Exceptions and Exercise (2)
ပုံသေနည်းနဲ့သွားတဲ့အခါမှာ တစ်ခါတစ်လေ ချွင်းချက်တွေနဲ့ကြုံလာနိုင်ပါတယ်..
Verb တစ်ခုက (-နေတယ်) ဆိုတဲ့အဓိပ္ပာယ်နဲ့ဆုံးနေရင် ပုံမှန်အားဖြင့်တော့ progressive ကိုပဲရွေးချယ်ရပါမယ် ဒါပေမယ့် ကိုယ်သုံးရမယ့် main verb က adj တစ်ခုဖြစ်နေမယ်ဆိုရင်တော့ progressive လုပ်လို့မရပါဘူး.. simple အနေနဲ့ပဲသုံးပေးရပါမယ်.. ဥပမာ..
ငါဗိုက်ဆာနေပြီ.. ဆိုရင် အခြေအနေကတော့ progressive ပါပဲ.. ဒါပေမယ့် ဗိုက်ဆာတယ်ဆိုတာက adj ဖြစ်နေတော့ simple ကိုပဲသုံးပေးရပါမယ်.. I am hungry.
Verb တစ်ခုက (-ထားတယ်) နဲ့ဆုံးနေပြီဆိုရင် တွေးကြည့်ရမယ့်အချက်က *လူနဲ့တစ်တွဲတည်းဖြစ်နေတဲ့အရာတွေ*
ဥပမာ ..
ဦးထုပ်ဆောင်းထားတယ်
ဆွဲခြင်းဆွဲထားတယ်
ကလေးချီထားတယ်
လက်ကောက်၀တ်ထားတယ်
တစ်ခုခုကိုင်ထားတယ်
အင်္ကျီ၀တ်ထားတယ်
အဲလို (-ထားတယ်) တွေဆိုရင် perfect မဟုတ်ပါဘူး.. progressive ကိုပဲရွေးပေးရပါမယ်
ငါတွေ့တော့ Mary က ကလေးချီထားတယ်
Mary was holding a baby when I saw her.
============================
သဘောပေါက်ရင် လေ့ကျင့်ခန်းထပ်ဖြေရပါမယ်..
( Ex.1 အဖြေစစ်ပေးပြီးတဲ့သူတွေပဲဖြေရမှာပါ )
Translate into English
1. ငါ တော်တော်လေး စိတ်လှုပ်ရှားနေတယ်
2. Steve က report ရေးနေတာ
3. ငါသူ့ကိုသိပါတယ်.. သူကစျေးထဲမှာ ငါးရောင်းတယ်
4. မနက်ဖြန်ညနေ ငါမင်းအိမ်ကို လာမယ်
5. ငါ့ညီမလေးက မနက် 9 နာရီကတည်းက အ၀တ်တွေလျှော်နေတာ
6. သူ ငါ့ပိုက်ဆံတွေအားလုံး ယူသွားပြီ
7. မနက်ကသူ့ကိုငါလက်ဖက်ရည်ဆိုင်မှာတွေ့ခဲ့သေးတယ်
8. ငါ့ညီက သူ့အကြိုက်ဆုံးစက်ဘီးလေးကို ရောင်းလိုက်ပြီ
9. ညတုန်းက ငါက ဘောလုံးပွဲကြည့်နေတာ
10. သူငါ့ကို မင်းအစ်ကိုအကြောင်းပြောဖူးတယ်
11. မင်းသူငယ်ချင်းက ခင်ဖို့ကောင်းပါတယ်
12. ငါ့အမေ ငါးဟင်းချက်ထားတယ်
13. သူ့ကားက အရမ်းမြန်တယ်
14. ငါတို့ခရီးထွက်ဖို့ စီစဉ်ထားတယ်
15. နောက်တစ်ပတ်ဆိုရင် ငါတို့အလုပ်တွေပြီးလောက်ပြီ
16. သူ သူ့အခန်းကို ဆေးသုတ်ထားတယ်
17. မင်းအဖိုးက ခြံထဲမှာ သတင်းစာဖတ်နေတာ
18. ငါတို့မင်းကို ကားဂိတ်မှာစောင့်နေမယ်
19. ဒီညနေငါစျေးသွားမယ်
20. သူမင်းကို စိတ်ဆိုးလိမ့်မယ်
21. သူ မနေ့က မင်းကို တော်တော် ဒေါသထွက်နေတာ
22. ဒီတန်းတွေက သံချေးတက်နေပြီ
(rusty . adj: သံချေးတက်) (rail . n: တန်း)
23. သူမနေ့က အင်္ကျီအပြာရောင်လေး ၀တ်ထားတယ်
No comments:
Post a Comment