Tuesday, October 15, 2019

22.

Parts of a sentence (ဝါကျတစ်ခုရဲ့အစိတ်အပိုင်းများ)

၀ါကျတစ်ခုဖြစ်ပေါ်လာဖို့အတွက် အစိတ်အပိုင်းတွေပေါင်းစပ်ပေးရပါတယ်.. အဲဒါတွေကငယ်ငယ်ကတည်းကရင်နှီးပြီးသားပါ.. ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေကို စာအဖြစ်ပဲကျက်ခဲ့တာများပါတယ်.. အခုအချိန်မှာတော့ စဉ်းစားရပါတော့မယ်..

၀ါကျတစ်ခုမှာ ပါ၀င်နိုင်တဲ့အစိတ်အပိုင်းတွေက
subj, verb, obj, place, time, manner, reason, purpose
(S.V.O.P.T) (M.R.Purpose)
အဲဒါတွေကို တစ်ခုချင်းစီ သိထားဖို့လိုပါတယ်

၀ါကျတစ်ခုမှာ verb ကိုသိပြီဆိုတာနဲ့ ကျန်တဲ့အစိတ်အပိုင်းတွေက ပုန်းနေလို့မရအောင်ထွက်လာပါလိမ့်မယ်.. တွေးတတ်ဖို့တော့လိုပါတယ်.. ဗမာစကားမှာ main verb က အမြဲတမ်း နောက်ဆုံးမှာပဲရှိပါတယ်..

(ငါ့အနာဂတ်အတွက် လစာကောင်းကောင်းအလုပ်တစ်ခုရဖို့ ငါ နေ့တိုင်း De Lasalle မှာ အင်္ဂလိပ်စာ မှန်မှန်လေ့လာနေတယ်)

study (v) : လေ့လာ
၀ါကျတစ်ခုမှာ subj ဘယ်ဟာလဲသိချင်ရင် main verb ကို ဘယ်သူက / ဘာက ဆိုပြီးမေးကြည့်ပါ.. အဖြေထွက်လာရင် အဲဒါ subj..
အခုဝါကျမှာ main verb က လေ့လာ..
ဘယ်သူက လေ့လာတာလဲ?
ဘာက လေ့လာတာလဲ?
အဲဒီမေးခွန်းနှစ်ခုမှာ အဖြေတစ်ခုရရင် အဲဒါ subj

Obj
ဘယ်သူ့ကိုလေ့လာတာလဲ?
ဘာကိုလေ့လာတာလဲ?

Place
ဘယ်မှာလေ့လာတာလဲ?
ဘယ်ကိုလေ့လာတာလဲ?

Time
ဘယ်အချိန်လေ့လာတာလဲ?

Manner
ဘယ်လိုလေ့လာတာလဲ?

Reason
ဘာကြောင့်လေ့လာတာလဲ?

Purpose
ဘယ်သူ့အတွက်လေ့လာတာလဲ?
ဘာအတွက်လေ့လာတာလဲ?

သဘောပေါက်တဲ့တယ်ဆိုတဲ့သူတွေက ဥပမာစာကြောင်းကိုကြည့်ပြီး S.V.O.P.T.M.R.P တစ်ခုချင်းစီ ထုတ်ပြပါ
အင်္ဂလိပ်လိုမဟုတ်ပါဘူး.. ဗမာလိုမှာ ဘယ်ဟာက ဘယ်အစုဆိုတာအရင်သိအောင်လုပ်ရပါအုံးမယ်.. သိသွားပြီဆိုရင်တော့ အင်္ဂလိပ်လိုပြောင်းရတာ မခက်တော့ပါဘူး.. သက်ဆိုင်ရာပုံသေနည်းထဲထည့်လိုက်ရုံပါပဲ

No comments:

Post a Comment