Good evening everyone!!
သင်ခန်းစာ မစခင်မှာ သိထားရမယ့်အချက်လေးတွေရှိပါတယ်.. ကျွန်တော်ကစာသင်တဲ့အခါမှာ ခင်ဗျား နဲ့ ကျွန်တော် ဆိုပြီးသုံးတာအကျင့်ဖြစ်နေပါပြီ.. တစ်ချို့ကအဲဒီ (ခင်ဗျား) ဆိုတာကိုသိပ်သဘောမကျကြပါဘူး.. အဲလိုမှမပြောရင်ကျွန်တော်လည်းဘယ်လိုပြောရမလဲမသိပါဘူး.. အစ်ကိုတို့ အစ်မတို့ ညီလေးတို့ ညီမလေးတို့ ဦးဇင်းတို့ ဆရာလေးတို့ ဆိုပြီးအတွဲလိုက်သုံးရရင်လည်း ပုံပြင်ပဲပြောနေသလိုလို တောင်းပဲစားနေသလိုလို… တစ်ကယ်သနားပြီးထမင်းလေးဘာလေး နေ့တိုင်းကျွေးမယ်ရင်တော့လည်း လက်ညောင်းရင်ညောင်းပါစေ အဲလို အတွဲလိုက်ရေးဖို့အဆင်သင့်ပါ.. (မယုံရင်စမ်းကြည့်ကြပါ)
ဆရာနေ၀င်းမြင့်ပြောတာကတော့ အဲဒီ ခင်ဗျား ဆိုတာ မရိုင်းပါဘူးတဲ့ သခင်ဘုရားဆိုတဲ့စကားကနေဆင်းသက်လာတာပါတဲ့.. မကျေနပ်ရင်သူနဲ့ပဲရှင်းပါဗျို့
ဒီ group ထဲမှာ သံဃာတော်တွေနဲ့ အသက်၊ ဝါ ကြီးတဲ့သူတွေ ပါနေတဲ့အတွက် ကြိုပြီးတောင်းပန်ထားတာပါ.. ပြီးတော့ အတတ်နိုင်ဆုံး အဲဒီ နာမ်စားကိုရှောင်ပြီးရေးပါ့မယ်ခင်ဗျ
================================================
ဒီသင်တန်းမှာကျွန်တော့်တာ၀န်က တစ်ခုတည်းပါ နားမလည်တာကို နားမလည်မချင်းရှင်းပြရမှာဖြစ်ပါတယ် ဆရာ ဆရာမတို့ရဲ့တာ၀န်ကတော့များပါတယ်
1. နားမလည်တာကို စိတ်တိုင်းမကျမချင်းမေးရပါမယ် အဖြေက စာသင်ချိန်အခြေအနေအရ ချက်ချင်းဖြေလို့မရသေးရင် နောက်တစ်ရက်မှာ သိရမှာပါ
2. နားလည်ပြီးတဲ့အကြောင်းအရာတွေကို မမေ့အောင် အကြိမ်ကြိမ် အထပ်ထပ် လေ့လာရပါမယ်
3. အရေးအကြီးဆုံးအချက်က ပေးထားတဲ့ နည်းစနစ်အတိုင်း ခြွင်းချက်မရှိ လေ့ကျင့်ပေးရပါမယ်
4. ကျောင်းတုန်းကအကျင့်တွေကို (Study habit ကိုပြောတာပါ) လုံးဝဖျောက်ပစ်ရပါမယ် ဆိုလိုတာက စာမေးမယ့်ခဏအတွင်းရရင်ပြီးရောဆိုပြီး လက်ပူတိုက်ကျက်တဲ့အကျင့်ကိုပြောတာပါ ကျွန်တော်သတ်မှတ်တဲ့ စာရတယ်ဆိုတဲ့ပုံစံက မေးခွန်းကိုကြားတာနဲ့ အဖြေက အသင့်ထွက်လာပြီးသားအနေအထားဖြစ်ရပါမယ်.. စက္ကန့်ပိုင်းလောက်စဉ်းစားပြီး ပြောတဲ့အဖြေက အဖြေမှန်ဆိုရင်တောင် စာမရတဲ့အထဲထည့်ရပါမယ်
5. တစ်ပတ်စာ စာကြွေး နောက်တစ်ပတ်မကူးအောင် ဂရုစိုက်ရပါမယ် (very important)
6. စိတ်ထဲက မပါရင်တောင် အပြောအဆို ယဉ်ကျေးပါ.. တုံးတိကြီးပြောတာမျိုးတွေ facebook ပေါ်က မြန်စာစကားအပျက်တွေနဲ့ပြောတာမျိုးတွေကို လုံး၀လက်မခံပါ ( ဟွာလေ / အာ့ဆွင် / မသိလို့စ် / ဟုကဲ့ .. etc)
ကျွန်တော့ တာ၀န်ပဲဖြစ်ဖြစ် အချက် 1 to 5 ထဲက တစ်ချက်ချက်ဖောက်ရင်ပဲဖြစ်ဖြစ် ဒီ level မှာ ရှိရမယ့် အခြေခံကို အပြည့်အ၀ ရဖို့ခက်ပါလိမ့်မယ်
=====================================
သင်တန်းသတ်မှတ်ချိန် 8:00 – 9:00 ကို ပုံမှန်တက်လို့မရတဲ့သူတွေအနေနဲ့ ဒီ post မှာ comment ရေးပေးထားပါ.. အဲဒီလူတွေကလွဲရင် ကျန်တဲ့သူတွေအနေနဲ့ စာသင်ချိန် (3) ချိန်ပျက်ကွက်ရင် Group ထဲကနေထုတ်မှာဖြစ်ပါတယ်.. အဲဒီအတွက်စိတ်မဆိုးမိဖို့ပြောချင်ပါတယ် အဲလိုမှမထုတ်ရင် သူတို့ကဟိုတစ်စ ဒီတစ်စ တွေ့သမျှကို order မကျပဲလိုက်ဖတ်ပါလိမ့်မယ် အဲဒီအခါမှာ သူတို့တွေအတွက် ဒီဘာသာစကားက သင်ဖို့ခက်တဲ့အရာဖြစ်လာပါလိမ့်မယ်.. အချိန်ရပြီဆိုတော့မှ နောက်အတန်းသစ်မှာပြန်တက်ကြပါ
သင်တန်းပျက်ကွက်စရာရှိရင် ခွင့်တိုင်ပါ.. post ရေးပြီးတိုင်ပါ.. ကျွန်တော်တစ်ယောက်တည်းမြင်ရမှာပါ..
No comments:
Post a Comment