Tuesday, October 15, 2019

29.

(be) Part 1

(be) or Troublesome word for Myanmar Students
မြန်မာပြည်က ကျောင်းသူကျောင်းသားတွေ learners တွေကို ဒုက္ခအပေးနိုင်ဆုံးစကားလုံးပါ

ဒီနေ့ (be) နဲ့ပက်သက်တာကို အပိုင်းနှစ်ပိုင်းပေးထားပါတယ်.. ပထမအပိုင်းကို အရင်ဖတ်ပြီးလေ့ကျင့်ခန်းဖြေပါ.. ဖြေပြီးတော့မှ ကျန်တဲ့အပိုင်းကိုဆက်ပြီးလေ့လာပါ

(be) ကို အင်္ဂလိပ်ဘာသာစကားမှာ အဓိကတာ၀န် နှစ်ခုပေးထားပါတယ်
1. Main verb
2. Helping verb

(be) ရဲ့အတွဲတွေက..
1. (be) + noun
2. (be) + place (or) prepositional phrase
3. (be) + adj
4. (be) + ing
5. (be) + past participle
6. (be) + to

(be) ကို main verb အဖြစ်သုံးရင် သူကိုယ်တိုင်မှာ အဓိပ္ပာယ်ရှိပါတယ်
(ရောက် / ရှိ / ဖြစ်) ဆိုတဲ့အဓိပ္ပာယ်ပါ
အလွယ်မှတ်ရင် (ရှိ / ဖြစ်)

ဗမာစကားမှာ (-ရှိ) ဆိုတဲ့စကားလုံးက အဓိပ္ပာယ်နှစ်မျိုးထွက်ပါတယ် ပိုင်ဆိုင်မှုကိုလည်း ရှိတယ် ပြောပါတယ်.. တစ်နေရာရာမှာရှိနေ ရောက်နေရင်လည်း ရှိတယ် ပြောပါတယ်..

ပိုင်ဆိုင်မှုအနေနဲ့သုံးတဲ့ ရှိတယ် ဆိုတဲ့စကားအတွက် (have)
တစ်နေရာရာမှာ ရှိနေတယ် ဆိုတဲ့အဓိပ္ပာယ်အတွက် (be)
ဒီနှစ်မျိုးအခွဲကိုတော်တော်များများမှန်အောင်ခွဲနိုင်ကြပေမယ့် မခွဲတတ်သေးတဲ့သူတစ်ချို့လည်းရှိနေပါသေးတယ်.. အဲဒါကြောင့် ဒီလေ့ကျင့်ခန်းလေးကို ကျော်မသွားပဲလုပ်ကြည့်ကြပါမယ်..

Have (ရှိ) : ပိုင်ဆိုင်
Be (ရှိ) : နေရာတစ်ခုခုမှာ ရှိ / ရောက်

Examples
1. I have an appointment.
(ငါ့မှာ ချိန်းထားတာလေးရှိတယ်)
2. My mom is in the front yard.
(အမေခြံထဲမှာရှိတယ် / ရောက်နေတယ်)
3. We have an agreement.
(ငါတို့မှာ သဘောတူထားတဲ့ကိစ္စရှိတယ်)
4. They are in the office.
(သူတို့ ရုံးခန်းထဲမှာရောက်နေတယ် / ရှိတယ်)

သဘောပေါက်ရင် လေ့ကျင့်ခန်းလုပ်ကြည့်ပါ..
Exercises
1. သူတို့တွေ အလုပ်ထဲမှာရှိတယ်
2. သူ့မှာ ညီမတစ်ယောက်ရှိတယ်
3. အံဆွဲထဲမှာ မင်းပိုက်ဆံအိတ်ရှိတယ်
4. ငါ့ညီ၀မ်းကွဲတစ်ယောက်ဆီမှာ ပြိုင်ကားရှိတယ်
5. အမေ အိမ်ထဲမှာရှိတယ်
6. အမေ့မှာ အိမ်ရှိတယ်
7. မင်းခွေးငါ့ခြံထဲမှာရှိတယ်

(be) ကို main verb အဖြစ်သုံးတဲ့နေရာမှာ (ဖြစ်) ဆိုတဲ့အဓိပ္ပာယ်နဲ့လည်းသုံးပါသေးတယ်
(be) : ဖြစ်
အဲဒီ -ဖြစ် ဆိုတာကို စဉ်းစားတတ်ဖို့လိုပါတယ် ဘာကြောင့်စဉ်းစားခိုင်းတာလဲဆိုရင် ကျွန်တော်တို့နေ့စဉ်ပြောဆိုနေကြတဲ့ထဲမှာ အဲဒီ -ဖြစ် ဆိုတာပါပါတယ်.. ဒါပေမယ့် စကားအဖြစ်ပြောကြတဲ့အခါမှာ အဲဒီ -ဖြစ် ဆိုတဲ့စကားလုံးကို ဖျောက်ပြီးပြောလေ့ရှိပါတယ် ဥပမာတွေကြည့်ကြည့်ပါ..
A: ဟေ့ကောင် မနေ့က မင်းနဲ့ပါလာတဲ့ကောင်မလေးက ဘယ်သူလဲ
B: အဲဒါငါ့ညီမကွ
    စာနဲ့ဆိုရင် (သူသည် ကျွန်တော့ရဲ့ညီမဖြစ်ပါသည်)
A: မင်းလက်ထဲက ဘာကြီးလဲ
B: တူ (ဖြစ်ပါတယ်)
A: ဘာလုပ်ဖို့လဲ
B: မေးတဲ့ကောင်ကို ထုဖို့

(be) ကို noun တစ်ခုနဲ့တွဲသုံးတဲ့အချိန်မှာ -ဖြစ် ဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ်
(be) ကို place နဲ့တွဲသုံးတဲ့အခါမှာ ရှိ / ရောက် ဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ်
(ရှိ/ရောက် လည်းစကားပြောရင်ပျောက်နေတတ်ပါတယ်)
အဲဒီအတွဲမျိုးကို မြင်တိုင်းမှာ be ကို main verb အဖြစ်ယူဆပါ

# (be) + noun ဆိုရင် mian verb
# (be) + place / prepositional phrase ဆိုရင် main verb
သဘောပေါက်ပြီဆိုရင် လေ့ကျင့်ခန်းဖြေကြည့်ပါ
Exercises
1. ကျွန်တော်က ဆရာ၀န်ပါ
2. သူက ကျွန်တော့အဒေါ်လေ
3. အဲဒါ marker pen
4. သူတို့က ကျောင်းသားတွေ
5. အဲဒါ air-con remote controller

No comments:

Post a Comment