Time Clauses
(အချိန်ကိုဖော်ပြတဲ့စကားစု)
phrase : စကားစု (verb မပါ)
clause : စကားစု (verb ပါ)
Time clause ဆိုတာ အချိန်ကို နာရီ နေ့ရက်တွေနဲ့မပြောပဲ အဖြစ်အပျက်လေးတစ်ခုနဲ့ပြောပြတာဖြစ်ပါတယ်.. သူက clause ဖြစ်တဲ့အတွက် subj / verb တွေပါလာမှာပါ.. ဒါပေမယ့် ဝါကျတစ်ခုမှာ သူတာ၀န်ယူရတဲ့အပိုင်းလေးကတော့ Time တစ်ခုစာပါပဲ.. သူ့ကို ဝါကျတစ်ခုရဲ့ ရှေ့မှာရော နောက်မှာပါထားလို့ရပါတယ်
after / as soon as / before / until / when / while + subj . verb
after : ပြီးနောက် / ပြီးရင်
Are you going home after you graduate?
ကျောင်းပြီးရင် အိမ်ပြန်မှာလား
as soon as : တစ်ခုခုဖြစ်ပြီးပြီးချင်း
(ရောက်ရောက်ချင်း / သိသိချင်း …..)
She jumped with joy as soon as she heard she (had) passed the interview.
Interview အောင်တယ်ဆိုတာကြားကြားချင်း သူပျော်ပြီးထခုန်တာ
before : မ….ခင် (မသွားခင် / မစားခင် …..)
Have your lunch before you go out.
အပြင်မသွားခင် ထမင်းစားသွားဦး
until : အထိ
We / need to wait / until he comes back.
သူပြန်လာတဲ့အထိ ငါတို့စောင့်ဖို့လိုတယ်
Keep frying until it gets brown.
ညိုသွားတဲ့အထိဆက်ကြော်
when : အချိန်မှာ / အခါမှာ / တော့ / ရင်
ဒီတစ်ခုက လွယ်မလိုလိုနဲ့ခက်ပါတယ်..
ဘယ်နေရာမှာ ခက်တာလဲဆိုရင် နောက်ဆုံးကပေးထားတဲ့ -ရင် (-လျှင်) ဆိုတဲ့နေရာမှာပါ.. အဲဒါကို (if) နဲ့မှားတတ်ပါတယ်..
လူတစ်ယောက်နဲ့ချိန်းထားတဲ့အချိန်မှာ မေးချင်တာက
မင်း သူနဲ့တွေ့ရင် ဘာပြောမှာလဲ ဆိုရင် အဲဒါက if မဟုတ်ပါဘူး when ပဲဖြစ်ရပါမယ်..
What are you gonna say when you see him?
(if) က ချိန်းထား ရည်ရွယ်ထားတာမျိုးမဟုတ်ပဲ တွေ့ခဲ့မယ်ဆိုရင် ဆိုတဲ့အဓိပ္ပာယ်ပါ
What are you gonna do if you see him?
She / will be ready / when we arrive.
ငါတို့ရောက်တဲ့အချိန်ဆိုရင် သူအဆင်သင့်ဖြစ်နေလောက်ပြီ
I will tell him when I see him.
ငါသူ့ကိုတွေ့ရင်ပြောလိုက်ပါမယ်
Call on me at my office when you have time.
အချိန်ရရင် ငါ့ရုံးကို ၀င်ခဲ့ပါဦး
while : -နေတုန်း / -နေရင်းနဲ့
The teacher came in while we were talking.
ငါတို့တွေ စကားပြောနေတုန်း ဆရာမ ၀င်လာတာ
Time clause တွေကို ဝါကျရဲ့ရှေ့မှာထားတဲ့အခါ comma လိုပါမယ်.. time clause တွေတင်မဟုတ်ပါဘူး အခြား incomplete clause တွေအားလုံးကိုလည်း ဝါကျရဲ့ရှေ့မှာထားရင် comma လိုပါမယ်
Time clause နဲ့ပက်သက်လို့ကြီးကြီးမားမားတစ်ခုမှတ်ဖို့ကျန်ပါသေးတယ် ..
Time Clause တွေမှာ အနာဂတ်စကားလုံးဖြစ်တဲ့ will ကိုထည့်လို့မရပါဘူး
No comments:
Post a Comment