Basic Phrases (2)
ဒီတစ်ခေါက်ကတော့ possessive case ကိုကျော်ပြီးတော့ place နဲ့ time နဲ့ကိုလေ့လာကြည့်ပါမယ်.. ဖတ်ပြီးတဲ့အခါမှာ လေ့ကျင့်ခန်းတွေမလုပ်ခင်.. place, time ရဲ့ ပုံသေနည်းတွေကို (3) ခေါက်ပြည့်အောင်ရေးပေးဖို့လိုပါတယ်.. ( best result လိုချင်ရင် မပျင်းကြပါနဲ့ လို့တိုက်တွန်းပါတယ် ) ပုံသေနည်းတွေကို အခေါက်ရေပြည့်အောင်ရေးပေးပြီးတော့မှ ပေးထားတဲ့လေ့ကျင့်ခန်းတွေကိုဖြေပေးပါ..
# Place
# preposition + noun
in the glass
to work
behind the wall
==========================
# Time
1. preposition + noun
2. every ........
3. adverbs (yesterday, today, tomorrow)
place မှာလည်း prep + noun
time မှာလည်း prep + noun
place မှာသုံးတဲ့ preposition က ဘာမဆိုဖြစ်နိုင်ပေမယ့်
time မှာသုံးတဲ့ preposition ကတော့ (3) ခုပဲရှိပါတယ်
အစဉ်လိုက်မှတ်ပါ..
at
on
in
တွဲရတဲ့အချိန်စကားလုံးတွေက နည်းရာက များသွားတယ်လို့မှတ်ပါ.. အနည်းဆုံးက နာရီကစမယ်.. ပြီးရင် နေ့/ရက်.. ပြီးရင် လတွေ နှစ်တွေ ရာသီတွေ..
at + time on the clock
(at 7 o' clock)
on + day / date
(on Monday)
in + week /month/ year/ season
(in December, in 1988, in winter)
လေ့ကျင့်ခန်းတွေဖြေကြည့်ပါ
Place & Time
1. မြောင်းထဲမှာ (ditch . n : မြောင်း)
2. စားပွဲအောက်မှာ
3. အင်္ဂါနေ့မှာ
4. အံဆွဲထဲမှာ (drawer . n : အံဆွဲ)
5. 9 နာရီမှာ
6. အိမ်ထဲကို
7. နွေရာသီမှာ
8. 1983 ခုနှစ်မှာ
9. စနေနေ့တိုင်း
10. ကြမ်းပြင်ပေါ်မှာ
11. အလုပ်ကို
ဒါဖြေပြီးရင် နားလို့ရပါပြီဗျား.. အားလုံပဲ Goodnight ပါ..
No comments:
Post a Comment