင်စမ်းတာပါ.. အခုလေ့ကျင့်ခန်းကစပြီး စာရွက် / စာအုပ်နဲ့ဖြေပေးပါ .. လုပ်ရမယ်လို့မဟုတ်ပါဘူး လုပ်နိုင်ရင်ပိုကောင်းပါလိမ့်မယ်.. အဖြေစစ်ပြီးတဲ့အခါမှာ အမှားပါလာရင် ပြူးပြဲနေအောင် မင်နီနဲ့တားတာတွေ ဝုိင်းတာတွေလုပ်ပါ.. မရှင်းတာတွေကိုပြန်မေးပါ.. ပြီးရင် အဲဒီအမှားတွေကို တစ်စိမ့်စိမ့်ထိုင်ကြည့်နေပါ.. မှန်ပြီးသားဝါကျတွေကိုတော့ အဖက်လုပ်စရာကိုမလိုပါဘူး.. အားနည်းချက်အရင်ပြင်စနစ်နဲ့ချီတက်ပါမယ်..

No comments:

Post a Comment