ဒီတစ်ခေါက်ကတော့ လေးမျိုးတွဲကိုလေ့ကျင့်ကြည့်ပါမယ်..
S.V.O.(M)
Subject : Doer of the verb (- က)
Object : Receiver of the verb (- ကို)
Manner : Modifier of the verb
1. ငါသူ့ကို ကောင်းကောင်းသိတယ်
2. သူ ခွေးလေးကို အညှာအတာမရှိ သတ်လိုက်တယ်
3. သူတို့ ငါ့ကို အေးတိအေးစက်နဲ့ ကြည့်နေတယ်
4. သူငါ့ကို ၀မ်းသာအားရ ဖက်လိုက်တယ်
5. အဲဒီလူက ငါ့ကို ဂရုတစိုက် ရှင်းပြပေးတယ်
6. Mary က ငါတို့ရဲ့ကမ်းလှမ်းချက်ကို ၀မ်းသာအားရ လက်ခံလိုက်ပြီ (offer . n: ကမ်းလှမ်းချက်)
7. ငါတို့တွေ speaking lessons တွေကို လိုလိုလားလား လေ့ကျင့်သင့်တယ်
8. သူတို့တွေ ညစာကို ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်နေကြတယ်
9. ကျွန်တော် အဖြေတွေအားလုံးကို မင် / ဘောလ်ပင် နဲ့ပဲရေးခဲ့တာ
(in ink : မင်နဲ့ / ဘောလ်ပင်နဲ့)
10. ငါသူ့ကို အပြီးအပိုင် စွန့်လွှတ်လိုက်ပြီ
(give up . v: စွန့်လွှတ်/လက်လျှော့)
(for good : အပြီးအပိုင်)
11. မင်းဒါကို မှန်မှန်ကန်ကန် လုပ်နိုင်ပါတယ်
12. ငါသူ့ကို ရှင်းရှင်းလင်းလင်း မေးချင်တယ်ကွာ
13. မင်းဦးလေးက ဒီကိစ္စကို အတိအကျ သိသွားပြီ (exactly . adv: အတိအကျ)
No comments:
Post a Comment