Tuesday, October 15, 2019

24.(2)

Making Sentences (Ex.1)

1. Main verb
2. Adj/Verb
Adj => (be) + adj
3. Subj
4. Choose a tense
5. Follow the sentence order (S.V.O.P.T) (M.R.P)

Examples
(သူက စျေးထဲမှာ ငါးရောင်းတာ)

ပုံသေနည်းအရ main verb ကိုအရင်စဉ်းစားပါ.. အခုဝါကျမှာ main verb က ရောင်း >> sell

ပြီးရင် ဒုတိယအချက်ဖြစ်တဲ့ adj / verb ခွဲပါ.. sell က verb ပါ (ခွဲနည်းမရှိပါ.. ကျက်မှတ်ထားရမယ့်အရာပါ.. မသိရင် dictionary သုံးပါ) အဲဒီတော့ (be) + adj ကိစ္စ စဉ်းစားစရာမလိုတော့ပါဘူး
တတိယအချက်က subj ကိုရှာရပါမယ်.. (S.O.P.T) (M.R.P) တွေကိုဘယ်လိုရှာရမယ်ပြောပြီးသားပါ.. အခုဝါကျရဲ့ subj က (သူ) >> He / She

နောက်တစ်ချက်က tense ရွေးရပါမယ်.. အဆုံးသတ်စကားလုံးကိုကြည့်တာနဲ့ ဘာ tense လဲဆိုတာသိနိုင်ပါတယ်.. အခုဝါကျမှာ ဆုံးနေတာက (-တာ) .. (-တယ် / -တာ) ဆိုရင် simple present / past နှစ်မျိုးလုံးမှာတွေ့နိုင်ပါတယ်.. အဲဒီတော့ အဓိပ္ပာယ်ကိုစဉ်းစားရပါမယ်.. အခုဝါကျရဲ့ဆိုလိုချင်တဲ့သဘောက အတိတ်မဖြစ်နိုင်ပါဘူး အဲဒီတော့ simple present ကိုပဲရွေးရပါတော့မယ်..

tense ရွေးလိုက်လို့ ကာလက (present) ပါနေရင် အဲဒီဝါကျတွေမှာ subj ကိုသတိထားပြီးကြည့်ရပါမယ်.. He/She/It ထဲကတစ်ခုခုဖြစ်နေရင် သူနဲ့ကပ်လျှက်ရှိနေတဲ့ verb မှန်သမျှကို (-s form) ပြောင်းပေးရပါမယ်.. (-s form ဆိုတာ အဲဒီ verb မှာ -s နဲ့အဆုံးသတ်ပေးရမယ်လို့ပြောတာပါ).. အခုဝါကျရဲ့ time က present ဖြစ်နေပါတယ် ပြီးတော့ subj ကလည်း He/She ဖြစ်နေပါတယ် အဲဒါကြောင့် verb က -s နဲ့အဆုံးသတ်နေရပါမယ်..

ကျန်တာက sentence order အတိုင်းပဲ အစဉ်လိုက်စဉ်းစားသွားပါ

She sells fish in the market. (S.V.O.P)
=========================================
(မင်းအစ်ကိုက ခင်ဖို့ကောင်းတယ်)

main verb (ခင်ဖို့ကောင်း) >> friendly (adj) .. main verb က adj ဖြစ်နေတော့ (be) ပါမှရတော့မှာပေါ့
subj (မင်းအစ်ကို >> he)
tense (-တယ် >> simple present)

Your brother is friendly.
============================================

Exercises
Translate in English

(1) ငါမင်းကို စောင့်ကြည့်နေမယ်    ( watch : စောင့်ကြည့် )

(2) သူက နိုင်ငံရေးကို တော်တော်လေး စိတ်၀င်စားတယ်

(3) Mary မင်းစာကိုဖြဲလိုက်ပြီ    ( tear : ဆုတ်ဖြဲ )

(4) ဒီလူ တော်တော် ရယ်ရတယ်     (funny . adj: ရယ်ရ/ ရယ်စရာကောင်း)

(5) ငါတို့ အခု မင်းသူငယ်ချင်းကိုစောင့်နေတာ

(6) မင်းအစ်ကိုအိပ်နေတာ (3) နာရီလောက်ရှိနေပြီ

(7) သူ မနှစ်က ငါ့ကို မွေးနေ့လက်ဆောင် ပေးတယ်

(8) မနက်ဖြန်မနက်ကျရင် ငါ မင်းကို လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်

(9) သူငါ့နာမည်သိပါတယ်

(10) ငါ မင်း post ကို share ထားတယ်

(11) အဲဒီလူတွေ မနေ့က မင်းကိုရှာနေကြတာ    ( look for : ရှာ )

(12) သူငါ့ကို မင်းအကြောင်းပြောဖူးတယ်

(13) ငါမင်းအတွက် T-shirt တစ်ထယ် ၀ယ်ထားတယ်

(14) သူ ငါ့ကို ထားသွားပြီ    ( leave : ချန်ခဲ့ / ထားခဲ့ )

(15) ငါ အခု ထမင်းစားနေတာ

(16) သူ မင်းအတွက် စျေးထဲကနေ ထီးတစ်ချောင်း ၀ယ်လာတယ်

(17) Grace နဲ့ ငါနဲ့ မနက်ဖြန်ကျရင် မင်းဆီကိုလာမယ်

No comments:

Post a Comment