Tuesday, October 15, 2019

9.Four Basic Phrases (1) (အခြေခံစကားစု)

ဒီတစ်ခါ ဝါကျတွေတည်ဆောက်ဖို့အတွက် အရမ်းအရေးပါတဲ့ အခြေခံစကားစုတွေကို လေ့လာရပါမယ်.. အလွယ်လေးနဲ့အရင်စလိုက်ရအောင်ဗျ..

Four Basic Phrases (1)
(အခြေခံစကားစု)

Phrase (စကားစု) subj verb မပါ
Clause (စကားစု) subj verb ပါ

မသိမဖြစ်အခြေခံစကားစု အားလုံး (4) ခုရှိပါတယ်..

1. Modified Noun (အဓိပ္ပာယ်အင်အားထပ်ဖြည့်ထားတဲ့ noun)
2. Possessive Case (-ရဲ့ ပါတဲ့ စကားစု)
3. Place
4. Time

# Modified Noun (-တဲ့ ပါတဲ့စကားစု)
သူ့ရဲ့ပုံသေနည်းက..

1. adj + noun
clear water

2. noun + noun
book store
နံပါတ် (2) ပုံသေနည်းက လောလောဆယ်မှာ လေ့ကျင့်ခန်းထဲမပါပါဘူး..

modified noun ဆိုတာ ဗမာစကားမှာ -တဲ့ ပါတဲ့စကားစုကိုပြောတာပါ.. သူ့ကို အင်္ဂလိပ်လိုပြောင်းချင်ရင် အမြဲတမ်း adj ကရှေ့က noun ကနောက်က ထားပြီးသုံးရပါတယ်..

ဒါလေးဖြေကြည့်ပါ..

Modified noun
1. ကားအဟောင်း
2. ပုံပြင်သစ်
3. သစ်ရွက်စိမ်း
4. လူပိန်
5. အရောင်တောက်တောက်
6. ထူးထူးဆန်းဆန်း အပြုအမူ
(manner, behaviour, behavior : အပြုအမူ)
7. အခန်းလွတ်
(empty . adj : လွတ်)
8. လူပျင်း
9. ဆံပင်အရှည်
10. ရိုးသားတဲ့ကောင်မလေး

No comments:

Post a Comment