Tuesday, October 15, 2019

23.

Making Sentences

အင်္ဂလိပ်လိုဝါကျဖွဲ့တဲ့အခါမှာ အခုပေးမယ့်အချက်တွေအတိုင်းတစ်ဆင့်ချင်းစဉ်းစားသွားရင် ဘယ်လောက်ရှည်တဲ့ဝါကျမျိုးပဲဖြစ်ဖြစ် အဆင်ပြေပြေဖြေရှင်းနိုင်ပါလိမ့်မယ်.. လောလောဆယ်မှာတော့ ပုံသေနည်းကိုအရင်ရအောင်လုပ်ရပါမယ်..

1. Main verb
2. Adj/Verb
    Adj => (be) + adj
3. Subj
4. Choose a tense
5. Follow the sentence order (S.V.O.P.T) (M.R.P)

အင်္ဂလိပ်လိုဝါကျမဖွဲ့ခင် ကိုယ့်ခေါင်းထဲမှာအရင်ပေါ်လာမှာက ဗမာလိုပါ.. အဲဒါကိုပဲဘယ်ဟာကဘာလဲဆိုတာခွဲနိုင်ဖို့အရင်ဆုံးလေ့ကျင့်ရမှာပါ.. ဝါကျတစ်ခုဖွဲ့ဖို့အတွက် ဘယ်ကနေဘယ်လိုစရမှန်းမသိဘူးဆိုတဲ့သူတွေလည်း ဒီအချက်ငါးချက်အတိုင်းအစဉ်လိုက်စဉ်းစားသွားရင် မှန်ကန်တဲ့ဝါကျတစ်ကြောင်းရလာမှာပါ..

1. ပထမဆုံးစဉ်းစားရမှာက ကိုယ့်ဝါကျရဲ့ main verb ကိုပါ (ဗမာစကားရဲ့ main verb က အမြဲတမ်းနောက်ဆုံးမှာပဲရှိပါတယ်)

2. အဲဒီ main verb က အင်္ဂလိပ်မှာ adj လား verb လားခွဲရပါမယ် (ခွဲနည်းမရှိပါဘူး ကျက်မှရမှာပါ)
တစ်ကယ်လို့သူက adj ဖြစ်နေရင် သူ့ရဲ့ရှေ့မှာ (be) ကိုမရှိမဖြစ်ထည့်ပေးရပါမယ်

3. ကိုယ့်ဝါကျရဲ့ subj ကိုရှာပါ

4. tense 12 ခုထဲက ဘယ် tense နဲ့သုံးရမယ်ဆိုတာအတိအကျရွေးပါ

5. s.v.o.p.t / m.r.p အစဉ်လိုက်ထားပြီးစဉ်းစားပါ

===================================
S.V.O.P.T က အစဉ်လိုက်ရှိပေမယ့် M.R.P ကတော့ နေရာအတည်တကျမရှိပါဘူး.. လေ့ကျင့်ရင်းနဲ့ပဲ နည်းနည်းချင်းစီ လေ့လာမှတ်သားသွားရပါမယ်..

======================================
အခုပေးထားတဲ့အချက်ငါးချက်ကို အပေါ်မှာပေးထားသလို အတိုကောက်ပဲ (3) ခေါက်ပြည့်အောင်ရေးပေးပါ..

No comments:

Post a Comment